Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီခန့်အုပ်ကြီးနှင့် ပျူ ရှင်းလင်းခံရပြီးနောက် ဒေသခံရွာသူရွာသား၂၀ကျော်ကိုစစ်​ကောင်စီတပ်ကဖမ်းဆီး

ဖမ်းဆီးခံရသူများတွင် အရှင်းခံရသည့် ကျောက်ပြုတ်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ်၏ ဘေးအိမ်မှ မိသားစုဝင်၃ဦး အပါအဝင်ဖြစ်ပြီး အမျိုးသမီးအများအပြားဖမ်းဆီးခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

(မြင်းခြံ PDF ကပစ်ခတ်ရှင်းလင်းခဲ့​သောပျူ​​​စောထီးထံမှသိမ်းဆည်းရမိ​သော လက်ပစ်ဗုံး၊​လေးခွနှင့်ဓါး။ ။ဓါတ်ပုံ-မြင်းခြံPDF)
(မြင်းခြံ PDF ကပစ်ခတ်ရှင်းလင်းခဲ့​သောပျူ​​​စောထီးထံမှသိမ်းဆည်းရမိ​သော လက်ပစ်ဗုံး၊​လေးခွနှင့်ဓါး။ ။ဓါတ်ပုံ-မြင်းခြံPDF)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတစ်ဦး ရှင်းလင်းခံရ၍ ထိုနှစ်ဦးနေထိုင်ရာ ရွာနှစ်ရွာမှ ပြည်သူ ၂၀ ကျော်ကိုစစ်​ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(သြဂုတ်လ၄ရက်) ည၁၂နာရီခန့်က လယ်သစ်ရွာနှင့် ကျောက်ပြုတ်ရွာမှ ရွာသူ၊ရွာသားအနည်းဆုံး ၂၁ဦးကို အကြမ်းဖက်စစ်တပ်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လယ်သစ်ရွာမှ အနည်းဆုံး၉ဦး၊ကျောက်ပြုတ်မှအနည်းဆုံး၁၂ဦး ဖမ်းဆီးခံရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြသည်။

ဖမ်းဆီးခံရသူများတွင် အရှင်းခံရသည့် ကျောက်ပြုတ်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ်၏ ဘေးအိမ်မှ မိသားစုဝင်၃ဦး အပါအဝင်ဖြစ်ပြီး အမျိုးသမီးအများအပြားဖမ်းဆီးခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

ကျောက်ပြုတ်ရွာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးမောင်မြင့်နှင့် လယ်သစ်ရွာသားလက်နက်ကိုင်ပျူစောထီးမောင်နိုင်ဆိုသူတို့သည် သြဂုတ် ၃ရက်ည၇နာရီခန့်က မြင်းခြံမြို့နယ်ကျောက်ပြုတ်ရွာနှင့် လယ်သစ်ရွာကြား၌ မြင်းခြံ PDF အဖွဲ့ဝင်များက သေနတ်ဖြင့်ရင်ဘက်လေးချက်စီပစ်ခတ်ရှင်းလင်းခဲ့သည်။

ရှင်းလင်းသုတ်သင်ရာတွင် ဗုံးသီးတစ်လုံး၊ ဓားဆူးတစ်ချောင်း၊ လေးခွတစ်လတ် သိမ်းဆည်းရမိခဲ့ကြောင်း မြင်းခြံ PDFက အသိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိတွေ့တိုက်ပွဲများ ဆက်ရှိနိုင်၍ ပြည်သူများအနေဖြင့် ကျောက်ထု - ထီးလင်းလမ်းပိုင်းအား လုံးဝ(လုံးဝ)အသုံးမပြုကြပါရန် ကျောက်ထု PDFက သတိပေးမေတ္တာရပ်ခံခဲ့သည်။

သတင်း

မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို ယမန်နေ့သြဂုတ်လ၄ရက်နေ့ကအကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ရဟန်းသံဃာအယောင်ဆောင်များဖြင့် ဝင်၍ ပြည်သူ ၂၇ ဦးခန့် ဖမ်းဆီးထားကြောင်း မြိုင်ပ.က.ဖက အသိပေးထားသည်။

သတင်း

ဒီလိုစစ်ကောင်စီတပ်က ကျူးကျော်လာတာကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ကော်ဘရာစစ်သည်တော်တွေနဲ့ တစ်နေ့တာလုံး ရင်ဆိုင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သားတစ်ဦးသေဆုံးကာ လေးဦးထက်မနည်း အများအပြားပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းကဆိုထားပါတယ်။

သတင်း

အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေးဆုံးအခြေအနေအား မသိရသေးသော်လည်း တော်လှန်ရေးရဲဘော်များ ဘေးကင်းလုံခြုံသည့်နေရာသို့ ရောက်ရှိပြီဖြစ်ကြောင်း အသိပေးသည်။