Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မြောက်ကိုရီးယားကို တုံ့ပြန်ဖို့ ကိုရီးယား ကျွန်းဆွယ်မှာ အမေရိကန်လေတပ် အင်အားပြ ဖြန့်ကျက်

အမေရိကန်ဟာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေ တင်ဆောင် ပစ်ခတ်နိုင်တဲ့ B-52 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေအပြင် ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း လေကြောင်းစိုးမိုးရေး တိုက်လေယာဉ်တွေလို့ သတ်မှတ် ခံထားရတဲ့ F-22 တွေကိုပါ တောင်ကိုရီးယားဆီ စေလွှတ်ပေးခဲ့ပါတယ်။

မြောက်ကိုရီးယားကို တုံ့ပြန်ဖို့ ကိုရီးယား ကျွန်းဆွယ်မှာ အမေရိကန်လေတပ် အင်အားပြ ဖြန့်ကျက်
မြောက်ကိုရီးယားကို တုံ့ပြန်ဖို့ ကိုရီးယား ကျွန်းဆွယ်မှာ အမေရိကန်လေတပ် အင်အားပြ ဖြန့်ကျက်

ဒေသတွင်းမှာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် လေတပ်ဟာ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေနဲ့ ကမ္ဘာပေါ်မှာ နည်းပညာ အမြင့်ဆုံး တိုက်လေယာဉ်တွေကို ဖြန့်ကျက်စေခဲ့ပါတယ်။

အမေရိကန်ဟာ မဟာမိတ် တောင်ကိုရီးယား နိုင်ငံအပေါ် ခြိမ်းခြောက်လာမှု မှန်သမျှကနေ တားဆီး ကာကွယ်ပေးမယ်ဆိုတဲ့ ကတိကဝတ်ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှု တစ်ခုမှာ အမေရိကန် လေတပ်ရဲ့ အဆင့်အမြင့်ဆုံး လေယာဉ်တွေ ပူးပေါင်း ပျံသန်းစေခဲ့တာလို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

အမေရိကန်ဟာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေ တင်ဆောင် ပစ်ခတ်နိုင်တဲ့ B-52 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေအပြင် ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း လေကြောင်းစိုးမိုးရေး တိုက်လေယာဉ်တွေလို့ သတ်မှတ် ခံထားရတဲ့ F-22 တွေကိုပါ တောင်ကိုရီးယားဆီ စေလွှတ်ပေးခဲ့ပါတယ်။

တောင်ကိုရီးယား လေတပ်ရဲ့ F-15နဲ့ F-35 တိုက်လေယာဉ်တွေကလည်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု အစီအစဉ်မှာ ပါဝင်ခဲ့ကြကြောင်း သိရပါတယ်။ အမေရိကန်ဟာ ရေဒါရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက်နည်းပညာ ပေါင်းစပ်ထားတဲ့ ပဉ္စမမျိုးဆက် F-22တွေကို ၄ နှစ်တာအတွင်း ပထမဆုံး အကြိမ်အဖြစ် တောင်ကိုရီးယားဆီ ပြန်လည် ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ F-22တွေဟာ အမေရိကန် လေတပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိပ်ဆုံးအဆင့် ပိုင်ဆိုင်မှုတွေလို့ သတ်မှတ်နိုင်ပြီး အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်တွေကိုတောင် ဝယ်ယူခွင့် မပြုဘဲ တားမြစ်ထားတာပါ။

ပြီးခဲ့တဲ့ လပိုင်းအတွင်း မြောက်ကိုရီးယားဟာ ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုတွေကို အရှိန်မြှင့်တင်လာပြီး ဒေသတွင်းက အမေရိကန် မဟာမိတ်ဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကို ခြိမ်းခြောက်တဲ့ အရိပ်အယောင်တွေ ပိုမို ပြသလာတဲ့နောက် အမေရိကန် လေတပ်က အဆင့်အမြင့်ဆုံး လေယာဉ်တွေကို တောင်ကိုရီးယားမှာ ဖြန့်ကျက်စေခဲ့တာပါ။

မြောက်ကိုရီးယားက နိုင်ငံရဲ့ ပထမဆုံး စစ်ထောက်လှမ်းရေး ဂြိုဟ်တု လွှတ်တင်ဖို့ လိုအပ်တဲ့ လက်တွေ့ စမ်းသပ်မှုတွေ အကုန်လုံး ပြီးမြောက် အောင်မြင်ခဲ့ပြီလို့ ကြွေးကြော်ပြီး ရက်ပိုင်း အတွင်းမှာပဲ အမေရိကန် လေတပ်ရဲ့ အဆင့်အမြင့်ဆုံး စစ်လက်နက်တွေက ကိုရီးယား ကျွန်းဆွယ်ကို ရောက်ရှိလာပြီး တုံ့ပြန် အင်အားပြခဲ့တာလည်း ဖြစ်ပါတယ်။

You May Also Like

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ စစ်ထောက်လှမ်းရေး ဂြိုဟ်တုတစ်လုံး လွှတ်တင်ဖို့အတွက် နောက်ဆုံးနဲ့ အရေးအကြီးဆုံးအဆင့် စမ်းသပ်မှု တစ်ခုကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ကြေညာပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည့် ဗိုက်ဒါက ၎င်း၏ တာ၀န်ထမ်းဆောင်မှုပြီးဆုံးချိန်တွင် မြန်မာပြည်သူများထံ သတင်းစကားပါးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ အခုနှစ်အတွင်း ဒုံးကျည် အမျိုးအစား ပေါင်းစုံကို စံချိန်တင် အရေအတွက်ထိ စမ်းသပ် ပစ်လွှတ်ခဲ့သလို နျူကလီးယားဗုံး တစ်လုံးကို စမ်းသပ် ဖောက်ခွဲဖို့လည်း စီစဉ်နေကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရတွေက စွပ်စွဲ ပြောဆိုထားပါတယ်။

သတင်း

NDAA ကို အောက်လွှတ်တော်က အတည်ပြုပြီး နောက် ၈ ရက်အကြာတွင် အထက်လွှတ်တော်က ထပ်မံအတည်ပြုပေးလိုက်ခြင်းဖြစ်သည်။ ယင်းသို့ ကာလတိုအတွင်း လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်သဖြင့် မကြာမီအတွင်း သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးကာ အတည်ပြုနိုင်ဖွယ်ရှိနေသည်။