Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာနှစ်ရွာမှ နေအိမ် ၇၀၀ခန့် ပြာကျ

ယမန်နေ့ (ဒီဇင်ဘာ၂၆ ရက်) ညနေ ၅နာရီခန့်က ဒီပဲယင်းမြို့ပေါ် ဆရာစံခန်းမမှ ထွက်လာ​သော တပ်ရင်း (၇၀၁)၏ အင်အား(၆၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကြည်ရွာနှင့် ဘုရားထွက်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသော ဘုရားထွက်ရွာနှင့် ကြည်ရွာနေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-အဖြူရောင် DPY ပကဖ
မီးရှို့ဖျက်ဆီးခံခဲ့ရသော ဘုရားထွက်ရွာနှင့် ကြည်ရွာနေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-အဖြူရောင် DPY ပကဖ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့၍ ဘုရားထွက်ရွာနှင့် ကြည်ကျေးရွာတို့မှ နေအိမ် ၇၀၀ ခန့် မီးလောင်ကျွမ်းခဲ့ကာ ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ၂၆ ရက်) ညနေ ၅နာရီခန့်က ဒီပဲယင်းမြို့ပေါ် ဆရာစံခန်းမမှ ထွက်လာ​သော တပ်ရင်း (၇၀၁)၏ အင်အား(၆၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကြည်ရွာနှင့် ဘုရားထွက်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဘုရားထွက်ရွာတွင် နေအိမ်​ ၄၀၀ခန့် မီးလောင်ကျွမ်းခဲ့ကာ ၁၅အိမ်ခန့်သာကျန်ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ကြည်ရွာတွင် အိမ်​ခြေ ၃၀၀ ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ဂူတော်ကြီးကျောင်း၌ စစ်ရှောင်နေသည့် ဒေသခံပြည်သူ ၂၀ခန့်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း၊အမျိုးသား သုံးဦးနှင့်အမျိုးသမီး ၁၇ ဦးခန့်ပါရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ကြည်ရွာ၊ ဘုရားထွက် ကျေးရွာများရှိ နေအိမ်များအပြင် ဆန်၊ စပါး၊ အသုံးဆောင်ပစ္စည်းများစွာကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း အဖြူရောင် DPY ပကဖအဖွဲ့က ပြောသည်။

“ကြည်ရွာထဲ ရှင်းလင်းရေးဝင်ချိန် ပြည်သူပိုင်နေအိမ်အတွင်းမှာလဲ စကစ အလောင်း လို့ ယူဆရတဲ့ အလောင်း(၁)လောင်းတွေ့တယ်။”ဟု အဖြူရောင် DPY ပကဖအဖွဲ့က ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် ဒီဇင်ဘာအတွင်းကျေးရွာ (၂၂)ရွာက အိမ်ခြေ ၂,၉၀၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ အာဏာသိမ်းကာလတလျှောက် ဒီပဲယင်းမြို့နယ်အတွင်း နေအိမ်ပေါင်း ၄,၂၀၀ကျော်ခန့် မီးရှို့ဖျက်ဆီးခံရပြီး မီးလောင် ဆုံးရှုံးခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

You May Also Like

သတင်း

ယနေ့(ဒီဇင်ဘာ ၂၈ ရက်) နံနက် ၁၁နာရီ မိနစ်၄၀ခန့်က စတင်ကာ စစ်ကောင်စီ၏ တပ်မ(၃၃) စစ်ကြောင်းသည် မြင်းဆည်ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဒီဇင်ဘာ ၁၆ ရက်တွင်အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) ဖြင့်စွပ်စွဲ၍ အလုပ်နဲ့ထောင်ဒဏ် ၄နှစ်ချမှတ်ခဲ့သည်။

သတင်း

ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁နာရီ ၁၀မိနစ်ခန့် အာဏာသိမ်းစစ်ကောင်စီတပ်သည် Su-30 တိုက်လေယာဉ်ဖြင့် အထူးဒေသ(၁) မုံးကိုးခရိုင် လိုင်ရင်ဒေသရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) ခံတပ်ကို ဗုံး ၁၀လုံးကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

CDM ဆရာဝန်တွေ ၊သူနာပြုတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးမှာ ပဲ စစ်ကောင်စီတပ်ဟာ ဆေးခန်းပိုင်ရှင်ကိုဖမ်းပြီးဆေးခန်းကို ချိတ်ပိတ်တာတွေလည်းလုပ်ခဲ့ပါတယ်။