Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်းမြို့နယ်ထဲမှာ စစ်တပ်က ၃ ရက်အတွင်းဒေသခံ ၃၀ ကျော်ကို ဖမ်းဆီး

အဆိုပါဖမ်းဆီးခံရသူတွေက သေနတ်ပစ်ခတ်သံတွေကြားလို့ ကြောက်လန့်တဲ့အတွက် ဖမ်းဆီးခံရတဲ့ကြားကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

မုန်းမြို့နယ်ထဲမှာ စစ်တပ်က ၃ ရက်အတွင်း ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီး
မုန်းမြို့နယ်ထဲမှာ စစ်တပ်က ၃ ရက်အတွင်း ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူခရိုင် မူး(မုန်း)မြို့နယ်ထဲမှာ ၃ ရက်အတွင်း ကလေးသုံးဦးအပါအဝင် ပြည်သူ(၃၃)ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ်(၆)ရက် မနက် ၈ နာရီ (၁၅)မိနစ်အချိန်က စစ်ကောင်စီတပ်ဟာ ကေအဲန်ယူ-မူးမြို့နယ်အတွင်းရှိ တပ်ကုန်းကျေးရွာနေ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး မနက်(၁၁)နာရီအချိန်ခန့်ကလည်း တပ်ကုန်းကျေးရွာနေ ကလေးသုံးဦးအပါအဝင် အရပ်သားခုနှစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ကာ ထွက်မပြေးဖို့နဲ့ ထွက်ပြေးမယ်ဆိုပါက ပစ်မယ်လို့ဆိုပြီး ကျေးရွာအတွင်းရှိ နေအိမ်တစ်အိမ်ထဲမှာ ဖမ်းဆီးထားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါဖမ်းဆီးခံရသူတွေက သေနတ်ပစ်ခတ်သံတွေကြားလို့ ကြောက်လန့်တဲ့အတွက် ဖမ်းဆီးခံရတဲ့ကြားကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဩဂုတ်လေးရက်နေ့က ကေအဲန်ယူ-မူးမြို့ယန်အတွင်းရှိ မီးတိုင်တောကျေးရွာ၊ ကျောင်းစုကျေးရွာနဲ့ မုန်းဒေသမှာနေထိုင်တဲ့ ဒေသခံပြည်သူစုစုပေါင်း(၂၅)ဦးဟာ စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းကိုခံရပြီး အဲ့ဒီထဲကဒေသခံတချို့ဟာ ကွမ်းနဲ့ကွမ်းသီးစတဲ့ ဥယျာဉ်ခြံထွက်သီးနှံတွေကို သွားရောက်ရောင်းချတဲ့သူတွေလည်းပါရှိကာ အဆိုပါသီးနှံခြံထွက်ရောင်းရငွေ ကျပ်သိန်း(၁၅၀)လည်း ပါသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဖမ်းဆီးခံရတဲ့ပြည်သူတွေကို စစ်ကောင်စီရဲ့ ခမရ(၅၉၀)တပ်ရင်းကို ပြန်လည်ခေါ်ဆောင်သွားပြီး ဒီကနေ့အချိန်ထိ ပြန်မလွတ်သေးဘူးလို့ ကေအဲန်ယူကပြောပါတယ်။

လက်ရှိအချိန်မှာ ဒေသခံပြည်သူတွေအနေနဲ့ တဖက်မှာရာသီဥတုဖောက်ပြန်မှုကြောင့် တချို့နေရာတွေမှာ မိုးမရတဲ့အတွက် စိုက်ပျိုးသီးနှံတွေပျက်စီးခဲ့ရပြီး တဖက်မှာလည်း မိမိတို့ရဲ့ဥယျာဉ်ထွက်သီးနှံတွေ သွားရောက်ရောင်းချရာမှာလည်း လမ်းမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးမေးမြန်းတာ၊ ဖမ်းဆီးတာစတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အရာတော်မြို့နယ် မင်းရွာကြီးအနီးတွင် သြဂုတ် ၄ရက်မှ သြဂုတ် ၆ရက်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၀ ဦးထိ သေဆုံးခဲ့သည်ဟုBurmese Revolutionary Technical Front- BRTFက သတင်းထုတ်ပြန်ထားသည်။

သတင်း

နားကပ်နှင့်နားဆွဲ စုစုပေါင်း(၈)စုံ၊လက်စွပ်(၄) ကွင်း ၊ ကလစ်(၄)ခုနှင့် ကျပ်စုစုပေါင်း ၁,၂၃၀,၀၀၀ကျပ်( တစ်ဆယ့်နှစ်သိန်းသုံးသောင်းကျပ်တိတိ)ကို ကူညီ ထောက်ပံ့ခဲ့ကြကြောင်း မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ BEGSC က ဖော်ပြခဲ့သည်။

သတင်း

ထို့အပြင် မြန်မာစစ်တပ်သည် နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးလုပ်ငန်းစဉ်များတွင် မည်သည့်အခါကမျှ မိတ်ဖက်ကောင်းမဖြစ်ခဲ့ကြောင်း သမိုင်းတွင်တွေ့နိုင်ကြောင်း မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂသို့ပြောသည်။

သတင်း

စစ်ရှောင်များရောက်ရှိနေသည့် ကျေးရွာများကလည်း ချက်ပြုတ်ကျွေးမွေး ထမင်းထုပ်ပို့ကာ ကူညီနေကြကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။