Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်ရှိစစ်ကောင်စီတပ်စခန်းတစ်ခုနှင့် ရှမ်းနီပြည်သူ့စစ်တပ်စခန်း တစ်ခုကို KIA/PDFတိုက်ခိုက် သိမ်းပိုက်

စစ်​ကောင်စီတပ်စခန်းတွင်ခြေမြန်တပ်ရင်း(ခမရ) ၁၁၉ တပ်ရင်း၊ပုသိမ် ကြီး ၊ တမ ၃၃ တပ်ရင်းတို့အထိုင်ချ​ခဲ့ခြင်းဖြစ်​ကြောင်းလည်းသိရသည်။

(KIA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNG)
(KIA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNG)

●လက်နက်ကြီး၊လက်နက်ငယ်၊ စနှိုက်ပါအပါအဝင်လက်နက်မျိုးစုံ ၁၁ လက်နှင့်ခဲယမ်းများစွာသိမ်းဆည်းရရှိ၊ တိုက်ပွဲဆက်ပြင်းထန်နေဆဲဟုဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဆယ်ဇင်းဒေသရှိစစ်ကောင်စီတပ်စခန်း တစ်ခုနှင့် ရှမ်းနီ ပြည်သူ့စစ်(SNA) တပ်စခန်း တစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း ဒေသခံ အချို့ကပြောသည်။

“သိမ်းတော့ သိမ်းလိုက်ပြီ။ စခန်း ၂ခု တစ်ပြိုင်တည်း ဝင်တိုက်တာ။ တော်တော်လေး ကျတယ်လို့လည်း ကြားတယ်။ SNA တွေ ပါတယ်။ အခုက ပေါင်းထိုင်ကြတာ ပြည်သူ့စစ်နဲ့ စစ်တပ်နဲ့” ဟု ကချင်ဒေသခံက ပြောသည်။

(KIA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNG)
(KIA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNG)

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် အစပ်ရှိ အဆိုပါ စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ၂ ခုကို ယနေ့မနက်အ​စောပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီး ယခု အချိန်ထိ တိုက်ပွဲ ဆက်ဖြစ်နေကြောင်း PDFနှင့် နီးစပ်သည့် စစ်ကိုင်းတိုင်း ဒေသခံ တစ်ဦးက ပြောသည်။

“ရှမ်းနီ SNA စခန်းရယ်၊ စစ်ကောင်စီ စခန်းရယ် စခန်း ၂ခုကို ဒီ မနက် ၁နာရီက စသိမ်းတာပေါ့။ ဒါပေမဲ့ တိုက်ပွဲကတော့ လက်ရှိ အချိန်ထိ ပြင်းထန်နေတုန်းပဲ။ ကျဆုံးတာကတော့ နှစ်ဖက်အကျဆုံးရှိနေတယ်။ ဒါပေမဲ့ အတိအကျတော့ မသိသေးဘူး။” ဟု ၎င်းက ဆိုသည်။

ယနေ့ စခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ထံမှလက်နက်ခဲယမ်း များ သိမ်းဆည်းရမိခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်နှစ်ဦးက ပြောသည်။ စစ်တပ်နှင့် ရှမ်းနီတပ်မှ ၂၀ ​ကျော်​သေဆုံး​ကြောင်စလည်းကနဦးသတင်းရရှိသည်။

စစ်​ကောင်စီတပ်စခန်းတွင်ခြေမြန်တပ်ရင်း(ခမရ) ၁၁၉ တပ်ရင်း၊ပုသိမ် ကြီး ၊ တမ ၃၃ တပ်ရင်းတို့အထိုင်ချ​ခဲ့ခြင်းဖြစ်​ကြောင်းလည်းသိရသည်။

ယ​နေ့ (ဩဂုတ် ၈ရက်) နံနက် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်းမှ ၆၀ မမ စိန် ပြောင်း ( အရှည် ) – ၁ လက် ၊ RPG – 1 လက် ၊ sniper – ၁ လက် ၊ MA 1 – 1 လက် ၊ MA 2 – ၁ လက် ၊ အတို -၁လက် ရရှိခဲ့ပြီး SNA စခန်း က M22 -၃ လက် ၊ M23 ( စက် လက် ) -၁ လက် ၊ M၁၆ – ၁ လက် ၊ စုစု ပေါင်း လက်နက်မျိုးစုံ ၁၁ လက် နှင့် ကျည်ဆံ ၊ ဗုံး သီး ၊ စစ် အသုံး အဆောင် အများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဆယ်ဇင်းဒေသတွင် ဇူလိုင် လကတည်းက တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ရန်ကုန်က ဒီနေ့ တော်တော်လေး ထူးခြားနေတယ်။ ဒီကောင်တွေ (စစ်ကောင်စီ) ဘာကိုလန့်နေ တယ်မသိဘူး" ဟု အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။

သတင်း

သြဂုတ် ၂ ရက် နံနက် အစောပိုင်းတွင် ဒီးမော့ဆိုမြို့ ငွေတောင်အခြေစိုက် ခမရ (၄၂၇) တပ်စခန်းမှ စံပြ(၆) မိုင်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် KNDF B09တို့ ထိတွေ့ တိုက်ပွဲ တနေကုန်နီးပါး ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်း

ဩဂုတ်(၇)ရက် မနက်(၆)နာရီခွဲအချိန်က ကေအဲန်ယူ-လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဒိုးဒါးတာစုံကနေ လိန်ပင်ကျေးရွာထဲကို လက်နက်ကြီးငါးလုံး ပစ်ခတ်ခဲ့ပြီး အဲ့ဒီပစ်ခတ်မှုမှာ လိန်ပင်ကျေးရွာက အသက်(၂၁)အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာကပါ။

သတင်း

ယနေ့နံနက် ၇ နာရီခန့်က လက်ပံတန်းမြို့ မြို့မရပ်ကွက်မှ ပျူစောထီး ခေါင်းဆောင်လည်းဖြစ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ စိုးမင်းဆိုသူအား သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။