Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗြိတိန်ရောက် မြန်မာအမျိုးသမီးသုံးဦးက နွေဦးတော်လှန်ရေးအတွက် ကတုံးရိတ်၍ ရန်ပုံငွေရှာ

“မိန်းမတို့ဘုန်း ဆံထုံး”ဟု စကားပုံရှိသော်လည်း ဆံပင်ကိုဖြတ်၍ တော်လှန်ရေး အတွက် ခရီးဆက် ရန်လှူဒါန်းသည့် အမျိုးသမီးများအား လေးစားဂုဏ်ယူ​မိကြောင်း လူမှုကွန်ရက်အသုံးပြုသူ တစ်ဦးကလည်း မှတ်ချက်ပြုရေးသား ထားသည်။

ဓာတ်ပုံ - Andrew Mclay/Facebook
ဓာတ်ပုံ - Andrew Mclay/Facebook

ဗြိတိန်နိုင်ငံရောက် မြန်မာအမျိုးသမီးသုံးဦးသည် (၃၄)နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် Challengeခေါ် ခေါင်းတုံးရိတ်၍ ရန်ပုံငွေ ကောက်ခံမှု ပြုလုပ်ခဲ့သည်။

ယနေ့ (သြဂုတ် ၇) တွင် ရန်ပုံငွေ စတာလင်ပေါင် တစ်သောင်းကျော် (ကျပ်သိန်း ၃၀၀ နီးပါး) ရရှိခဲ့ပြီး ရန်ပုံငွေများ အားလုံးကို စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒုက္ခအခက်အခဲများ ရင်ဆိုင်နေရသည့် မြို့ရွာများအတွက် လိုအပ်သည်များ ကူညီပေးရန် လှူဒါန်းသွားမည် ဖြစ်သည်။

“ဒီနေ့ Challenge ကို ဖြစ်မြောက်အောင် ဝိုင်းဝန်းပံ့ပိုးပေး လှူဒါန်းပေးကြသော ယူကေ တော်လှန်ရေး မောင်နှမများအားလုံးကို လေးစားကျေးဇူးအထူး တင်ပါတယ်။ ဒီနေ့ မလွင်တို့ စစ်ကိုင်းအတွက် ရန်ပုံငွေ အခုလက်ရှိထိ စတာလင်ပေါင် ၁သောင်း နဲနဲလေး စွန်းနေပါပြီ ငွေသားလှူထားသူများလည်း ရှိပါတယ်။ မအလလက်နက်ကိုင် အကြမ်းဖက်တစုရဲ့ ရက်စက် ယုတ်မာမှုတို့ကို တစ်နိုင်ငံလုံး အလူးအလှိမ့်ခံနေကြရဲ့ အထဲမှ ကွင်းပြောင်ပြောင်မှာ မဟားတရား ခံနေကြရတဲ့ စစ်ကိုင်းကို ယူကေက ဂတုံးပြောင်ပြောင်လေးများက အကုန်အရောက်ပို့ပေးသွားမှာပါ “ဟု ကတုံးရိတ်ရာတွင် ပါဝင်သူ သုံးဦးအနက် ပါဝင်သူတစ်ဦးဖြစ်သူ Andrew Mclay က လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။

ဓာတ်ပုံ - Andrew Mclay/Facebook
ဓာတ်ပုံ – Andrew Mclay/Facebook

“မိန်းမတို့ဘုန်း ဆံထုံး”ဟု စကားပုံရှိသော်လည်း ဆံပင်ကိုဖြတ်၍ တော်လှန်ရေး အတွက် ခရီးဆက် ရန်လှူဒါန်းသည့် အမျိုးသမီးများအား လေးစားဂုဏ်ယူ​မိကြောင်း လူမှုကွန်ရက်အသုံးပြုသူ တစ်ဦးကလည်း မှတ်ချက်ပြုရေးသား ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြန်အောင်မြို့၊ ကညင်ငူကျေးရွာမှ မသန္တာဆိုသူကို ယမန်နေ့ (ဩဂုတ် ၆ရက်)က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ရိုးမဧရာဝတီနှင့် နဂါးနီတော်လှန်ရေးပူပေါင်းအဖွဲ့က ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်လေယာဥ်များသည်ယနေ့မွန်းလွဲပိုင်းက နယ်မြေချင်းဆက်စပ်နေသည့် မြောင်နယ်ပေါ်ကိုလည်း သုံးခေါက်ခန့်ပတ်မောင်းနေကြောင်း ဒေသခံတို့က ပြောသည်။

သတင်း

ထို့ကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် "ရောင်ပြန်စစ်ဆင်ရေး" ဆင်နွှဲကာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့်တကွ အပေါင်းအပါ စစ်ခေါင်းဆောင်များ၊ အဆင့်ဆင့် သောစစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ထောက်တိုင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ပျူဒလန်များနှင့်

သတင်း

ပြည်သူ့ရဲဘော် (၂)ဦးလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီးပကဖဗိုလ်သံလုံးလက်ကိုအနည်းငယ်ထိသွားခဲ့သော်လ​ည်းမစိုးရိမ်ရကြောင်းမင်းကင်းနွေဦးတော်လှန်ရေးက ထပ်မံအသိပေးသည်။