Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ် ပျူရွာနှစ်ရွာမှ ပျူစောထီးများအားပါဆယ်မိုင်းပို့ တိုက်ခိုက်

မွန်းလွဲ ၁၂ နာရီ ၁၅မိနစ်ခန့်ကလည်း တည်သီး‌တောကျေးရွာအနောက်ဘက်ရှိ ညောင်ကိုင်းရွာမှ ပျူများထံ ပါဆယ်မိုင်းဖြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိကာ သေဆုံးနိုင်ခြေရှိကြောင်း C&T SHWEBO အဖွဲ့က ထပ်မံအသိပေးသည်။

အသုံးပြုခဲ့သော ပါဆယ်မိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ- C&T SHWEBO
အသုံးပြုခဲ့သော ပါဆယ်မိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ- C&T SHWEBO

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ပျူရွာနှစ်ရွာမှ ပျူစောထီးများထံ ပါဆယ်မိုင်းပို့ တိုက်ခိုက်ရာ အထိအခိုက်ရှိကြောင်း C&T SHWEBOအဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၁၉ ရက်) နံနက် ၇နာရီခန့်က ရွှေဘိုမြို့နယ်ရှိ ပျူကြီးစိုးရာ တည်သီးတောကျေးရွာမှ ပျူစောထီးများထံ ပါဆယ်မိုင်းပို့၍ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း C&T SHWEBO အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မွန်းလွဲ ၁၂ နာရီ ၁၅မိနစ်ခန့်ကလည်း တည်သီး‌တောကျေးရွာအနောက်ဘက်ရှိ ညောင်ကိုင်းရွာမှ ပျူများထံ ပါဆယ်မိုင်းဖြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိကာ သေဆုံးနိုင်ခြေရှိကြောင်း C&T SHWEBO အဖွဲ့က ထပ်မံအသိပေးသည်။

အဆိုပါ ပျူအား ဆေးကုသရန် ဆေးဆရာသွားပင့်ရာတွင် မလိုက်သဖြင့်သေနတ်ဖြင့်ခြိမ်းခြောက် ခေါ်ဆောင်‌သွားသည်ဟု C&T SHWEBO အဖွဲ့က ဆိုသည်။

ယင်းစစ်ဆင်ရေးကို C&T SHWEBO (LPDF)အဖွဲ့နှင့် တိုက်နယ်(၂) မဟာမိတ်ညီနောင်ရဲဘော်များက ‌ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းပြီး မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ C&T SHWEBO အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

တည်သီးတောကျေးရွာသည် ပျူစောထီးကြီးစိုးရာ ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ စစ်ကြောင်းထိုးဖျက်ဆီးသတ်ဖြတ်မှုများ ပြုလုပ်နေသည်။

You May Also Like

သတင်း

ပျူစောထီးကြီးစိုးရာ တောပုရွာမှ ပျူများသည် စစ်အုပ်စုနှင့်ပေါင်း၍ PDFအဖွဲ့ဝင်များအားဖမ်းဆီးသတ်ဖြတ်ခြင်း၊ပြည်သူများအား ခြိမ်းခြောက်ငွေညှစ်ခြင်းများ ပြုလုပ်နေသည်။

သတင်း

မြစ်ခြေ - ကျွန်းချောင်းလမ်းတွင် ယခင်ကလည်း စစ်ကောင်စီလက်အောက်ခံ ပျူများနှင့် ဒေသတွင်းPDFများ ပစ်ခတ်မှုအချို့ ရှိခဲ့ဖူးသည်။

သတင်း

ဒီဇင်ဘာ ၁၄ ရက်က ရွာမိဿာရွာအနီးသို့ စစ်ကြောင်းထိုးလာသော အင်အား(၁၀၀)ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်သေဆုံးပြီး ၁၅ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အညာကာကွယ်ရေးတပ် ADFက အသိပေးသည်။

သတင်း

စစ်ဆေးရေးပြုလုပ်နေသော စစ်ကောင်စီတပ်သား လေးဦးအား ဝင်ရောက်ပစ်ခတ်ခဲ့ရာ သုံးဦးမှာ နေရာတင် ပွဲချင်းပြီး သေဆုံးပြီး ကျန် တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိပြီး သေဆုံးနိုင်ချေရှိကြောင်း ထုတ်ပြန်သည်။