Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လက်ဆောင်ရထားတဲ့ ဗုံးပစ်လောင်ချာကြောင့် ပိုလန်ရဲချုပ် ရုံးခန်းမှာ ပေါက်ကွဲမှုဖြစ်

လောလောဆယ်တော့ ဇင်မ်ဆစ်ခ်ဟာ ဥရောပ သမဂ္ဂ ပြင်ပက စစ်လက်နက်တွေကို ပိုလန်ပိုင်နက်ထဲ ယူဆောင်လာတဲ့ အတွက်ရော၊ ရုံးခန်းထဲမှာ ထားရှိတဲ့ ကိစ္စကြောင့်ပါ ဝေဖန်မှုတွေ ကြုံတွေ့နေကြောင်းလည်း သိရပါတယ်။

လက်ဆောင်ရထားတဲ့ ဗုံးပစ်လောင်ချာကြောင့် ပိုလန်ရဲချုပ် ရုံးခန်းမှာ ပေါက်ကွဲမှုဖြစ်
လက်ဆောင်ရထားတဲ့ ဗုံးပစ်လောင်ချာကြောင့် ပိုလန်ရဲချုပ် ရုံးခန်းမှာ ပေါက်ကွဲမှုဖြစ်

ပိုလန်နိုင်ငံက ရဲချုပ်ရုံးခန်းမှာ ပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ်ဟာ လက်ဆောင်ရတဲ့ ဗုံးပစ်လောင်ချာ တစ်ခုကြောင့်လို့ ကြေညာခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာ ဝါဆောမြို့က ပိုလန်ရဲချုပ် ရုံးခန်းမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ အစောပိုင်းမှာ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ရှေ့နေချုပ်ရုံးတို့က အကြောင်းရင်း အတိအကျ မထုတ်ပြန်ခဲ့ပါဘူး။ ဒါကြောင့်လည်း အဲဒီဖြစ်စဉ်ဟာ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုခုနဲ့ ဆက်နွှယ်နေမလားဆိုတဲ့ စိုးရိမ်မှုတချို့ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာ ၁၇ ရက်မှာတော့ ပိုလန်ရဲချုပ် ဂျာရိုစလော် ဇင်မ်ဆစ်ခ် ကိုယ်တိုင်က အဲဒီ ပေါက်ကွဲမှုဟာ ယူကရိန်းဆီက လက်ဆောင်ရထားတဲ့ ဗုံးပစ်လောင်ချာ တစ်ခုကြောင့်သာ ဖြစ်တယ်လို့ သတင်းထောက်တွေဆီ အတည်ပြုချက် ပေးသွားခဲ့ပါတယ်။ ဇင်မ်ဆစ်ခ်က သူဟာ ယူကရိန်းဆီက ထူးထူးခြားခြား လက်ဆောင်တွေအဖြစ် လက်နက် နှစ်ခုကို ရရှိထားကြောင်း ပြောပြပါတယ်။

အသုံးပြုပြီးသား ဗုံးပစ်လောင်ချာတွေကို နေရာရွှေ့ပြောင်းချိန်မှာ တစ်ခုက ရုတ်တရက် ထပေါက်ခဲ့တာလို့ ရဲချုပ်က ဆိုပါတယ်။ သူဟာ ဒီဖြစ်စဉ်မှာ ထိခိုက် ဒဏ်ရာ ရခဲ့တာကြောင့် ဆေးရုံတက်ခဲ့ရပါသေးတယ်။

ပိုလန်သတင်းဌာန RMFရဲ့ အဆိုအရ ဇင်မ်ဆစ်ခ်ဟာ ပိုလန် အစိုးရ ကိုယ်စားလှယ် အဖွဲ့တစ်ခုနဲ့အတူ ယူကရိန်း နိုင်ငံကို သွားရောက် လည်ပတ်တဲ့အချိန် ယူကရိန်း ရဲတပ်ဖွဲ့နဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဌာန တာဝန်ရှိသူတွေက အဲဒီလက်နက်တွေကို အမှတ်တရ လက်ဆောင် ပေးလိုက်တာလို့ သိရပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ယူကရိန်း ရဲတပ်ဖွဲ့နဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ဌာနတွေကလည်း ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ပိုလန် ရဲတပ်ဖွဲ့ကလည်း ရဲချုပ်ရဲ့ စကားနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ အကျယ်တဝင့် မရှင်းပြခဲ့ပါဘူး။

လောလောဆယ်တော့ ဇင်မ်ဆစ်ခ်ဟာ ဥရောပ သမဂ္ဂ ပြင်ပက စစ်လက်နက်တွေကို ပိုလန်ပိုင်နက်ထဲ ယူဆောင်လာတဲ့ အတွက်ရော၊ ရုံးခန်းထဲမှာ ထားရှိတဲ့ ကိစ္စကြောင့်ပါ ဝေဖန်မှုတွေ ကြုံတွေ့နေကြောင်းလည်း သိရပါတယ်။

You May Also Like

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဆီမီရူ မီးတောင်ကြီး ပေါက်ကွဲပြီး မီးခိုးလုံးတွေနဲ့ မီးခိုးပြာတွေကို မှုတ်ထုတ်ခဲ့ပါတယ်။ ပူပြင်းတဲ့ ချော်ရည်တွေကလည်း မီးတောင်ရဲ့ တောင်စောင်း ဧရိယာတွေတလျှောက် အရှိန်ပြင်းပြင်း စီးကျလာခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုဖြစ်ပြီးသည့်နောက် စစ်ကောင်စီတပ်သည် မြို့မရပ်ကွက်ရုံးအနီးပတ်ဝန်းကျင်၌ နေထိုင်သူဒေသခံများအား ခေါ်ယူပြီး စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေသည်ဟု Mudon Information ၏ ဖော်ပြချက်အရ သိရသည်။

သတင်း

ဒီဇင်ဘာ ၂ရက် ည ၆နာရီခွဲခန့်တွင် စစ်ကောင်စီတပ်နှင့် ရဲစခန်းရှိရာအနီး ဖားကန့်မြို့လယ်ရှိ Jade Cityရှေ့အဝိုင်းပတ်နေရာ၌ မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့သည်ဟု ဆိုသည်။

သတင်း

တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် မဟာမိတ်တပ်ဖွဲ့တစ်ခုမှ ရဲဘော်နှစ်ဦးသည် ယမန်နေ့(ဒီဇင်ဘာ၁ရက်) ညနေတွင် အထက်ပါအတိုင်း မိုင်းရှင်းလင်းရေးလုပ်ဆောင်စဥ် ပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးခဲ့ရ​​​ခြင်းဖြစ်သည်။