Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်ခဲယမ်းဝယ်ယူရာတွင် ငွေကြေးဆုံးရှုံးမှုအချို့ရှိခဲ့၍ ထပ်မံဝယ်ယူနိုင်ရေးအကူအညီပေးကြရန် ကြာညှပ်(ပကဖ) မေတ္တာရပ်ခံ

ကြာညှပ်(ပကဖ)အနေဖြင့် လွန်ခဲ့သော တစ်ပတ်ခန့်က လုပ်ငန်းသုံးပစ္စည်းများဝယ်ယူခဲ့ရာ မမျှော်လင့်သော အခက်အခဲအချို့ကြောင့် ကျပ်သိန်း (၆၀)ကျော် ဆုံးဆုံးခဲ့ရသည်ဟု ဆိုသည်။

(ကြာညှပ်(ပကဖ)မှ တော်လှန်ရေးရဲဘော်အချို့အား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)
(ကြာညှပ်(ပကဖ)မှ တော်လှန်ရေးရဲဘော်အချို့အား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)

တပ်ဖွဲ့အတွက် လက်နက်ခဲယမ်းများဝယ်ယူရာတွင် လှူဒါန်းထားသော ငွေကြေးအချို့ဆုံးရှုံးခဲ့ရသောကြောင့် ထပ်မံဝယ်ယူနိုင်ရေး ထောက်ပံ့ကူညီပေးကြရန် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ – ကြာညှပ်က မေတ္တာရပ်ခံ အသိပေးလိုက်သည်။

ကြာညှပ်(ပကဖ)အနေဖြင့် လွန်ခဲ့သော တစ်ပတ်ခန့်က လုပ်ငန်းသုံးပစ္စည်းများဝယ်ယူခဲ့ရာ မမျှော်လင့်သော အခက်အခဲအချို့ကြောင့် ကျပ်သိန်း (၆၀)ကျော် ဆုံးဆုံးခဲ့ရသည်ဟု ဆိုသည်။

တော်လှန်ရေးအဖွဲ့အစည်းတစ်ခု ရေရှည်ရပ်တည်နိုင်ရန်မှာ သတင်းပေးခြင်းနှင့် ထောက်ပံ့ကူညီခြင်းတို့မှာ အဓိ ကကျသောကြောင့် လုပ်ငန်းသုံးပစ္စည်းများဝယ်ယူရန်နှင့် စားနပ်ရိက္ခာအတွက် ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် ကြာညှပ်(ပကဖ)က တိုက်တွန်းသည်။

“ကျွန်တော်တို့ ခုလိုမျိုး Postတင် အကူညီတောင်းတာ ပထမဆုံးပါ။ အဓိကက လစဉ်အလှူရှင်လိုမရှိတော့ အလျင်မှီဖို့ဆိုတာ တော်တော်လေးရုန်းကန်ရတဲ့အခြေနေပါ”ဟု ကြာညှပ်(ပကဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ် အနေဖြင့် စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား ရရာနည်းဖြင့် တော်လှန်ရေးအောင်မြင်သည်အထိ နောက်မဆုတ်ဘဲ တိုက်ပွဲဝင်တော်လှန်သွားပါမည်ဟု ကတိသစ္စာပြုထားသည်။

You May Also Like

သတင်း

တိုက်ပွဲ ငြိမ်သွားပြီး စစ်ရေးပြေလျော့သည့်အခြေအနေတွင် MNDAAက နယ်မြေရှင်းလင်းရာ တွေ့ရှိခဲ့သည့် လက်နက်နှင့် ခဲယမ်းများကို စုစည်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်ခံရသော ရထားသည် ခရီးသည်တင်ရထားတွဲများပါဝင်ခြင်းမရှိဘဲ ကုန်ပစ္စည်းအချို့နှင့် စစ်တပ်၏ လက်နက်ခဲယမ်းများတက်ဆောင်လာသည့် ရထားခရီးစဥ်တစ်ခုလည်းဖြစ်သည်။

သတင်း

ဟားခါး နှင့် ထန်တလန်တွင် စစ်ကောင်စီတပ်များကို ချင်းအမျိုးသားတပ်မတော်(CNA)ပါဝင်သည့် ချင်းပူးပေါင်းတပ်တို့က မကြာခဏတိုက်ခိုက်လျက်ရှိသည်။

သတင်း

KIA တပ်မဟာ(၉) တပ်ရင်း(၆)နယ်မြေ မဒဲယန်တွင် ဒီဇင်ဘာ ၆ရက် ညနေ ၄နာရီ ကစပြီး စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။