Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး မောသစ်ရွှေဆိုင်ပိုင်ရှင်နေအိမ်ကနေ ဆိုင်အသွား အိမ်ရှေ့မှာတင်ဓားပြတိုက်ခံရ

ဒီနေ့မနက်ပိုင်းဆိုင်ဖွင့်ဖို့အသွား နေအိမ်ကနေ အထွက်မှာပဲ အသင့် စောင့်နေတဲ့ ဆိုင်ကယ်စီး လူ ၂ ဦးက ရွှေထည့်ထားတဲ့ ခြင်းတောင်း ၂ တောင်းကို ဓားပြတိုက်လုယက်သွားတာလို့ မန္တလေး ရဲတပ်ဖွဲ့နဲ့နီးစပ်သူက ရရှိ တဲ့အချက်အလက်ကိုပြောပြပါတယ်။

မန္တလေး မောသစ်ရွှေဆိုင်ပိုင်ရှင်နေအိမ်ကနေ ဆိုင်အသွား အိမ်ရှေ့မှာတင်ဓားပြတိုက်ခံရ
မန္တလေး မောသစ်ရွှေဆိုင်ပိုင်ရှင်နေအိမ်ကနေ ဆိုင်အသွား အိမ်ရှေ့မှာတင်ဓားပြတိုက်ခံရ

မန္တလေးမြို့ ၊ပြည်ကြီးတံခွန်မြို့နယ်ထဲက မောသစ်ရွှေဆိုင်ပိုင်ရှင် နေအိမ် ကနေ ဆိုင်အသွား အိမ် ရှေ့မှာ ဒီနေ့မနက်ပိုင်း ၇ နာရီ ခန့်က ဓားပြတိုက်ခံလိုက်ရတယ်လို့ စစ်အုပ်စု လက်အောက်ခံ မန္တလေး ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးထံကသိရပါတယ်။

ဒီနေ့မနက်ပိုင်းဆိုင်ဖွင့်ဖို့အသွား နေအိမ်ကနေ အထွက်မှာပဲ အသင့် စောင့်နေတဲ့ ဆိုင်ကယ်စီး လူ ၂ ဦးက ရွှေထည့်ထားတဲ့ ခြင်းတောင်း ၂ တောင်းကို ဓားပြတိုက်လုယက်သွားတာလို့ မန္တလေး ရဲတပ်ဖွဲ့နဲ့နီးစပ်သူက ရရှိ တဲ့အချက်အလက်ကိုပြောပြပါတယ်။

ပါသွားတဲ့ ခြင်းတောင်းထဲက ရွှေပမာဏကိုတော့မသိရသေးပါဘူး။

မောသစ်ရွှေဆိုင်ဟာ မန္တလေး ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေထဲမှာ ရွှေဆိုင်ဖွင့်ထားပါတယ်။

ဒီနေ့ဖြစ်စဉ်ပါရင် အာဏာသိမ်းပြီးနောက် မောသစ်ရွှေဆိုင်ဟာ ၃ ကြိမ်မြောက် ဓားပြတိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။

မောသစ်ရွှေဆိုင်တွေဟာ ၂၀၂၁ ခုနှစ်အောက်တိုဘာလအတွင်းနဲ့ ပြီးခဲ့တဲ့ဇူလိုင်လတွေအတွင်းဓားပြတိုက်ခံခဲ့ရပါတယ်။

You May Also Like

သတင်း

မနေ့က လည်း မန္တလေး တံတားဦးမြို့ အနီးကို ဗဟိုပြုပြီးလှုပ်တဲ့ အင်အားအသင့်အတင့်ရှိတဲ့ ၅.၂ ရစ်ချ်တာစကေးငလျင်ကြောင့် အင်းဝမြို့ဟောင်းနဲ့ မင်းကွန်းဒေသက ရှေးဟောင်းသာသနိက အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာရှိခဲ့ပါတယ်။

သတင်း

ဒေါက်တာဇော်မြင့်မောင်ဟာ ထောင်တွင်းကနေ မန္တလေးဆေးရုံကြီးကို တက်ရောက်ခဲ့ရတာဖြစ်ပြီး ဆေးစစ်တာတွေကို တစ်ရက်တည်းပြုလုပ်ခဲ့ရတယ်လို့ နီးစပ်သူတစ်ဦးကပြောပြပါတယ်။

သတင်း

ဘီယာဆိုင်ကိုဝိုင်းလိုက်ပြီး ဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၅ ဦးကို ရိုက်နှက်ဖမ်းဆီးသလိုလူငယ်တွေ စီးလာတဲ့ ဆိုင်ကယ် ၂ စီးကိုလည်း သိမ်းသွားတယ်လို့သိရပါတယ်။

သတင်း

Zeus Club သည် မန္တလေးမြို့ ၅၅×၃၀(ဘီ) လမ်းတွင်ရှိပြီး နေ့စဉ်ပိတ်ရက်မရှိဖွင့်လှစ်ကာ ပျော်ပွဲရွှင်ပွဲများပြုလုပ်နေသည့်ဆိုင် ဖြစ်သည်။