Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ငြိမ်းချမ်းရေး အစီအမံ အကောင်အထည်ဖော်ရေး အိန္ဒိယ ကူညီဖို့ ယူကရိန်း သမ္မတ တိုက်တွန်း

ဝန်ကြီးချုပ် မိုဒီက ယူကရိန်း-ရုရှား ပဋိပက္ခကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ စားနပ်ရိက္ခာနဲ့ အရေးပေါ် လုံခြုံရေးလို ကဏ္ဍတွေမှာ အကျပ်အတည်းတွေ ဖြစ်ပေါ်လာတာကို စိုးရိမ်ကြောင်း ဇီလန်စကီးကို ပြောဆိုခဲ့တယ်လို့လည်း အိန္ဒိယ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေး အစီအမံ အကောင်အထည်ဖော်ရေး အိန္ဒိယ ကူညီဖို့ ယူကရိန်း သမ္မတ တိုက်တွန်း
ငြိမ်းချမ်းရေး အစီအမံ အကောင်အထည်ဖော်ရေး အိန္ဒိယ ကူညီဖို့ ယူကရိန်း သမ္မတ တိုက်တွန်း

ငြိမ်းချမ်းရေး အစီအမံ အကောင်အထည်ဖော်ရေးအတွက် အိန္ဒိယက ပါဝင် ကူညီပေးဖို့ မျှော်လင့်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီကို ပြောကြားခဲ့ပါတယ်။

နိုင်ငံခေါင်းဆောင် နှစ်ဦးဟာ ဒီဇင်ဘာ ၂၆ ရက်က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အိန္ဒိယဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ ကြားနေတဲ့ သဘောမျိုး ရပ်တည်နေပြီး တစ်ဖက်မှာတော့ ရုရှားနဲ့ ကုန်သွယ်မှုတွေကို မြှင့်တင်လာနေခဲ့ပါတယ်။ နောက်ပြီး ရုရှားဆီက ရေနံ ဝယ်ယူမှု အများဆုံး နိုင်ငံအဖြစ်လည်း အိန္ဒိယက ရပ်တည်နေပါတယ်။

မိုဒီဟာ ယူကရိန်းနဲ့ရော၊ အနောက်နိုင်ငံတွေနဲ့ပါ မိတ်မပျက်အောင် ဆက်ဆံရေးကို ထိန်းညှိထားပေမယ့် စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေကိုတော့ လိုက်လံ ကျင့်သုံးမှု မရှိခဲ့ပါဘူး။

ဇီလန်စကီးက သူ့အနေနဲ့ ငြိမ်းချမ်းရေး အစီအမံ တစ်ခုကို အတည်ပြု ကြေညာခဲ့ပြီး လက်တွေ့ အကောင်အထည် ဖော်ဖို့အတွက် အိန္ဒိယကို ယုံကြည် ကိုးစားချင်တယ်လို့ Twitterမှာ ရေးသားခဲ့ပါတယ်။

ဇီလန်စကီးနဲ့ မိုဒီတို့ ဖုန်းပြောပြီးတဲ့နောက် အိန္ဒိယ အစိုးရက သီးခြား ထုတ်ပြန်ရာမှာ မိုဒီက စစ်ပွဲမှာ နှစ်ဖက်စလုံးက ရန်လိုတိုက်ခိုက်မှုတွေ အမြန်ဆုံး ရပ်တန့်ဖို့ သူ့ရဲ့ သဘောထားကို ထပ်မံ အသိပေး တောင်းဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။ မိုဒီက ရုရှား-ယူကရိန်း ပဋိပက္ခကို သံတမန်ရေး နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့လည်း တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ဇီလန်စကီးဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ နိုဝင်ဘာလတုန်းက ကျင်းပခဲ့တဲ့ G20 ထိပ်သီး ညီလာခံမှာ စစ်ပွဲ ရပ်ဆိုင်းရေးအတွက် အဆိုပြုချက် ၁၀ ခုပါတဲ့ ငြိမ်းချမ်းရေး အစီအမံ တစ်ရပ်ကို တင်ပြခဲ့ပါတယ်။ အိန္ဒိယဟာ လာမယ့်နှစ်မှာ G20ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ နေရာကို တာဝန်ယူမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် မိုဒီက ယူကရိန်း-ရုရှား ပဋိပက္ခကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ စားနပ်ရိက္ခာနဲ့ အရေးပေါ် လုံခြုံရေးလို ကဏ္ဍတွေမှာ အကျပ်အတည်းတွေ ဖြစ်ပေါ်လာတာကို စိုးရိမ်ကြောင်း ဇီလန်စကီးကို ပြောဆိုခဲ့တယ်လို့လည်း အိန္ဒိယ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယဟာ စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားကို တရားဝင် ရှုတ်ချတာမျိုး လုံးဝ မရှိပေမယ့် ဒီစစ်ပွဲကို လုံးဝ မလိုလားကြောင်းတော့ အခိုင်အမာ ရပ်တည်ပြခဲ့ပါတယ်။ စက်တင်ဘာလတုန်းကလည်း မိုဒီဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံချိန်မှာ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ပြန်ဦးတည်ဖို့ ဖိအားပေး တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပူတင်က သူဟာ ယူကရိန်း အရေးနဲ့ ပတ်သက်ရင် လက်ခံနိုင်လောက်တဲ့ ကမ်းလှမ်းမှုတွေအတွက် ဆွေးနွေးဖို့ အသင့်ရှိနေကြောင်း ထုတ်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဇီလန်စကီးရဲ့ ကိုယ်ရေး အရာရှိ တစ်ဦးကတော့ ပူတင်ဟာ အမှန်တကယ် စစ်ပြေငြိမ်းလိုတာ မဟုတ်ဘဲ အရပ်သားတွေကို တိုက်ခိုက်နေတဲ့ သူ့ရဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ ကြိုးစားနေရုံသာ ဖြစ်ကြောင်း ဝေဖန်ထားပါတယ်။

You May Also Like

နိုင်ငံတကာ

အသက် ၅၄ နှစ်အရွယ် အမျိုးသားဟာ ဘရာစေးလီယာ မြို့တော်က လေဆိပ်တစ်ခုနားမှာ ဆီတင်ယာဉ်ကြီး တစ်ခုကို ဖောက်ခွဲဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ဗုံးမကွဲခဲ့ဘဲ အစီအစဉ် ပျက်ခဲ့သလို ကိုယ်တိုင်လည်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ရုရှားဟာ ယူကရိန်းကို ဒုံးကျည်တွေနဲ့ ကာလရှည်ကြာ ပစ်ခတ်နေခဲ့ရာမှာ အန်ဂဲလ်စ်ကို အဓိက ခြေကုပ်စခန်း တစ်ခုအနေနဲ့ အသုံးချခဲ့တယ်လို့လည်း သိရပါတယ်။

သတင်း

“မြန်မာပြည်သူများအတွက် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ခရစ္စမတ်လက်ဆောင်ပါ”ဟု မြန်မာ့အရေးလေ့လာသူ ဒေါက်တာမီမီဝင်းဘတ်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားသည်။

ဗီဒီယို

မိန့်ခွန်း မပြောခင်မှာ ဇီလန်စကီးက ပလော့စီကို ယူကရိန်း အလံတစ်ခု ပေးအပ်ခဲ့ပါတယ်။ အဲဒီ အလံဟာ အမေရိကန် ခရီးစဉ် မတိုင်ခင် တစ်ရက်မှာ ဇီလန်စကီးကိုယ်တိုင် ရှေ့တန်း စစ်မျက်နှာပြင်ထိ သွားရောက်ခဲ့ချိန်က ယူကရိန်း စစ်သားတွေ စုပေါင်း လက်မှတ်ထိုးထားတဲ့ အလံ ဖြစ်ပါတယ်။