Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နှလုံးလှ သံတမန် ရာထူးကနေ အန်ဂျလီနာဂျိုလီ နုတ်ထွက်

ဂျိုလီက သူဟာ နှလုံးလှသံတမန် ရာထူးကနေ ခွဲခွာလာပေမယ့် နိုင်ငံတကာ ဒုက္ခသည်တွေရဲ့ အကျပ်အတည်းတွေကို ကူညီဖြေရှင်းနိုင်ရေးအတွက် သူ့ရဲ့ စွမ်းဆောင်ရည် ရှိသလောက် ဆက်ပြီး မဆုတ်မနစ် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ နှလုံးလှ သံတမန် ရာထူးကနေ အန်ဂျလီနာဂျိုလီ နုတ်ထွက်
ကုလသမဂ္ဂရဲ့ နှလုံးလှ သံတမန် ရာထူးကနေ အန်ဂျလီနာဂျိုလီ နုတ်ထွက်

ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ နှလုံးလှ သံတမန် ရာထူးကို ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး အန်ဂျလီနာ ဂျိုလီက စွန့်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို ကိုယ်စားပြုပြီး ကူညီပေးနေတာ ဆယ်စုနှစ် နှစ်ခုကျော် ကြာမြင့်ခဲ့တဲ့နောက် အခုလို လမ်းခွဲတော့မယ့် သတင်းကို ဂျိုလီရော၊ အဖွဲ့အစည်းဖက်ကပါ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ဂျိုလီက သူဟာ နှလုံးလှသံတမန် ရာထူးကနေ ခွဲခွာလာပေမယ့် နိုင်ငံတကာ ဒုက္ခသည်တွေရဲ့ အကျပ်အတည်းတွေကို ကူညီဖြေရှင်းနိုင်ရေးအတွက် သူ့ရဲ့ စွမ်းဆောင်ရည် ရှိသလောက် ဆက်ပြီး မဆုတ်မနစ် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ လမ်းခွဲခဲ့တာနဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထားကို ပြောပြတဲ့အခါ ကွဲပြားတဲ့ လမ်းကြောင်းတွေကနေ လူသားချင်း စာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို ဆက်လက် ဆောင်ရွက်နေချင်လို့ ဖြစ်တယ်လို့ ဂျိုလီက မှတ်ချက် ပေးခဲ့ပါတယ်။

သူဟာ ၂၀၀၁ ခုနှစ်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ လက်တွဲလုပ်ဆောင်မှုတွေ စတင်ခဲ့ပြီး ၂၀၁၂ မှာတော့ နှလုံးလှ သံတမန်အဖြစ် အပ်နှင်းခြင်း ခံခဲ့ရပါတယ်။ ကုလသမဂ္ဂက အဲဒီ ၁၀ နှစ်တာ သက်တမ်းအတွင်း ဂျိုလီဟာ ကွင်းဆင်း ခရီးစဉ်ပေါင်း ၆၀ ကျော် သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေရဲ့ အကျပ်အတည်းတွေ၊ သူတို့ရဲ့ ကြံ့ကြံ့ခံမှုနဲ့ မျှော်လင့်ချက်တွေကို မျှဝေနားထောင်ပြီး အားပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့လက ဗြိတိန်ထုတ် Guardian သတင်းစာမှာ ဖော်ပြမှုအရ ဂျိုလီဟာ ကမ္ဘာအနှံ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို တိုက်ဖျက်နိုင်ရေးအတွက် ကုလသမဂ္ဂ ဦးဆောင်တဲ့ အားထုတ် ကြိုးပမ်းမှုတွေ မထိရောက်တဲ့အပေါ် စိတ်ပျက်နေပြီလို့ အရိပ်အမြွက် ပြောဆိုခဲ့ဖူးကြောင်း သိရပါတယ်။

You May Also Like

သတင်း

တာ၀န်ခံမှုရှိရေးအဖွဲ့(Accountability Project)တာ၀န်ရှိသူ Damian Lilly ကလည်း ကုလသမဂ္ဂအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အား ကုလသမဂ္ဂ၏အဖွဲ့အစည်းအားလုံးတွင် ကိုယ်စားပြုခွင့်ပေးရန် တိုက်တွန်းသည်။

သတင်း

လက်ရှိတွင်Credentials Committee ကအဖွဲ့ဝင်၉နိုင်ငံစလုံး၏ သဘောတူညီချက်(consensus)ဖြင့်ကော်မတီ၏အစီရင်ခံစာကို ဆုံးဖြတ်ခဲ့ပြီး ကော်မတီ၏ အစီရင်ခံစာကို ကုလသမဂ္ဂအထွေထွေညီလာခံသို့ ဆက်လက်တင်သွင်းမည်ဖြစ်သည်။

သတင်း

အိန္ဒိယ၊ သီရိလင်္ကာ၊ ဆော်ဒီအာရေးဘီးယားနဲ့ ဘီလားရုစ်တို့ အပါအဝင် နိုင်ငံတချို့ကတော့ မြန်မာနိုင်ငံကို သံအမတ်တွေ စေလွှတ်ပြီး မင်းအောင်လှိုင်ကို သံတမန်ရေးအရ အသိအမှတ်ပြု ဆက်ဆံနေကြောင်း သိရပါတယ်။

သတင်း

စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းဖို့ကြိုးပမ်းစဥ်ကစလို့ ဖြတ်လေးဖြတ်မဟာဗျူဟာကို ကျင့်သုံးခဲ့ရာ မြို့နယ်ပေါင်း ၂၀ ကျော်ကို အင်တာနက်ဖြတ်တောက်တာ၊ နိုင်ငံသားဆိုင်ရာအခန်းကဏ္ဍဆုတ်ယုတ်​စေတာ အပါအဝင် များပြားလှတဲ့အရေးယူကန့်သတ်မှုတွေကို လုပ်ခဲ့ပါတယ်။