Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်သာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထံမှလက်နက် PDFသိမ်းယူ

မြင်းခြံမြို့နယ်တွင် ယခင်လပိုင်းအတွင်းကလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထံ PDF အဖွဲ့က ယူနီဖောင်းဖြင့် သွားရောက်ပြီး လက်နက်များသိမ်းဆည်းခဲ့သေးသည်။

သိမ်းဆည်းခဲ့သော လက်နက််နှစ်လတ်နှင့်ကျည်များအား တွေ့ရစဉ်၊ ဓာတ်ပုံ-NRDF
သိမ်းဆည်းခဲ့သော လက်နက််နှစ်လတ်နှင့်ကျည်များအား တွေ့ရစဉ်၊ ဓာတ်ပုံ-NRDF

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထံမှ သေနတ် နှစ်လက် သိမ်းဆည်းခဲ့ကြောင်း Natogyi Regional Defence Force-NRDFသတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက် ၈နာရီခွဲခန့်က တောင်သာမြို့နယ်၊ ရသစ်ကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပျူစောထီး ဦးကျော်လှိုင်၏ နေအိမ်သို့ ဝင်ရောက်စီးနင်းပြီး ဦးကျော်လှိုင်ထံမှ တူမီးသေနတ်တစ်လတ်၊ ပွိုင့် ၂၂ လက်လုပ်သေနတ်တစ်လတ်နှင့် ကျည်အချို့ သိမ်းဆည်းခဲ့ကြောင်း NRDFသတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“အရပ်ဝတ်နဲ့ ဝင်သိမ်းခဲ့တာပါ။ အုပ်ချုပ်ရေးမှူးကိုတော့ ဘာမှ မလုပ်ခဲ့ပါဘူးဗျ။”ဟု ၎င်းတာဝန်ခံက ပြောသည်။

မြင်းခြံမြို့နယ်တွင် ယခင်လပိုင်းအတွင်းကလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထံ PDF အဖွဲ့က ယူနီဖောင်းဖြင့် သွားရောက်ပြီး လက်နက်များသိမ်းဆည်းခဲ့သေးသည်။

You May Also Like

သတင်း

(၄၅)မိနစ်ခန့်ကြာတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ အရာရှိ(၁)ဦးအပါအဝင်(၆)ဦး သေဆုံးခဲ့ပြီး (၁၂)ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ​ပဲခူးခရိုင်PDF ကထုတ်ပြန်သည်။PDFများမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

သတင်း

စစ်ကောင်စီတပ်က ဂျက်လေယာဉ်အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပေ။

သတင်း

စစ်ကောင်စီများရှိသည့်နေရာဖြစ်သောကြောင့် စစ်ဆင်ရေးလုပ်ဆောင်ပြီးချိန်တွင် ပြန်လည်ထွက်ခွာခဲ့ရသောကြောင့် အထိအခိုက်အတိအကျကိုမသိရသေးကြောင်း ၎င်းက ဆိုသည်။

သတင်း

ယနေ့ တိုက်ပွဲငြိမ်သက်နေသော်လည်း ကော့ကရိတ်မြို့နှင့်အနီးဝန်းကျင်၌ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများရှိနေသည်ဟု ဒေသခံက ပြောသည်။