Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ကွပ်မျက်မှု ရန်စခြင်းဖြစ်ပြီး ထပ်တိုးအရေးယူဖိအားပေးရန် နိုင်ငံတကာကို အီးယူအကြီးအကဲတိုက်တွန်း

အထက်ပါ အီးယူအကြီးအကဲက နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်ကောင်စီအပေါ် စီးပွားရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံ ပိုမိုဖိအားပေးမှု ဆက်လက်လုပ်ဆောင်ရမည်ဟု တိုက်တွန်းသည်။

ဓာတ်ပုံ - Josep Borrell Fontelles/Twitter
ဓာတ်ပုံ - Josep Borrell Fontelles/Twitter

ဒီမိုကရေစီတက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခြင်းသည် စစ်ကောင်စီ၏ ရန်စမှုဖြစ်ပြီး အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝန်းက ပိုမိုဖိအားပေးအရေးယူရန် ဥရောပသမဂ္ဂအကြီးအကဲ Josep Borrel က ပြောသည်။

ကမ္ဘောဒီးယား၌ ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး သို့ တက်ရောက် အပြီးတွင် မြန်မာ့အကျပ်အတည်းနှင့်ပတ်သက်၍ ခိုင်မာရဲရင့် သောလုပ်ဆောင်မှုများဖြင့် ဖြေရှင်း ဆောင်ရွက်ရန် အထက်ပါအီးယူအကြီးအကဲ က တိုက်တွန်းသည်။

မြန်မာ့ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့လေးဦး ကို စစ်ကောင်စီက ဥပဒေမဲ့သတ်ဖြတ်မှုအပေါ် “ဒါက ရှင်းရှင်းလင်းလင်းရန်စလိုက်တာပါပဲ”ဟု Josep Borrel က ဆိုသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကလည်း စစ်ကောင်စီ၏ ဘုံဆုံးဖြတ်ချက် ၅ ရပ်မလိုက်နာမှုနှင့် သေဒဏ်ကွပ်မျက်မှုများအပေါ် ‘လွန်စွာစိတ်ပျက်ကြောင်း’ ပြင်းထန်စွာ ပူးတွဲထုတ်ပြန်ခဲ့သည်။

အထက်ပါ အီးယူအကြီးအကဲက နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်ကောင်စီအပေါ် စီးပွားရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံ ပိုမိုဖိအားပေးမှု ဆက်လက်လုပ်ဆောင်ရမည်ဟု တိုက်တွန်းသည်။

“ကျွန်တော်တို့ ဖိအားဆက်ပေးနေရပါမယ်။ စစ်ကောင်စီအနေနဲ့ အတိုက်အခံနိုင်ငံရေးအင်အားစု တွေနဲ့ ညှိနှိုင်းဖို့ စားပွဲဝိုင်းထိုင်ရေး ကြိုးပမ်းနေ တဲ့ အာဆီယံအထူးကိုယ်စားလှယ်ကိုလည်း အား ပေးထောက်ခံပါတယ်”ဟု Borrell က ပြောသည်။

အာဆီယံသည် ယခုကျင်းပပြီးစီးသော အစည်းအဝေးတွင်လည်း အကြမ်းဖက်စစ်ကောင်စီကို တက်ရောက်ခွင့်မပေးဘဲ ဖယ်ချန်ထားသည်။

ကိုးကား – laprensalatina

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အလောင်းများကို လှည်းဖြင့်သယ်သွားခဲ့ပြီး၎င်းတိုက်ပွဲကိုKPK၊ TSR၊Taze Tiger၊ တပ်ရင်း ၆၊၈၊၁၀၊၁၆၊ ပကဖ၊ ပလဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည် ပ.က.ဖ အဖွဲ့က ပြောသည်။

သတင်း

CDM ပြုလုပ်ခဲ့သော ခမရ (၂) မှ စစ်သည် လေးဦးမှာ စစ်မှုထမ်းသက် နှစ် ၃၀ရှိသည့် တပ်ကြပ်ကြီး ဇော်မင်းဦး၊ တပ်သားဟိန်းစိုး ၊ တပ်သားစိုးဝင်းနှင့် တပ်သား ဇော်ဇော်တို့ ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ရှောင်များရောက်ရှိနေသည့် ကျေးရွာများကလည်း ချက်ပြုတ်ကျွေးမွေး ထမင်းထုပ်ပို့ကာ ကူညီနေကြကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

သတင်း

ဩဂုတ် ၅ရက်က ဟားခါး - ထန်တလန်ကြား သီမစ်ချောင်းအနီးတဝိုက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဟားခါး - ဂန့်ဂေါလမ်းတွင်လည်းတိုက်ပွဲဖြစ်ခဲ့ကြောင်း The Chin Journal က ဖော်ပြထားသည်။