Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ်က ကိုင်းကံရွာအား မီးရှို့ဖျက်ဆီးနေ၊ ‌ဒေသခံ ပြည်သူသုံးဦးအား သတ်ဖြတ်ထား

စစ်ရှောင်များရောက်ရှိနေသည့် ကျေးရွာများကလည်း ချက်ပြုတ်ကျွေးမွေး ထမင်းထုပ်ပို့ကာ ကူညီနေကြကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

(အရာ​တော်မြို့နယ် မင်းရွာအားယ​နေ့(သြဂုတ် ၆)နံနက် မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့)
(အရာ​တော်မြို့နယ် မင်းရွာအားယ​နေ့(သြဂုတ် ၆)နံနက် မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းသို့ အကြမ်းဖက်စစ်ကောင်စီတပ် တကျော့ပြန် ပြန်ဝင်လာပြီး ရဟတ်ယာဥ်ဖြင့်ပါပစ်ခတ်ကာ ရွာတစ်ရွာအား မီးရှို့ဖျက်ဆီးနေပြီး ဒေသခံသုံးဦးထက်မနည်း သတ်ဖြတ်ခံထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်နေ့(သြဂုတ် ၅ရက်)က အင်ပင်ယဒင် ကျေးရွာကို ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ပြီး စစ်ကောင်စီတပ်သားများချခဲ့သည်။

ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် အင်ပင်ကျေးရွာရှိ အမျိုးသမီးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွား ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ကိုင်းကံရွာအနီး လယ်လုပ်နေသည့် လယ်သမား ၂၀ကျော်ကို ဖမ်းဆီးသွားပြီး နှစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

“အဲဒီထဲက နှစ်ယောက်ကတော့ အသတ်ခံရပြီး မူးထဲကို မျောလိုက်တယ်။ သတင်းအတိ အကျရပါတယ်။ ကျန်တဲ့သူတွေကတော့ ဘယ်အခြေအနေရှိလဲ တော့ မသိသေးပါဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ (သြဂုတ်၆ရက်) နံနက်ပိုင်းတွင်မူ အကြမ်းဖက်စစ်တပ်သည် အင်ပင်ယဒင်ကျေးရွာ အနီးရှိ ကိုင်းကံရွာကို အဖွဲ့ခွဲပြီး မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။

မီးရှို့ဖျက်ဆီးခံနေရသည့် ကိုင်းကံကျေးရွာ၏ ထိခိုက်ဆုံးရှုံးမှု အခြေအနေမသိရ သေးဘဲ ဒီပဲယင်းနယ်အတွင်းရှိ လျှော်ဖြူ၊ မကျည်းအုပ်ကျေးရွာများဘက်သို့ ဦးတည်နေ၍ ၎င်းကျေးရွာများ က ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

စစ်ရှောင်များရောက်ရှိနေသည့် ကျေးရွာများကလည်း ချက်ပြုတ်ကျွေးမွေး ထမင်းထုပ်ပို့ကာ ကူညီနေကြကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အလောင်းများကို လှည်းဖြင့်သယ်သွားခဲ့ပြီး၎င်းတိုက်ပွဲကိုKPK၊ TSR၊Taze Tiger၊ တပ်ရင်း ၆၊၈၊၁၀၊၁၆၊ ပကဖ၊ ပလဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည် ပ.က.ဖ အဖွဲ့က ပြောသည်။

သတင်း

CDM ပြုလုပ်ခဲ့သော ခမရ (၂) မှ စစ်သည် လေးဦးမှာ စစ်မှုထမ်းသက် နှစ် ၃၀ရှိသည့် တပ်ကြပ်ကြီး ဇော်မင်းဦး၊ တပ်သားဟိန်းစိုး ၊ တပ်သားစိုးဝင်းနှင့် တပ်သား ဇော်ဇော်တို့ ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

ဩဂုတ် ၅ရက်က ဟားခါး - ထန်တလန်ကြား သီမစ်ချောင်းအနီးတဝိုက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဟားခါး - ဂန့်ဂေါလမ်းတွင်လည်းတိုက်ပွဲဖြစ်ခဲ့ကြောင်း The Chin Journal က ဖော်ပြထားသည်။

သတင်း

အထက်ပါ အီးယူအကြီးအကဲက နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်ကောင်စီအပေါ် စီးပွားရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံ ပိုမိုဖိအားပေးမှု ဆက်လက်လုပ်ဆောင်ရမည်ဟု တိုက်တွန်းသည်။