Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီနယ် ဇိုတုန်ဒေသသို့ စစ်ကောင်စီတပ်ရောက်လာ၍ ရွာ ၁၁ရွာမှဒေသခံ ၂,၅၀၀ခန့် ထွက်ပြေးတိမ်းရှောင်နေရ

မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်း၊ သွားရေးလာရေး၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်အကူအညီ လိုအပ်လျက်‌ရှိ‌ကြောင်းလည်း CDF-ဇိုတုန်က အသိပေထားသည်။

စစ်ဘေးရှောင်ဒေသခံများအားတွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal
စစ်ဘေးရှောင်ဒေသခံများအားတွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal

ချင်းပြည်နယ်၊ မတူပီမြို့နယ် ဇိုတုန်ဒေသသို့ စစ်ကောင်စီတပ်များဝင်ရောက် လာ၍ဒေသခံ ၂,၅၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း The Chin Journalက ဖော်ပြသည်။

ယမန်(နေ့ဩဂုတ် ၆ရက်) ဇိုတုန်ဒေသ နားဘုန်းကျေးရွာသို့ အင်အား ၈၀ခန့်ရှိ စစ်ကောင်စီတပ် ဝင်ရောက်လာရာ အနီးအနားရှိ ကျေးရွာ ၁၁ရွာမှ ‌‌‌‌ပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေး နေကြရကြောင်း ချင်းကာကွယ်ရေးတပ်(CDF) -ဇိုတုန်က ထုတ်ပြန်ထားသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကြောင်းသည် ဂန့်ဂေါမှမတူပီနယ် သို့ဝင်ရောက်ပြီး ဩဂုတ် ၆ရက်တွင် တိုက်ပွဲမရှိဘဲ လက်နက်ကြီးလက်နက်ငယ်များ ပစ်ခက်၍ နားဘုန်းကျေးရွာသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်း၊ သွားရေးလာရေး၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်အကူအညီ လိုအပ်လျက်‌ရှိ‌ကြောင်းလည်း CDF-ဇိုတုန်က အသိပေထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ထိုလယ်ကွင်းအထက်တွင် မြန်မာ့စစ်တပ် နှင့် ပြည်သူ့စစ်အဖွဲ့တို့ နှစ်ချီ တပ်စခန်းချနေကြခဲ့ပေမယ့် မူးယစ်ဆေးဝါးသုံးစွဲသူ၊ ရောင်းဝယ်သူတွေကို မဖမ်းဆီးတဲ့အပြင် သုံးစွဲသူတွေကို မူးယစ်ဆေးဝါး ရောင်းချပေးနေတာ ရှိကြောင်း မြို့ခံတစ်ဦးထံ သိရသည်”ဟု TNLAက ထုတ်ပြန် သည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဦး ထိခိုက်ဒဏ်ရာရသည်ဟု အတည်ပြုနိုင်ပြီး ကော်ဘရာ စစ်သည်များ ထိခိုက်မှုမရှိကြောင်း အသိပေးထားသည်။

သတင်း

လက်ရှိတွင် ရန်ကုန်တိုင်းတပ်မဟာအား ရန်ကုန်အခြေ စိုက် မြို့ပြပြောက်ကျားတော်လှန်ရေးအင်အားစု (၁၆)ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး NUG သည် ၎င်းတို့၏ တော်လှန် ရေးတပ်ဦးအဖြစ် ခံယူထားကြောင်း တပ်မဟာက အသိ ပေးထားသည်။

သတင်း

အရာတော်မြို့နယ် မင်းရွာကြီးအနီးတွင် သြဂုတ် ၄ရက်မှ သြဂုတ် ၆ရက်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၀ ဦးထိ သေဆုံးခဲ့သည်ဟုBurmese Revolutionary Technical Front- BRTFက သတင်းထုတ်ပြန်ထားသည်။