Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာပြည်သူများကို ဆက်လက်ပံ့ပိုးကူညီမည်ဟု ကနေဒါသံရုံး ထုတ်ပြန်

မြန်မာနိုင်ငံတွင် တရားမဝင်သော စစ်အာဏာသိမ်းမှုကို ကနေဒါက ပြင်းထန်စွာကန့်ကွက် ရှုတ်ချထားပြီး အကြမ်းဖက်စစ်ခေါင်းဆောင်များ၊ ပါဝင်ပတ်သက်သူများ၊ စစ်တပ်စီးပွားရေးလုပ် ငန်းများကို အရေးယူဒဏ်ခတ်မှုများ ပြုလုပ်ထားသည်။

ကနေဒါ
ကနေဒါ

ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုကျူးလွန်သူများကို အရေးယူရန် ကြိုးပမ်းမှု အပါအဝင် ပိုမိုငြိမ်းချမ်းသော ဒီမိုကရေစီနိုင်ငံသို့ ဦးတည်လုပ်ဆောင်နေသော မြန်မာပြည်သူများကို ဆက် လက်ပံ့ပိုးကူညီမည်ဟု ကနေဒါသံရုံးက ယနေ့ထုတ်ပြန်သည်။

ဇူလိုင် ၁ ရက်တွင် ကျရောက်သော ကနေဒါနေ့တွင် ယင်းသို့ထုတ်ပြန်ခြင်းဖြစ်ပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို လေးစားလိုက်နာခြင်းအပါအဝင် ၎င်းတို့ လိုလားတောင့်တသော စံနှုန်းများကို ဂုဏ်ပြုကျင်းပကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကနေဒါသည် ပြည်တွင်းပြည်ပ၌ အထက်ပါအခြေခံစံနှုန်းများကို ကာကွယ်မြှင့်တင်ရန် ယနေ့ ထပ်လောင်းအတည်ပြုသည်။

မြန်မာနိုင်ငံတွင် တရားမဝင်သော စစ်အာဏာသိမ်းမှုကို ကနေဒါက ပြင်းထန်စွာကန့်ကွက် ရှုတ်ချထားပြီး အကြမ်းဖက်စစ်ခေါင်းဆောင်များ၊ ပါဝင်ပတ်သက်သူများ၊ စစ်တပ်စီးပွားရေးလုပ် ငန်းများကို အရေးယူဒဏ်ခတ်မှုများ ပြုလုပ်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများက မြန်မာ၊ကိုးရီးယား၊အင်္ဂလိပ် ဘာသာ ၃မျိုးဖြင့် ရေးသားထားသည့် တောင်းဆိုစာများ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆန္ဒပြသူများ၏ တောင်းဆိုစာကို ကမ္ဘောဒီးယား သံရုံးစာတိုက်ပုံးထဲသို့ ထည့်ခဲ့ကြကြောင်း သိရသည်။

သတင်း

ယမန်နေ့တွင် ကျင်းပသော ကုလသမဂ္ဂ၊ အမျိုးသားလွှတ်တော်များနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union - IPU) အကြား အပြန် အလှန် အထောက်အကူပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲ၌ မြန်မာသံအမတ်ကြီးက ထည့်သွင်းတိုက်တွန်းခြင်းဖြစ်သည်။

သတင်း

အာဏာသိမ်းသည့်အချိန်မှစပြီး အမေရိကန်သည် မြန်မာစစ်တပ်၊ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ ဘဏ္ဍာရေးအကျိုးစီးပွားများကို အရေးယူပိတ်ဆို့မှုများပြုလုပ်ခြင်းနှင့် နိုင်ငံတကာဘဏ္ဍာရေးစနစ်အတွင်း ၎င်းတို့ဝင်ရောက်နိုင်မှုဟန့်တားရေးတို့ကို ဆောင်ရွက်ခဲ့သည်။

သတင်း

ကနေဒါ၏ မဟာဗျူဟာထဲတွင် ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး စီမံချက်အသစ် (၁၆) ခုပါဝင်ပြီး ကျားမတန်းတူညီမျှခြင်းရှိသော အရေးပေါ် လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများကိုလည်း ဆက်လက်ပေးအပ်သွားမည်ဟု ကြေညာသည်။