Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကိုဗစ်ကြောင့် ဘေဂျင်းက သုဘရာဇာတွေနဲ့ နာရေးကူညီမှု အသင်းတွေ အကြီးအကျယ် အလုပ်ရှုပ်နေ

ဘေဂျင်းနဲ့ တရုတ်နိုင်ငံ အနှံ့မှာ ကိုဗစ်ကြောင့် လတ်တလော သေဆုံးသူ ဘယ်လောက် ရှိသလဲ ဆိုတာကို အတိအကျ မသိရပါဘူး။ တရုတ် အာဏာပိုင်တွေဟာ ဒီဇင်ဘာ ၃ ရက် ကတည်းက ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးသူ အရေအတွက် ကြေညာမှုကို ရပ်ဆိုင်းထားလိုက်ပါတယ်။

ကိုဗစ်ကြောင့် ဘေဂျင်းက သုဘရာဇာတွေနဲ့ နာရေးကူညီမှု အသင်းတွေ အကြီးအကျယ် အလုပ်ရှုပ်နေ
ကိုဗစ်ကြောင့် ဘေဂျင်းက သုဘရာဇာတွေနဲ့ နာရေးကူညီမှု အသင်းတွေ အကြီးအကျယ် အလုပ်ရှုပ်နေ

တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းမှာ ကိုဗစ်ရောဂါ တကျော့ပြန် ခေါင်းထောင်ထမှုနဲ့အတူ သင်္ချိုင်းက သုဘရာဇာတွေ၊ နာရေးကူညီမှု အဖွဲ့တွေအတွက် အကြီးအကျယ် အလုပ်ရှုပ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဘေဂျင်းက သုဘရာဇာ ဝန်ဆောင်မှု ကုမ္ပဏီတွေက ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း သင်္ဂြိုဟ်ပေးရသူ ဦးရေဟာ ပုံမှန်ထက် သိသိသာသာ မြင့်တက်လာတယ်လို့ ပြောကြားခဲ့ပါတယ်။ တရုတ် အစိုးရက ကပ်ရောဂါ တားဆီးရေးဆိုင်ရာ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ပြန်လည် ဖြေလျှော့ပေးလိုက်ပြီး မကြာခင်မှာပဲ ဘေဂျင်းမှာ အသေအပျောက် ပိုများပြားလာတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။

လူပေါင်း ၂၂ သန်းလောက် နေထိုင်တဲ့ မြို့ကြီးရဲ့ အနှံ့က သင်္ချိုင်းနဲ့ နာရေး ကူညီမှု အသင်းတွေဟာ အခုအခါမှာ ဝန်နဲ့အား မမျှလောက်အောင် အလုပ်ရှုပ်နေကြောင်း သိရပါတယ်။ အစောပိုင်းတုန်းကလည်း ဘေဂျင်းအပါအဝင် တရုတ်က မြို့ကြီးတချို့မှာ ကိုဗစ်ကြောင့် ဆေးရုံ ဆေးခန်းတွေ လူပြည့်နေပြီး ကျန်းမာရေး ဝန်ထမ်းတွေ မနိုင်မနင်း ဖြစ်နေတဲ့ မှတ်တမ်း ဗီဒီယိုတွေ ထွက်ပေါ်လာပါသေးတယ်။

တရုတ်ဟာ ကပ်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ တင်းကျပ်တဲ့ ဇီးရိုးကိုဗစ် မူဝါဒတွေကို ဒီဇင်ဘာ ၇ ရက်မှာ ပြန်လည် ရုပ်သိမ်းခဲ့ပြီး မူလစည်းမျဉ်း အများစုကို ဖြေလျှော့ပေးလိုက်ပါတယ်။ ဒါပေမဲ့ လတ်တလော ကိုဗစ်ကူးစက်မှုတွေ အလွန်အကျွံ ခေါင်းထောင်လာတာက အခုလို ဖြေလျှော့မှုနဲ့ တိုက်ရိုက် မပတ်သက်ဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က မှတ်ချက် ပေးထားပါတယ်။

တရုတ်မှာ အသေအပျောက် မြင့်မားနေရတဲ့ အဓိက အကြောင်းရင်းအဖြစ် အာနိသင် ထိရောက် ထက်မြက်တဲ့ ကာကွယ်ဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံနိုင်စွမ်း နည်းပါးနေတာ ဖြစ်တယ်လို့ WHOက ထောက်ပြထားပါတယ်။ တရုတ်ဟာ ကိုဗစ်ရောဂါအတွက် ပြည်တွင်းဖြစ် ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို အသုံးပြုနေပေမယ့် အဲဒီဆေးတွေဟာ မျိုးဆက်သစ် Omicron ကိုရိုနာဗိုင်းရပ်စ်ကို တားဆီးနိုင်စွမ်း လုံးဝနီးပါး မရှိတော့ဘူးလို့ ယုံကြည်ရပါတယ်။ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ပိုမိုကောင်းမွန် အစွမ်းထက်တဲ့ mRNA နည်းပညာသုံး ကာကွယ်ဆေးတွေကို အမေရိကန်ကနေ မှာယူ တင်သွင်းသင့်ကြောင်း အဆိုပြုချက်တွေကို ခေါင်းမာမာနဲ့ အစဉ်တစိုက် ငြင်းဆိုနေတုန်းပါပဲ။

Reuters သတင်းထောက်တွေရဲ့ အဆိုအရ ဒီဇင်ဘာ ၁၇ ရက်နေ့တုန်းက ဘေဂျင်းမှာ ကိုဗစ်လူနာတွေကို သင်္ဂြိုဟ်ဖို့ သတ်မှတ်ပေးထားတဲ့ ဒွန်ဂျိုင်ယို နာရေးဝန်ဆောင်မှု အသင်းရှေ့မှာတင် မကြုံစဖူး အခြေအနေအဖြစ် နိဗ္ဗာန်ယာဉ် အစီး ၃၀ ကျော် တန်းစီရပ်ထားတာ တွေ့ခဲ့ရကြောင်း သိရပါတယ်။ နိဗ္ဗာန်ယာဉ်တွေအပြင် အလောင်းတင်လာတဲ့ လူနာတင်ယာဉ်တွေ၊ အလောင်းကို အဝတ်ပတ်ပြီး နောက်ခန်းထဲ ထည့်ထားတဲ့ ကုန်တင်ယာဉ်ငယ်တွေကိုပါ တွေ့ရတယ်လို့ Reuters သတင်းထောက်က ပြောပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေ ဖျားနာလို့ ဆေးရုံတွေမှာ အခက်တွေ့ကြသလိုပဲ နာရေး ဝန်ဆောင်မှု ဌာနတွေနဲ့ သုဿန်တွေမှာလည်း ဝန်ထမ်းတွေ နေမကောင်းတဲ့အခါ လုပ်ငန်း ဆောင်ရွက်မှုတွေ ထိခိုက်ကုန်တယ်လို့လည်း ဆိုပါတယ်။ ဘေဂျင်းက မီယွန် နာရေး ဝန်ဆောင်မှု ဌာနရဲ့ တာဝန်ရှိသူ တစ်ဦးက သူတို့ရဲ့ ဝန်ထမ်းတွေ တော်တော်များများ ဖျားနေကြတယ်လို့ Reutersကို အတည်ပြု ပြောကြားခဲ့ပါတယ်။

ဘေဂျင်းနဲ့ တရုတ်နိုင်ငံ အနှံ့မှာ ကိုဗစ်ကြောင့် လတ်တလော သေဆုံးသူ ဘယ်လောက် ရှိသလဲ ဆိုတာကို အတိအကျ မသိရပါဘူး။ တရုတ် အာဏာပိုင်တွေဟာ ဒီဇင်ဘာ ၃ ရက် ကတည်းက ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးသူ အရေအတွက် ကြေညာမှုကို ရပ်ဆိုင်းထားလိုက်ပါတယ်။

တရုတ်ဟာ ကူးစက်နှုန်း အရမ်းမြန်ဆန်တဲ့ Omicron ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ကြုံနေပေမယ့် ရောဂါအပြင်းအထန် ဖြစ်ပွားမှု အချိုးအစားကတော့ ကူးစက်သူ စုစုပေါင်းရဲ့ ၀.၁၈ ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း သိရပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ အဲဒီ အချိုးအစားဟာ ၁၆.၄၇ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပြီး မနှစ်တုန်းကဆိုရင် ၃.၃၂ ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။

ဘေဂျင်းနဲ့ ကီလိုမီတာ ၁၀၀၀ ကျော် ကွာဝေးတဲ့ စီးပွားရေးမြို့တော် ရှန်ဟိုင်းမှာတော့ ကူးစက်နှုူန်း မြင့်တက်လာတဲ့အတွက် ကျောင်းတွေ ပြန်ပိတ်ပြီး အွန်လိုင်းကနေ သင်ကြားမှုတွေ ပြန်လည် စတင်ဖို့ ကျောင်းသားမိဘတွေက တောင်းဆိုလာကြပါတယ်။ ဒါ့အပြင် ခရစ္စမတ်ပွဲတော် နီးကပ်လာပြီး လူစုလူဝေးတွေ များပြားလာချိန်မှာ ကူးစက်မှုတွေ ဆိုးသထက် ဆိုးလာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြောင်း သိရပါတယ်။

You May Also Like

သတင်း

"ဒီကောင်တွေ အကြောက်လွန်ပြီး အစ္စလာမ်သင်္ချိုင်းကို ဖြိုချလိုက်ပြီ။ ဒီနေရာကိုဘာ ဆက်လုပ်မယ်တော့ မသိဘူး။ အကုန်လုံးအသိမ်းမခံရအောင် ငွေနဲ့လိုက်နေတယ်။ဒီနေရာက စစ်ကောင် စီအတွက် စားကျက်နေရာ။ ဘာဆက်ဖြစ်မယ်မသိဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။

နိုင်ငံတကာ

တရုတ်လက်အောက်ခံ မြို့ပြနိုင်ငံငယ်ရဲ့ အစိုးရ အဖွဲ့က လီရဲ့ ဆေးစစ်ရလဒ် အဖြေဟာ Positive ဖြစ်ခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက်မှာ အတည်ပြု ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရှိုက်သွင်းရတဲ့ ကာကွယ်ဆေးကို တရုတ် ဆေးကုမ္ပဏီ CanSino Biologicsက တီထွင်ခဲ့ပါတယ်။ ဒီဆေးဟာ လူသားတွေအတွက် ဆိုးကျိုး မရှိသလောက်နည်းတဲ့ တုပ်ကွေးဗိုင်းရပ်စ် တစ်မျိုးကို အခြေခံပြီး တီထွင် ထုတ်လုပ်ထားကြောင်း သိရပါတယ်။

သတင်း

NUG အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနကလည်း ​မြန် မာနိုင်ငံတွင် ရက်သတ္တနှစ်ပတ်အတွင်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု နှစ်ဆတိုးလာသည်ကိုတွေ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏စာရင်းများကို ကိုးကားပြီး သတိပေးသည်။