Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာစစ်သံမှူးကို ချက်ချင်းနှင်ထုတ်၍ မြန်မာ့အရေး ICC သို့ လွှဲပြောင်းရေး ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးကို အရပ်ဘက်အဖွဲ့ ၃၀ တောင်းဆို

တိကျပြတ်သားသော ပထမဆုံးခြေလှမ်းအဖြစ် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သံမှူး ဗိုလ်ကြီးစိုးအောင်ကို ဗြိတိန်မှ ချက်ချင်းနှင်ထုတ်ရန်လိုအပ်ပြီး အရေးယူဆောင်ရွက်မှု ၅ ရပ်ကိုလည်း အကောင်အထည်ဖော်ရန် တောင်းဆိုထားသည်။

ဗြိတိန် နိူင်ငံခြား​ရေးဝန်ကြီး ။ ။ ဓါတ်ပုံ-APA
ဗြိတိန် နိူင်ငံခြား​ရေးဝန်ကြီး ။ ။ ဓါတ်ပုံ-APA

စစ်ကောင်စီ၏ စစ်သံမှူးကို ချက်ချင်းနှင်ထုတ်၍ မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) သို့လွှဲပေးနိုင်ရေး အားပေးထောက်ခံရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးထံအရပ်ဘက်အဖွဲ့အစည်း ၃၀ က အိတ်ဖွင့်ပေးစာပို့ တောင်းဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းသည် ပိုမိုဆိုးရွားနက် ရှိုင်းလာပြီး စစ်တပ်၏ လူမဆန်ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို တားဆီးရန် ချက်ချင်း အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ရန် Myanmar Unity Movement နှင့် အရပ်ဘက်အဖွဲ့အစည်း ၂၉ ဖွဲ့က တောင်းဆိုထားခြင်းဖြစ်သည်။

တိကျပြတ်သားသော ပထမဆုံးခြေလှမ်းအဖြစ် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သံမှူး ဗိုလ်ကြီးစိုးအောင်ကို ဗြိတိန်မှ ချက်ချင်းနှင်ထုတ်ရန်လိုအပ်ပြီး အရေးယူဆောင်ရွက်မှု ၅ ရပ်ကိုလည်း အကောင်အထည်ဖော်ရန် တောင်းဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီအတွက် တာဝန်ထမ်းဆောင်နေသော စစ်သံမှူးဗိုလ်ကြီးစိုးအောင်က ဗြိတိန်ရှိ မြန်မာအသိုင်းအဝိုင်းအတွက် ခြိမ်းခြောက်မှုဖြစ်ပြီး ၎င်း၏တည်ရှိမှုသည် လူမဆန်သော စစ်တပ်ကို တရားဝင်မှုပေးနေသည့်သဘောသက်​ရောက်ကြောင်းလည်း အိတ်ဖွင့်ပေးစာ၌ ဖော် ပြသည်။

ထို့အပြင် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ စစ်ကောင်စီကို အရေးယူနိုင်ရေး ဗြိတန်က အားပေးထောက်ခံမည်ဟု ကြေညာရန်၊ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)သို့ လွှဲပေးနိုင် ရေး အားပေးထောက်ခံမည်ဟု ကြေညာရန်၊ စစ်တပ်ကို လေယာဉ်ဆီထောက်ပံ့သူများကို ပိတ်ဆို့ဒဏ် ခတ်ရေး၊ မြန်မာစစ်တပ်ကိုလက်နက်ထောက်ပံ့နေသည့် ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ ရုရှားကဲ့သို့ သော နိုင်ငံများကို ပိုမိုဖိအားပေးရေး မဟာမိတ်များနှင့်ပူးပေါင်းလုပ်ဆောင်ရန်၊ မြန်မာပြည်သူများ၏ ဆန္ဒကို အသိအမှတ်ပြုရေး NUG အစိုးရကို အားပေးထောက်ခံရန် အချက် ၅ ချက်ကို လည်း တောင်းဆိုထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

NUG ယာယီသမ္မတသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြပြီး ငြိမ်းချမ်း သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန် ပြည်သူများ၏ ကြိုးပမ်းနေမှုများကို မျှ ဝေခဲ့သည်ဟု ဆိုသည်။

သတင်း

မြန်မာစစ်တပ်သည် ‘အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်’ ရရှိနေပြီး ယင်းအချက်က စစ်အုပ်စုကို နိုင်ငံတဝန်း ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရန် ခွင့်ပြုပေးနေသည်ဟု NUG က ထောက်ပြသည်။

သတင်း

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီ (နစက)ဟာ တကယ်လို့သာ အပစ်အခတ် ရပ်စဲမှုအတွက် သဘောတူညီခဲ့မယ်ဆိုရင် အတိုက်အခံအင်အားစုတချို့ကို လက်သင့်ခံသွားမယ်ဆိုတဲ့ အရိပ်အယောင်မျိုး ပြသခဲ့တယ်လို့ သူကပြောတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်ဖို့ဆိုရင် တိကျတဲ့ သီးခြားသတ်မှတ်ချက်တွေကို ပြန်တောင်းဆိုထားပါတယ်။

သတင်း

ယင်းသို့ ထပ်မံအတည်ပြုကြောင်း ပြောကြားချက်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် နှင့် အနောက်အင်အားကြီးနိုင်ငံများက အပြင်းအထန်ကန့်ကွက်ရှုတ်ချထားသည်။