Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

သမ္မတသစ် ကျမ်းကျိန်ပွဲ ပျက်အောင် ဗုံးခွဲဖို့ စီစဉ်ခဲ့သူကို ဘရာဇီး ရဲတပ်ဖွဲ့ ဖမ်းဆီး

အသက် ၅၄ နှစ်အရွယ် အမျိုးသားဟာ ဘရာစေးလီယာ မြို့တော်က လေဆိပ်တစ်ခုနားမှာ ဆီတင်ယာဉ်ကြီး တစ်ခုကို ဖောက်ခွဲဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ဗုံးမကွဲခဲ့ဘဲ အစီအစဉ် ပျက်ခဲ့သလို ကိုယ်တိုင်လည်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သမ္မတသစ် ကျမ်းကျိန်ပွဲ ပျက်အောင် ဗုံးခွဲဖို့ စီစဉ်ခဲ့သူကို ဘရာဇီး ရဲတပ်ဖွဲ့ ဖမ်းဆီး
သမ္မတသစ် ကျမ်းကျိန်ပွဲ ပျက်အောင် ဗုံးခွဲဖို့ စီစဉ်ခဲ့သူကို ဘရာဇီး ရဲတပ်ဖွဲ့ ဖမ်းဆီး

သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုမယ့် အစီအစဉ် ပျက်ပြယ်အောင် မိုင်းခွဲဖို့ စီစဉ်ထားသူ တစ်ဦးကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ဘရာဇီး ရဲတပ်ဖွဲ့က ကြေညာပါတယ်။

သူဟာ လာမယ့် ရက်ပိုင်းမှာ သမ္မတသစ်အဖြစ် လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားက ကျမ်းသစ္စာ ကျိန်ဆိုမယ့် အစီအစဉ် ပျက်သွားအောင် အကြီးအကျယ် ကမောက်ကမ ဖြစ်စေမယ့် အဖျက်လုပ်ရပ် တစ်ခုကို ကြံစည်ထားခဲ့တာလို့ ဆိုပါတယ်။

အသက် ၅၄ နှစ်အရွယ် အမျိုးသားဟာ ဘရာစေးလီယာ မြို့တော်က လေဆိပ်တစ်ခုနားမှာ ဆီတင်ယာဉ်ကြီး တစ်ခုကို ဖောက်ခွဲဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ဗုံးမကွဲခဲ့ဘဲ အစီအစဉ် ပျက်ခဲ့သလို ကိုယ်တိုင်လည်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဘရာဇီး သမ္မတဟောင်း လူလာဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တကျော့ပြန် အနိုင်ရခဲ့တဲ့နောက် ဇန်နဝါရီ ၁ ရက်မှာ ဘရာဇီး သမ္မတ နေရာကို တကျော့ပြန် တာဝန်ယူခွင့် ရတော့မှာပါ။ ဒါပေမဲ့ လက်ရှိ သမ္မတ ဂျဲရ် ဘော်လ်ဆိုနာရိုက သူ့ရဲ့ ရွေးကောက်ပွဲ အရေးနိမ့်မှုကိုရော၊ လူလာရဲ့ အနိုင်ရမှုကိုပါ အတိအလင်း ဝန်ခံတာမျိုး မရှိသေးပါဘူး။

ဘော်လ်ဆိုနာရိုရဲ့ လက်ယာစွန်း ထောက်ခံသူတွေကလည်း လူလာကို သမ္မတ မဖြစ်ထိုက်ဘူးလို့ ကန့်ကွက်နေပြီး လိုအပ်ရင် ဘရာဇီး စစ်တပ်ကပါ အာဏာသိမ်းသင့်တယ်လို့ တောင်းဆိုခဲ့ကြပါတယ်။ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ဖျက်ဆီးဖို့ ဗုံးခွဲမယ့် အခုအကြံအစည်ကိုလည်း ဘော်လ်ဆိုနာရို ထောက်ခံသူ တချို့က ဝိုင်းဝန်း ပံ့ပိုးခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

တကယ်လို့ အဲဒီဆီတင်ကားကြီးသာ အပြင်းအထန် ပေါက်ကွဲရင် မြို့တော်မှာ အရှုပ်အထွေးတွေ ဖြစ်ကုန်ပြီး ကျမ်းသစ္စာ ကျိန်ဆိုပွဲပျက်အောင် သံသယ တရားခံ အမျိုးသားက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ သူထောင်ထားတဲ့ ဖောက်ခွဲရေး ကိရိယာကို ဆီတင်ကား ယာဉ်မောင်းက မတော်တဆ ရှာတွေ့သွားရာက ရဲတွေဆီကို အကြောင်းကြားခဲ့တာပါ။

လူလာ သမ္မတ ဖြစ်လာရင် တရားရေး ဝန်ကြီး အနေနဲ့ တာဝန်ယူမယ့် ဖလာဗီယို ဒီနိုကတော့ အခုဖြစ်စဉ်ကို အကြောင်းပြုပြီး ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် ကြိုတင် ပြင်ဆင်ထားတဲ့ လုံခြုံရေး အစီအမံတွေကို ပြန်လည် သုံးသပ်ပြီး အားဖြည့်သင့်တာတွေ ဖြည့်သွားမယ်လို့ ပြောကြားထားပါတယ်။

You May Also Like

သတင်း

အဆိုပါ ဖမ်းဆီးမှုတွင် ပုလောဒေသကာကွယ် ရေးတပ်ဖွဲ့ (PRDF) ၊ ပုလောပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PPDF)နှင့် အရိပ်ပြောက်ကျားတပ်ဖွဲ့ (PSGF)တို့ ပူးပေါင်းပါဝင်ခဲ့သည်။

သတင်း

“မြန်မာပြည်သူများအတွက် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ခရစ္စမတ်လက်ဆောင်ပါ”ဟု မြန်မာ့အရေးလေ့လာသူ ဒေါက်တာမီမီဝင်းဘတ်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားသည်။

သတင်း

ဒီဇင်ဘာလ ၂၁ ရက်က မဟာမုနိဘုရားကြီး ၊၄၅ တာကွင်းမှာ မဘသတွေ နဲ့ စစ်အုပ်စုလိုလားသူတွေက NUG ၊ PDF ကိုအကြမ်းဖက်လို့စွပ်စွဲပြီးဆန့်ကျင် ဆန္ဒပြကြတာပါ။

ဗီဒီယို

မိန့်ခွန်း မပြောခင်မှာ ဇီလန်စကီးက ပလော့စီကို ယူကရိန်း အလံတစ်ခု ပေးအပ်ခဲ့ပါတယ်။ အဲဒီ အလံဟာ အမေရိကန် ခရီးစဉ် မတိုင်ခင် တစ်ရက်မှာ ဇီလန်စကီးကိုယ်တိုင် ရှေ့တန်း စစ်မျက်နှာပြင်ထိ သွားရောက်ခဲ့ချိန်က ယူကရိန်း စစ်သားတွေ စုပေါင်း လက်မှတ်ထိုးထားတဲ့ အလံ ဖြစ်ပါတယ်။