Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ခဲ့ဟု KIAအသိပေး

စစ်ကောင်စီတပ်က ဂျက်လေယာဉ်အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပေ။

အင်းတော်တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်သူများအား သယ်ဆောင်ရာတွင် အသုံးပြုသည့် ထမ်းစဉ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - IR
အင်းတော်တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်သူများအား သယ်ဆောင်ရာတွင် အသုံးပြုသည့် ထမ်းစဉ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - IR

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မဲဇာကျေးရွာအနီး၌ ဒီဇင်ဘာ ၂၇ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ် ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းမှ တိုက် ခိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

မဲဇာတောင်တွင် တပ်စွဲနေရာယူနေသည့် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာစဉ် KIA/KPDF ပူးပေါင်းတပ်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့၍ နှစ်ဖက်ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ဂျက်လေယာဉ်အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပေ။

Public Service Announcement
Public Service Announcement

အင်းတော်တွင် တပ်စွဲနေရာယူထားသည့် စစ်ကောင်စီတပ်ကလည်း အနီးဝန်းကျင်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူများ နေအိမ်အနီး ကျရောက် ပေါက်ကွဲခဲ့သည်ဟု KIAက ဆိုသည်။

အင်းတော်ဒေသခံ PDFက မဲဇာရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ယမန်နေ့တွင် ပြောကြားထားသည်။

ရှမ်းမြောက် KIA တပ်မဟာ(၆)၊ တပ်ရင်း(၃၆) နယ်မြေတစ်ဝိုက် မုံးကိုးဒေသတွင်လည်း စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး ဗုံးကြဲတိုက်ခိုက်မှုလည်းရှိခဲ့ကြောင်း KIAသတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

You May Also Like

သတင်း

(၄၅)မိနစ်ခန့်ကြာတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ အရာရှိ(၁)ဦးအပါအဝင်(၆)ဦး သေဆုံးခဲ့ပြီး (၁၂)ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ​ပဲခူးခရိုင်PDF ကထုတ်ပြန်သည်။PDFများမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

သတင်း

မြင်းခြံမြို့နယ်တွင် ယခင်လပိုင်းအတွင်းကလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထံ PDF အဖွဲ့က ယူနီဖောင်းဖြင့် သွားရောက်ပြီး လက်နက်များသိမ်းဆည်းခဲ့သေးသည်။

သတင်း

စစ်ကောင်စီများရှိသည့်နေရာဖြစ်သောကြောင့် စစ်ဆင်ရေးလုပ်ဆောင်ပြီးချိန်တွင် ပြန်လည်ထွက်ခွာခဲ့ရသောကြောင့် အထိအခိုက်အတိအကျကိုမသိရသေးကြောင်း ၎င်းက ဆိုသည်။

သတင်း

ယနေ့ တိုက်ပွဲငြိမ်သက်နေသော်လည်း ကော့ကရိတ်မြို့နှင့်အနီးဝန်းကျင်၌ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများရှိနေသည်ဟု ဒေသခံက ပြောသည်။