Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စုကို အမြန်ဆုံးစုံစမ်းမေးမြန်းကာ ထိရောက်သောဖိအားပေးရန် နိုင်ငံတကာကို NUCC တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားများအပေါ် သေဒဏ်စီရင်ခြင်းကို ဆန့်ကျင်သည့် ထောင်တွင်းအစာငတ်ခံဆန္ဒပြခြင်းများနှင့်ပတ်သက်၍ NUCC က ထုတ်ပြန်တိုက်တွန်းခဲ့ခြင်းဖြစ် သည်။

အင်းစိန်​ထောင်ကို Google Map.တွင်​တွေ့ရစဥ်
အင်းစိန်​ထောင်ကို Google Map.တွင်​တွေ့ရစဥ်

ထောင်တွင်းအစာငတ်ခံဆန္ဒပြသူများကို တရားလက်လွတ်သတ်ဖြတ်နိုင်မှုများ မပြုလုပ်နိုင်ရေး နိုင်ငံတကာက စစ်အုပ်စုကို အမြန်ဆုံးစုံစမ်းမေးမြန်းကာ ထိရောက်သောဖိအားပေးရန် အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်းလိုက်သည်။

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားများအပေါ် သေဒဏ်စီရင်ခြင်းကို ဆန့်ကျင်သည့် ထောင်တွင်းအစာငတ်ခံဆန္ဒပြခြင်းများနှင့်ပတ်သက်၍ NUCC က ထုတ်ပြန်တိုက်တွန်းခဲ့ခြင်းဖြစ် သည်။

လက်ရှိတွင် အင်းစိန်ထောင်နှင့် အိုးဘိုထောင်အပါအဝင် ထောင်အများစု၌ နိုင်ငံရေးအကျဉ်းသားများအပေါ် သေဒဏ်စီရင်နေခြင်းကို ဆန့်ကျင်သည့် အစာငတ်ခံဆန္ဒပြခြင်းများရှိနေပြီး အကြမ်း ဖက်စစ်အုပ်စုက အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားများကို အကြမ်းဖက်ရိုက်နှက်ခြင်း၊ တိုက်ပိတ်ခြင်းများဆောင်ရွက်နေသည့်အတွက် အစာငတ်ခံဆန္ဒပြသူများ၏ အသက်အန္တရာယ်မှာ စိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း NUCC က ထုတ်ပြန်သည်။

ထို့အတွက် အကြမ်းမဖက်ဆန္ဒပြခြင်းဖြစ်သည့် ထောင်တွင်း အစာငတ်ခံဆန္ဒပြလှုပ်ရှားမှုများနှင့် အတူ ဖက်ဒရယ်ဒီမိုကရေစီအရေး ဆောင်ရွက်နေသူများအပေါ် တရားလက်လွတ်သတ်ဖြတ်မှုများ မပြုလုပ်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းက စစ်အုပ်စုကို အမြန်ဆုံးစုံစမ်းမေးမြန်း၍ ထိရောက်သောဖိအားပေးမှုများလုပ်ဆောင်ပေးရန် အလေးအနက်တိုက်တွန်း သည်။

NUCC သည် နိုင်ငံရေးအကျဉ်းသားများအပေါ် သေဒဏ်စီရင်နေခြင်းကို ဆန့်ကျင်သည့် ရန်သူ့လက်အတွင်း(ထောင်တွင်း) အစာငတ်ခံဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသားအား လုံး၏ တော်လှန်ရေးယုံကြည်ချက်နှင့် စိတ်ပိုင်းဖြတ်မှုကို လေးစားဦးညွတ်ဂုဏ်ပြုကြောင်းလည်း ဖော်ပြသည်။

အိုးဖို​ထောင်ကို Google Map တွင်​တွေ့ရစဥ်
အိုးဖို​ထောင်ကို Google Map တွင်​တွေ့ရစဥ်

ထို့အပြင် ထောင်တွင်းတိုက်ပွဲများကို နည်းလမ်းပေါင်းစုံဖြင့် အားပေးဝန်းရံသွားမည်ဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ အမြန်ဆုံးလွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အားသွန်ခွန်စိုက်ဆထက်ထမ်းပိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUCC က ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

တရုတ် အစိုးရက ပိုင်နက်နယ်မြေအဖြစ် သဘောထား သတ်မှတ်ထားရာ ထိုင်ဝမ်ကျွန်းကို အခုသီတင်းပတ် အစောပိုင်းက သွားရောက်ခဲ့တဲ့ ပလော့စီရဲ့ ခရီးစဉ်အပြီး ရက်ပိုင်းအကြာမှာ မြောက်ကိုရီးယားက အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

သတင်း

အထက်ပါ အီးယူအကြီးအကဲက နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်ကောင်စီအပေါ် စီးပွားရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံ ပိုမိုဖိအားပေးမှု ဆက်လက်လုပ်ဆောင်ရမည်ဟု တိုက်တွန်းသည်။

သတင်း

မြန်မာစစ်တပ်၏ အဆိုးဝါးဆုံး ရက်စက်ယုတ်မာမှုနှင့် လူသားမဆန်မှုတို့ကို တစ်ကမ္ဘာလုံးအနေဖြင့် မြင်တွေ့ခဲ့ပြီးဖြစ်ရာ မြန်မာပြည်သူများ ပြင်းပြစွာ အကူအညီတောင်းဆိုမှုကို ဆက်လက်လျစ်လျူမရှုသင့်ကြောင်းလည်း သံအမတ်ကြီးက ပြောသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုများအား ဗိုလ်တောက် ထွန်း(MBTT)၊ မြောင်မြို့နယ်(ပကဖ)၊ ဗိုလ်နေတိုး ပြောက်ကျားအထူးဖွဲ့(B.N.T)၊ လျှက်တပြက်စွန်ညိုအဖွဲ့နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။