Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ – ဝေါ်လေလမ်းအနီး ယနေ့ တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ်လေးဦး ထိခိုက်ဒဏ်ရာရ

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဦး ထိခိုက်ဒဏ်ရာရသည်ဟု အတည်ပြုနိုင်ပြီး ကော်ဘရာ စစ်သည်များ ထိခိုက်မှုမရှိကြောင်း အသိပေးထားသည်။

ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ကရင်ပြည်နယ် မြ၀တီ – ဝေါ်လေလမ်းပိုင်း အနီးတွင် ယနေ့ ဩဂုတ် ၇ရက်တွင်တိုက်ပွဲ ဆက်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ကော်ဘရာ စစ်ကြောင်း တည်ရှိရာ မြ၀တီ – ဝေါ်လေ ကားလမ်းမအနီး တစ်နေရာသို့ စစ်ကောင်စီတပ်က ကျူးကျော်လာ၍ နံနက် ၉နာရီမှ ၁၁နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားသည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဦး ထိခိုက်ဒဏ်ရာရသည်ဟု အတည်ပြုနိုင်ပြီး ကော်ဘရာ စစ်သည်များ ထိခိုက်မှုမရှိကြောင်း အသိပေးထားသည်။

အဆိုပါ ဒေသတွင် ယခု ဩဂုတ်လအတွင်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်း၊ သွားရေးလာရေး၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်အကူအညီ လိုအပ်လျက်‌ရှိ‌ကြောင်းလည်း CDF-ဇိုတုန်က အသိပေထားသည်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း၌ လက်နက်ကိုင်တော်လှန်ရေးစတင်ချိန်မှ ယနေ့အထိ ဒေသခံကာကွယ်ရေးရဲဘော်များအနေဖြင့် ရရာလက်နက်ကို စွဲကိုင်ပြီး အာဏာရှင်ကိုတော်လှန်တိုက် ခိုက်ကြရာတွင် အင်တိုက်အားတိုက် ပါဝင်လျက်ရှိသည်။

သတင်း

လက်ရှိတွင် ရန်ကုန်တိုင်းတပ်မဟာအား ရန်ကုန်အခြေ စိုက် မြို့ပြပြောက်ကျားတော်လှန်ရေးအင်အားစု (၁၆)ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး NUG သည် ၎င်းတို့၏ တော်လှန် ရေးတပ်ဦးအဖြစ် ခံယူထားကြောင်း တပ်မဟာက အသိ ပေးထားသည်။

သတင်း

အရာတော်မြို့နယ် မင်းရွာကြီးအနီးတွင် သြဂုတ် ၄ရက်မှ သြဂုတ် ၆ရက်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၀ ဦးထိ သေဆုံးခဲ့သည်ဟုBurmese Revolutionary Technical Front- BRTFက သတင်းထုတ်ပြန်ထားသည်။