Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လစဉ် မြန်မာနိုင်ငံသား ၄ သောင်းနီးပါး နိုင်ငံကိုစွန့်ခွာနေကြ

ပြည်ပကို ထွက်ခွာကြသူတွေအပြင် ပြည်တွင်းမှာလည်း နေရာစွန့်ခွာ ထွက်ပြေးနေရသူတွေ များပြားလာတယ်လို့ IOM ကပြောပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကျဆင်းမှုနဲ့အတူ အလုပ်အကိုင်ရှားပါးလို့ ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ သွားရောက်စဉ် ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားများ(ဓာတ်ပုံ − ဘန်ကောက်ပို့စ်)
စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကျဆင်းမှုနဲ့အတူ အလုပ်အကိုင်ရှားပါးလို့ ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ သွားရောက်စဉ် ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားများ(ဓာတ်ပုံ − ဘန်ကောက်ပို့စ်)

စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် လစဉ် မြန်မာနိုင်ငံသား ၄ သောင်းခန့် နိုင်ငံကိုစွန့်ခွာနေကြတယ်လို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာရွှေ့ပြောင်းသူများဆိုင်ရာ အဖွဲ့အစည်း(IOM) က ဒီဇင်ဘာလ ၂၈ ရက်မှာထုတ်ပြန်ပါတယ်။

ပဋိပက္ခတွေဖြစ်ပွားနေတာ ၊စီးပွားရေးအကျပ်အတည်းကိုကြုံရတာအပြင်အခြားသောအကြောင်းအရာတွေကြောင့် နိုင်ငံကိုစွန့်ခွာနေကြတာဖြစ်ပြီးအများစုဟာထိုင်းနိုင်ငံကိုသွားရောက်ကြတယ်လို့ IOM က ဆိုထားပါတယ်။

ပြည်ပကို ထွက်ခွာကြသူတွေအပြင် ပြည်တွင်းမှာလည်း နေရာစွန့်ခွာ ထွက်ပြေးနေရသူတွေ များပြားလာတယ်လို့ IOM ကပြောပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကစပြီး ပြည်တွင်းမှာ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူဦးရေဟာ ၁သန်းကျော်ရှိလာပြီလည်းဖြစ်ပါတယ်။

ဒီစာရင်းထဲမှာ စစ်ကိုင်းတိုင်းတစ်ခုထဲကတင်လူဦးရေ ၆ သိန်းကျော် ပါဝင်တယ်လို့ IOM က ဖော်ပြပါတယ်။

လာမယ့် ၂၀၂၃ ခုနှစ်မှာလည်း မြန်မာနိုင်ငံမှာ ပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေ ဆက်ပြီး အခက်အခဲ ကြုံတွေ့ရဦးမှာဖြစ်ပြီး ကိုဗစ် ကုသမှုနဲ့ ကာကွယ်မှုတွေလည်း အခက်အခဲတွေရှိနေတဲ့အတွက် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေပိုများလာမယ်လို့ IOM က တွက်ဆထားပါတယ်။

ဒါအပြင် လာမယ့် ၂၀၂၃ မှာ စစ်တပ်က လုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲကြောင့် ဒီနှစ်ထက်ပိုဆိုးမယ့်အခြေအနေတွေကြုံလာရနိုင်တယ်လို့ IOM က ပြောထားပါတယ်။

You May Also Like

သတင်း

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ကြုံလာရတဲ့ ပြည်တွင်း မတည်ငြိမ်မှုတွေ ၊စီးပွား​ရေး၊လူမှု​ရေးအကြပ်အတည်း​တွေက အခုလို အခြေအနေတွေ ပေါ်ပေါက်လာအောင် တိုက်ရိုက် တွန်းအားပေးနေတယ်လို့လည်း IOMက ဆိုပါတယ်။

သတင်း

ပရက်ဆွန်ခွန်းကိုယ်တိုင် မြန်မာ့အရေးကို စူပါမန်းပင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ခရီးစဉ် ၂ ကြိမ်အပြီး မီဒီယာမှာဖွင့်ဟသွားပါတယ်။

သတင်း

ဒီနေ့ နေ့လယ်ပိုင်း ANZ ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ လုပ်ငန်းတွေကို လာမယ့်နှစ် အစောပိုင်းရပ်နားမယ်လို့သိရပါတယ်။

သတင်း

သဝဏ်လွှာတွင်CPC၏ခိုင်မာသည့် ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများသည် ကြီးမားသည့်အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံနှင့် စီးပွားရေးဖွံ့ဖြိုးရေးတွင်လည်း ကြီးမားသောအောင်မြင်မှုများရရှိခဲ့ကြောင်း ဖော်ပြသည်။