Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြစ်ကြီးနား အမှတ်(၃)ရဲစခန်းဂိတ်ကို ရဲဝတ်စုံဝတ်ဆင်ထားသူလေးဦးက ဝင်ရောက်တိုက်ခိုက်

“ဧရာဝတီမြစ်ဆုံဘက်သို့ သွားတဲ့လမ်းက ရဲစခန်းဂိတ် တိုက်ခိုက်ခံရတာ။ ရဲ​ွေးလေးကောင်သေတာ ကျိန်းသေတယ်”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

ဓါတ်ပုံ - CJ

▪️ရဲလေးဦးသေဆုံးဟု ဒေသခံပြော

မြစ်ကြီးနားမြို့မှ စစ်ကောင်စီ​၏ ဂိတ်စခန်းတစ်ခု ယနေ့(သြဂုတ် ၆ရက်) နံနက်ပိုင်းက တိုက်ခိုက်ခံရပြီး ရဲလေးဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

မြစ်ကြီးနားမြို့မှ ဧရာဝတီမြစ်ဆုံဘက်သို့ သွားသည့်လမ်းရှိ အမှတ်(၃)ရဲစခန်းဂိတ်ကို ရဲယူနီဖောင်းဝတ်ထားသူလေးဦးက နံနက် ၆ နာရီခန့်တွင် ရုတ်တရက် စီးနင်းတိုက်ခိုက်သွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

“ဧရာဝတီမြစ်ဆုံဘက်သို့ သွားတဲ့လမ်းက ရဲစခန်းဂိတ် တိုက်ခိုက်ခံရတာ။ ရဲ​ွေးလေးကောင်သေတာ ကျိန်းသေတယ်”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့မှ ဧရာဝတီမြစ်ဆုံဘက်သို့ သွားသည့်လမ်းအား စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ၍ ပိတ်ထားသည့်မှာ လအနည်းငယ်ကြာနေပြီဖြစ်သည်။ ညဖက်ဖြတ်သန်းခွင့်မပေးဘဲ နေ့စဉ် နံနက်၆နာရီမှသာ ဖြတ်သန်းခွင့်ပြုထားသည်။

” ဂိတ်ဖွင့်ဖွင့်ချင်း ဝင်တိုက်သွားတာ။ လေးယောက် သေတဲ့အပြင် ဒဏ်ရာရတဲ့ ရဲတွေလည်း ရှိတယ်” ဟု ယင်းဂိတ်အနီး နေထိုင်သူတစ်ဦးက ပြောသည်။

သို့သော် မည်သည့်အဖွဲ့က တိုက်ခိုက်သည်ကို မသိရသေးပေ။ ကချင်ပြည်နယ်တွင် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်ပြီး MRA အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People's Springက ထပ်မံအတည်ပြု နိုင်ခြင်းမရှိသေးပေ။

သတင်း

တိုက်ခိုက်မှုဖြစ်စဥ်အရ သြဂုတ် ၄ရက် နံနက် ၇နာရီခွဲခန့်က အင်မထီးကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် မင်းတိုင်ပင် ကျေးရွာသို့ ပြည်သူပိုင်အိုး အိမ်များမှ ရိက္ခာများလုယူရန် ထွက်လာခဲ့သည်ဟု ဆိုသည်။

သတင်း

ထိတွေ့တိုက်ပွဲများ ဆက်ရှိနိုင်၍ ပြည်သူများအနေဖြင့် ကျောက်ထု - ထီးလင်းလမ်းပိုင်းအား လုံးဝ(လုံးဝ)အသုံးမပြုကြပါရန် ကျောက်ထု PDFက သတိပေးမေတ္တာရပ်ခံခဲ့သည်။

သတင်း

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်ကျဆုံးမှု မရှိသော်လည်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာ၍ ဆုတ်ခွာခဲ့ရကြောင်း ဒေသတွင်းအဖွဲ့များက အသိပေးထားသည်။