Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါက်တာခလမ်ဆမ်ဆွန်အား မြစ်ကြီးနားထောင်သို့ ပို့ဆောင်ပြီး ၁၇(၁)ဖြင့် အမှုဖွင့်ထားဟု ကချင်သတင်းရင်းမြစ်ပြော

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဒီဇင်ဘာ ၅ရက်တွင် မန္တလေးမြို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွန်အား မြစ်ကြီးနားထောင်သို့ ပို့ဆောင်ပြီး ၁၇(၁)ဖြင့် အမှုဖွင့်ထားဟု ကချင်သတင်းရင်းမြစ်ပြော
ဒေါက်တာခလမ်ဆမ်ဆွန်အား မြစ်ကြီးနားထောင်သို့ ပို့ဆောင်ပြီး ၁၇(၁)ဖြင့် အမှုဖွင့်ထားဟု ကချင်သတင်းရင်းမြစ်ပြော

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ခေါင်းဆောင်တစ်ဦးဖြစ်သည့် သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီကဖမ်းဆီးပြီး မြစ်ကြီးနားထောင်သို့ ပို့ဆောင်ထားပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားကြောင်း ကြားသိရသည်ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဒီဇင်ဘာ ၅ရက်တွင် မန္တလေးမြို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“သူများအခုပြောတာ ထောင်ကြီးမှာ ရောက်ပြီလို့တော့ ပြောတာကြားတယ်။ ထောင်ရောက်ပြီဆိုတာ မြစ်ကြီးနားထောင်လို့ပြောတယ်။ ၁၇(၁)နဲ့ ဆွဲတယ်လို့ ကြားတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန် အမှုဖွင့်ခံရခြင်းနှင့်ပတ်သက်ပြီး KBC တာဝန်ရှိသူအချို့ထံ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။ KBCအနေဖြင့် ဒေါက်တာခလမ်ဆမ်ဆွန်၏ ကျန်းမာရေးအခြေအနေနှင့် ထားရှိသည့်နေရာကိုသိလိုကြောင်း စစ်ကောင်စီခေါင်းဆောင်ထံ စာပို့မေးမြန်းထားပြီး အကြောင်းပြန်ကြားချက်ရမရကို စုံစမ်းနေဆဲဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွန်အား အမြန်ဆုံးပြန်လွှတ်ပေးရန် KBCနှင့် ကချင်အသိုင်းအဝိုင်းအပြင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း ပုဂ္ဂိုလ်များက တောင်းဆိုထားသည်။ထို့ပြင် ဒေါက်တာခလမ်ဆမ်ဆွန်လွတ်မြောက်ရေးလှုပ်ရှားမှုကိုလည်း ကချင်အဖွဲ့များက ပြုလုပ်လျက်ရှိသည်။

မတရားဖမ်းဆီးခံထားရသည်မှာ ရက်ပေါင်း ၂၀ကျော်ကြာပြီဖြစ်သည့် ဒေါက်တာခလမ်ဆမ်ဆွန် အမြန်ဆုံး လွတ်မြောက်ရေး Facebookတွင် ပရိုဖိုင်ပုံပြောင်းခြင်းဖြင့် လူထုဆန္ဒထုတ်ဖော်မှု တစ်ရပ်ကိုလည်း Kachin State Civilian Movement က ယမန်နေ့(ဒီဇင်ဘာ ၂၈ရက်)က စတင်လုပ်ဆောင်လျက်ရှိသည်။ အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်ကြရန် KSCMက တိုက်တွန်းထားပြီး နိုင်ငံတကာရောက် ကချင်လူမျိုးများ ကချင်ပြည်သူ တိုင်းရင်းသားများအားလုံး ဆန္ဒထုတ်ဖော်မှု၌ ပါဝင်ကြရန် ဖိတ်ခေါ်ထားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ယမန်နေ့နံနက်ပိုင်းကလည်း စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာ၊ သုံးလင့်ရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့သည်။

သတင်း

ဒီဇင်ဘာ ၂၆ ရက်က ကံကြီးကုန်းရွာရှိ ပျူစခန်းနှင့် အမြင့်ရဲစခန်းတို့အား ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

သတင်း

ဒီဇင်ဘာ ၂၇ ရက် နံနက် ၁ နာရီ ၅၄ မိနစ်ခန့်ကလည်း ငါးဇွန်မြို့နယ်၊ ဆုံရွာတွင် တပ်စွဲနေထိုင်သောပျူများအား ဒေသတွင်း PDFများက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

သတင်း

တမူးမြို့တွင် လတ်တလော၌ တိုက်ပွဲများ ငြိမ်သက် နေသည်။ ဒီဇင်ဘာ၂၇ရက်က တမူးမြို့မှ ပျူစောထီးခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။