Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အနာဂတ်ဖက်ဒရယ်နိုင်ငံတော်သစ်အတွက် CRPH နှင့် KPICTတို့ တွေ့ဆုံဆွေးနွေး

အစည်းအဝေးသို့ CRPH ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ KPICT မှ တာဝန်ရှိပုဂ္ဂိုလ်များရုံးအဖွဲ့များ တက်ရောက်ခဲ့သည်။

ဓာတ်ပုံ - CRPH
ဓာတ်ပုံ - CRPH

အနာဂတ်ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)နှင့် ကချင်နိုင်ငံရေး ဆိုင်ရာကြားကာလပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(KPICT)တို့ ဩဂုတ် ၄ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

အထက်ပါတွေ့ဆုံမှုတွင် CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး KPICT တာဝန်ရှိသူကလည်း တော်လှန်ရေးခရီးစဥ်တွင် ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့် အနာဂတ်ဖက်ဒရယ် နိုင်ငံတော် သစ် တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတကာ အခင်းအကျင်းတွင် ပိုမို အားကောင်းလာစေရန် လုပ်ဆောင်သင့်သည့်အချက်များရှင်းလင်းဆွေးနွေးခဲ့သည်ဟု CRPH က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ - CRPH
ဓာတ်ပုံ – CRPH

တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များကလည်း လိုအပ်သော လူသားချင်းစာနာထောက်ထားရေး အကူအညီများအပေါ် ကျေးဇူးတင်ကြောင်းနှင့် အနာဂတ်တွင်လည်း ပိုမိုပူးပေါင်းလုပ်ဆောင်နိုင်သည့် လုပ်ငန်းစဥ်များအပေါ် အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ CRPH ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ KPICT မှ တာဝန်ရှိပုဂ္ဂိုလ်များရုံးအဖွဲ့များ တက်ရောက်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့အပြင် အမေရိကန်အနေဖြင့် မြန်မာပြည်သူလူထုကို အကူအညီပေးနိုင်မည့် နည်းလမ်းများကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟုလည်း ဆိုသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကိုင်စွဲထားသည့် ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်ပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ အဓမ္မအာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံတကာက ရှုမြင်ထားသည်။

သတင်း

မန္တလေးနှင့် မုံရွာရှိ သပိတ်ဦးဆောင်သူအချို့ကချောင်းဦးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဖက်ဒရယ်လစ်ဇင်သင်တန်းများ ပို့ချခဲ့ရာမုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ တပ်ရင်းများ၊ ပ.က.ဖ အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

သတင်း

KIO/KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်အနေဖြင့်လည်း စစ်ကောင်စီ၏ သေဒဏ်ပြစ်ဒဏ်စီရင်မှု သတင်းသာ မှန်ကန်ပါက မိုက်မဲသည့်လုပ်ရပ်ဖြစ်ပြီး သက် ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်ဟု အသိပေးခဲ့သည်။