Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးတွင် PDF များကိုအား ဖက်ဒရယ်လစ်ဇင်သင်တန်းများပို့ချ​ပေး

မန္တလေးနှင့် မုံရွာရှိ သပိတ်ဦးဆောင်သူအချို့ကချောင်းဦးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဖက်ဒရယ်လစ်ဇင်သင်တန်းများ ပို့ချခဲ့ရာမုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ တပ်ရင်းများ၊ ပ.က.ဖ အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဓါတ်ပုံ-AMMA
ဓါတ်ပုံ-AMMA

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား မန္တ​လေးနှင့် မုံရွာသပိတ်ဦး​ဆောင်သူအချို့က ဖက်ဒရယ်လစ်ဇင်သင်တန်းများပို့ချနေသည်။

မန္တလေးနှင့် မုံရွာရှိ သပိတ်ဦးဆောင်သူအချို့ကချောင်းဦးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဖက်ဒရယ်လစ်ဇင်သင်တန်းများ ပို့ချခဲ့ရာမုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ တပ်ရင်းများ၊ ပ.က.ဖ အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

သင်တန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Code of Conduct နှင့် ဂျနီဗာကွန်းဗန်းရှင်းဆိုင်ရာ သဘောတူညီချက်များ၊ လူ့အခွင့်အရေးဆိုင်ရာ လိုက်နာစရာများကို သင်ကြား ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် Chains of Command နှင့် Code of Conduct များအကြောင်းကို သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်ပိုင်းများက ဝင်ရောက်ဆွေးနွေးခဲ့ကြပြီး သင်တန်းပို့ချသူများက မှန်ကန်သည့် သတင်းအချက်အလက်ရယူမှု၊ စုပေါင်းလုပ်ဆောင်တတ်မှုများနှင့် ပတ်သက်ပြီး ပို့ချဆွေးနွေးခဲ့ကြကြောင်း မန္တလေးက သပိတ်ဦးဆောင်သူ မအေးမြင့်အောင်အောင်က သူ​၏ လူမှုကွန်ရက်၌ ဖော်ပြထားသည်။

သင်တန်းနှင့်ပတ်သက်၍စီစဥ်သူမအေးမြင့်အောင်အောင်က”ရဲဘော်တွေ Game တွေပျော်ပျော်ပါးပါးဝင်ရောက်ကစားကြ၊ သင်တန်းမှာအပြန်အလှန်ဆွေးနွေးကြလာတာဟာ တော်လှန်ရေးအတွက် ကောင်းမွန်တဲ့အရွေ့တွေဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ဖက်ဒရယ်နိုင်ငံတော်သစ်ကိုသွားဖို့ ဖက်ဒရယ် ဘာလဲ ဘယ်လဲ သိထားဖို့ လိုပါတယ်။ တော်လှန်ရေးအင်အားစုတွေဖက်ဒရယ်ကိုသိလာဖို့ကျွန်​​တော်တို့အချင်းချင်းကူညီမျှဝေသွားကြဖို့ လိုအပ်ပါတယ်။”ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း စစ်ကိုင်းတိုင်းအတွင်းရှိ နယ်ဒေသတစ်ခုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဖက်ဒရယ်လစ်ဇင်သင်တန်းများပို့ချခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်က ရိုက်နှက်ပြီး စွန့်ပစ်ထားသည့် လူငယ်တစ်ဦးကို မုံရွာမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၂၉ရက်) နေ့လည်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သတင်း

“မိုင်းပေါက်ကွဲတဲ့အချိန်ကို အမိအရ ဓာတ်ပုံရိုက်ထားတာ၊ ဒါကမျိုးက အချိန်ကိုက်ရိုက်ရတာကို ဓာတ်ပုံရိုက်သူတိုင်းသိပါတယ်။ မိုင်းခွဲမယ်အချိန်နဲ့ ဓာတ်ပုံရိုက်ချိန် ချိန်သားကိုက်မှ ဒီလိုမျိုးပုံရတာ”ဟု ဝါရင့် ဓာတ်ပုံဆရာတစ်ဦး က မှတ်ချက်ပေးသည်။

သတင်း

ပူးပေါင်းတပ်ဖွဲ့သည်ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်သည့်အပြင် စစ်ကောင်စီ တပ်ဖွဲ့ နှစ်ဦးကို လည်းသုတ်သင်နိုင်ခဲ့ပြီး တစ်ဦးမှာထိခိုက်ဒဏ်ရာ ရရှိအောင်ပြုလုပ်နိုင်ခဲ့ကြောင်း မြေပြင်သတင်း အရ DMO-Local PDFက အတည်ပြုသည်။

သတင်း

မြေပြင်ရဲဘော်မှ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံး ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု Kawlin Revolution က ထုတ်ပြန်ထားသည်။