Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင် – ပခုက္ကူလမ်းအား သွားလာခြင်းလုံးဝမပြုလုပ်ရန် မြိုင်ပကဖ အရေးပေါ် သတိပေးချက်ထုတ်ပြန်

မည်သည့် အတွက်ကြောင့် ယခုကဲ့သို့ ထုတ်ပြန်သည်ကိုဖော်ပြမထားသော်လည်းမြိုင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေသည်။

မြိုင် - ပခုက္ကူလမ်း
မြိုင် - ပခုက္ကူလမ်း

ပြည်သူများ အနေဖြင့် မြိုင် – ပခုက္ကူလမ်းအား သွားလာခြင်း လုံး၀ မပြုလုပ်ရန်သတိပေး မေတ္တာရပ်ခံ ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ နေ့လည်ပိုင်း၌ အရေးပေါ်ထုတ်ပြန်သည်။

မည်သည့် အတွက်ကြောင့် ယခုကဲ့သို့ ထုတ်ပြန်သည်ကိုဖော်ပြမထားသော်လည်းမြိုင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေသည်။

ယမန်နေ့ ဩဂုတ် ၅ရက်က မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် စစ်ကောင်စီတပ်ကို မြိုင်ဂေါက်ကွင်းအနီးတွင်မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ စစ်ကောင်စီတပ်သည်မြိုင်မြို့နယ် ကျောက်ဆောက်ရွာအားမီးရှို့ပြီးပြန်အလာတွင်မိုင်းဆွဲခံရခြင်းဖြစ်ပြီးထိခိုက်သေဆုံးမှုအခြေအနေကိုမသိရသေးပေ။

စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် ဩဂုတ် ၄ရက်ကမြိုင်မြို့နယ် ကျောက်ဆောက်ရွာသို့ရဟန်းသံဃာအယောင်ဆောင်၍ဝင်ရောက်လာကာပြည်သူများကိုဖမ်းဆီးခဲ့ကြောင်းမြိုင်ပကဖ က ထုတ်ပြန်ထားသည်။

ထို့သို့သံဃာ​တော်များကိုအတုအယောင်ပြု၍လုပ်ဆောင်ခြင်းအားပြန်လည်တိုက်ခိုက်သွားမည်ဖြစ်၍ ရဟန်းသံဃာတော်များအနေဖြင့် မြိုင် – ပခုက္ကူလမ်းအား အသုံးမပြုစေလိုကြောင်း၊အဆိုပါ လမ်းကို ဖြတ်သန်းသွားလာမှုအား ရှောင်ကျဉ်ပေးပါရန်လျှောက်ထားကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အလားတူ ဝက်လက်မြို့နယ်ရှိ အမှတ် (၃)ခရိုင်ချင်းဆက်လမ်းအား ည၈နာရီမှ နံနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ရန်၊ အရေးပေါ်ကိစ္စမှလွဲ၍ လမ်းအသုံးပြုမှုရပ်ဆိုင်းထားရန် GZ Special Task Force - Wetlet အဖွဲ့က ထပ်မံသတိပေးသည်။

သတင်း

မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို ယမန်နေ့သြဂုတ်လ၄ရက်နေ့ကအကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ရဟန်းသံဃာအယောင်ဆောင်များဖြင့် ဝင်၍ ပြည်သူ ၂၇ ဦးခန့် ဖမ်းဆီးထားကြောင်း မြိုင်ပ.က.ဖက အသိပေးထားသည်။

သတင်း

ထို့ကြောင့် မြို့ပေါ်နေ ပြည်သူများမှ PDF များထံ တိကျသေချာသည့် သတင်းအချက်အလက်များပေးပြီး ကူညီပေးကြရန် PDF-Saw က တိုက်တွန်းသည်။

သတင်း

ခင်ဦးမြို့နယ် နှင့် ကန့်ဘလူမြို့နယ် နယ်စပ်ရှိ ကျေးရွာများ၌ ဇူလိုင်လ၁၈ရက်နေ့က ပြည်သူ ၄၀ကျော်သတ်ဖြတ်ခံရပြီး အိမ်ပေါင်း၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။