Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကုလနဲ့အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် တာဝန်မကျေဘူးလို့ SAC-M ထုတ်ပြော

ကုလလုံခြုံရေးကောင်စီဆိုရင်လည်း မြန်မာနိုင်ငံအတွက် အဆိုပြုချက်တစ်ခုကိုပင် ဆွေးနွေးဆုံးဖြတ်နိုင်ခြင်းမရှိသေးဘူးလို့ SAC-M က ပြောပါသေးတယ်။

ကုလနဲ့အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် တာဝန်မကျေဘူးလို့ SAC-M ထုတ်ပြော
ကုလနဲ့အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် တာဝန်မကျေဘူးလို့ SAC-M ထုတ်ပြော

ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို တရားမဲ့သေဒဏ်စီရင်လိုက်တဲ့ လုပ်ရပ်ဟာ မင်းအောင်လှိုင်ရဲ့ ကြမ်းကြုတ်မှုတွေ ကို မည်သူမျှ သံတမန် နည်းလမ်းနဲ့ထိန်းချုပ်နိုင်မှာမဟုတ်ကြောင်း ဖော်ပြနေတာလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကသတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂနဲ့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံသားတွေအပေါ် ရှက်ဖွယ်ကောင်းတဲ့ တာဝန်မကျေပွန်မှုတွေကို ရပ်တန့်ကာ စစ်အာဏာရှင်ကို တိကျသေချာတဲ့အရေးယူမှုတွေ ပြုလုပ်သင့်တယ်လို့ SAC− M က တွန်းအားပေးလိုက်ပါတယ်။

ကုလနဲ့အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် တာဝန်မကျေဘူးလို့ SAC-M ထုတ်ပြော
ကုလနဲ့အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် တာဝန်မကျေဘူးလို့ SAC-M ထုတ်ပြော

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ရှက်ဖွယ်ကောင်းလောက်အောင်ပင် စစ်အာဏာရှင်ရဲ့ အလွန်ဆိုးရွားပြီး အရှိန်မြင့်လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုတွေကနေ မြန်မာနိုင်ငံသားတွေကို ကာကွယ်ပေးနိုင်ခြင်းမရှိကြောင်း SAC-M က ထောက်ပြထားပါသေးတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ NUG အစိုးရ ကို တရားဝင်အသိအမှတ်ပြု ဖို့နှောင့်နှေးကြန့်ကြာနေတယ်လို့ SAC-M ကဆိုပါတယ်။

ကုလလုံခြုံရေးကောင်စီဆိုရင်လည်း မြန်မာနိုင်ငံအတွက် အဆိုပြုချက်တစ်ခုကိုပင် ဆွေးနွေးဆုံးဖြတ်နိုင်ခြင်းမရှိသေးဘူးလို့ SAC-M က ပြောပါသေးတယ်။

SAC-M အနေနဲ့ NUG ကို အသိအမှတ်ပြုဖို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအားလုံးကို တိုက်တွန်းလိုပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာလည်း မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်သွင်းမယ့် ဆုံးဖြတ်ချက်ကိုချသင့်တယ်လို့အကြံပြုထားတာတွေ့ရပါတယ်။

SAC-M ကို ကုလသမဂ္ဂရေးရာကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းထားတာပါ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် ကမ္ဘောဒီးယားခရီးစဉ်အတွင်း အမေရိကန်-အာဆီယံ ဝန်ကြီးများအစည်းအဝေးနှင့် အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ၏ ထိပ်သီးဆွေးနွေးပွဲများကို တက်ရောက်မည်ဖြစ်ပြီး အာဆီယံဒေသတွင်းဖိုရမ်၌လည်း မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက အရေးပေါ် နိုင်ငံတော် အခြေပြမိန့်ခွန်းကိုယ​နေ့ညပြောကြားခဲ့ရာ အာဏာရှင်ဖယ်ရှားရေး အဆုံးသတ်တိုက်ပွဲ ဆင်နွှဲချိန်ရောက်ပြီဟု အသိပေးကာ နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများအား နည်းပညာ ၊ လက်နက်၊ ငွေကြေး ထောက်ပံ့ကြရန်တောင်းဆိုခဲ့သည်။

သတင်း

အကြမ်းဖက်စစ်တပ်က ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦးကို ဥပဒေမဲ့သတ်ဖြတ်လိုက် ခြင်းနှင့်ပတ်သက်၍ ဒေသတွင်းနှင့် ကုလသမဂ္ဂအပါအဝင် အင်အားကြီးနိုင်ငံများက ပြင်းထန်စွာ ရှုတ်ချကြသော်လည်း ကြီးလေးသည့်ရာဇဝတ်မှုဖြစ်ကြောင်း မလေးရှားက ပထမဆုံးထုတ်ဖော် ပြောဆိုခြင်းဖြစ်သည်။

သတင်း

ဆက်လက်ပြီး ပူးတွဲထုတ်ပြန်ချက်၌ အကြမ်းဖက်လုပ်ရပ်များ အသုံးပြုခြင်းကို အဆုံးသတ်ရေး၊ ပြည်သူများ၏ဆန္ဒကို လေးစားလိုက်နာရေးနှင့် တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည် ပို့ဆောင်ရေးတို့ကို စစ်အာဏာရှင်အား တောင်းဆိုသည်။