Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၅)နယ်မြေ မဲဝိုင်ဒေသသို့ စစ်ကောင်စီတပ် လေကြောင်းမှ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်

မဲဝိုင်ဒေသအတွင်းသို့ ၂ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာ၍ ဒေသခံ ရွာသားများ နေအိမ် ပျက်စီးမှုများ ကြုံရကာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း KNU တပ်မဟာ(၅)က ထုတ်ပြန်ခဲ့သည်။

(စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်ဆီးနေစဉ်၊ KPSN)
(စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်ဆီးနေစဉ်၊ KPSN)

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော် (ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေသို့ စစ်ကောင်စီတပ်က လေကြောင်းစစ်ဆင်ရေး ပိုမိုလုပ်ဆောင်လာပြီး နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူလူထုပိုင် အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့သည်ဟု တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၉ရက်) နံနက် ၈နာရီတွင် မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် မဲဝိုင်ကျေးရွာအုပ်စု ခေါဝါးရွာ ရွာသားများ၏ လယ်ယာ၊ တောင်ယာလုပ်ငန်းခွင်အတွင်း တိုက်လေယာဉ်ဖြင့် ဗုံး နှစ် လုံး ကြဲချခဲ့ကြောင်း၊ နံနက် ၁၀နာရီ မိနစ် ၄၀ ခန့်တွင်လည်း ဗုံး နှစ်လုံး ထပ်မံကြဲချခဲ့ကြောင်း အသိပေးထားသည်။

ဒီဇင်ဘာ ၁၈ရက် ညနေပိုင်းကလည်း မဲဝိုင်ကျေးရွာ အုပ်စုအတွင်းရှိ ဝါသိုးလော်ရွာအတွင်းသို့ တိုက်လေယာဉ်ဖြင့် ဗုံးများ ကြဲချခဲ့ရာ လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။ လူနေအိမ် ၁၀လုံး ၊ စပါးကျီ တစ်လုံး ဗုံးထိမှန် ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းညနေပိုင်း၌ပင် မဲဝိုင်ကျေးရွာအုပ်စု ခလိုခီး ရွာအတွင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ် လေးလုံး မီးလောင်ဆုံးရှုံးခဲ့ရကာ နေအိမ် လေးလုံးနှင့် စပါးကြိတ်စက် တစ်လုံး ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်ဆီးနေစဉ်၊ KPSN)
(စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်ဆီးနေစဉ်၊ KPSN)

အဆိုပါ တိုက်ခိုက်မှုများအတွင်း လူထိခိုက်သေဆုံးမှု ရှိမရှိကို ဖော်ပြမထားပေ။

မဲဝိုင်ဒေသအတွင်းသို့ ၂ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာ၍ ဒေသခံ ရွာသားများ နေအိမ် ပျက်စီးမှုများ ကြုံရကာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း KNU တပ်မဟာ(၅)က ထုတ်ပြန်ခဲ့သည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် အင်းတော်နယ်ကို ဒီဇင်ဘာ ၁၆ရက်မှစ၍ ကျေးရွာများကို စစ်ကြောင်းထိုးပြီး လိုက်လံမီးရှို့နေရာ ဒေသခံ PDFနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့က ပူးပေါင်းခုခံခဲ့၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

သတင်း

စစ်ကောင်စီတပ်သည် မြိုကြီးကုန်းကျေးရွာနေ ၁၄ နှစ်အရွယ်က​လေးငယ်၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မြိုလှကျေးရွာသို့တပ်ဆုတ်ကာတပ်စွဲထားသည်ဟုကလေးPDFကအသိ​ပေးထားသည်။

သတင်း

ယမန်နေ့ (ဒီဇင်ဘာ ၁၈) ညနေပိုင်းကလည်း ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းမှ ဒလမြို့သို့ ကူးသန်းပြေးဆွဲသည့် ချယ်ရီကူးတို့ သင်္ဘောပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူ ၁၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း

မြောင်မြိုနယ်ရှိ လှေတင်ဦး၊ဖွားစော၊ ကူးတို့ကုန်းနှင့် ရွှေပေါက်ပင်ကျေးရွာများသို့ ယနေ့(ဒီဇင်ဘာ ၁၉ရက်) သွားရောက်ထောက်ပံ့ခြင်းဖြစ်သည်။