Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နှစ်သစ်ကူးညအတွက် ရန်ကုန်မှာ ညမထွက်ရအမိန့် စစ်ကောင်စီ ပယ်ဖျက်

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း ပုံမှန်လည်ပတ်နေသယောင် နိုင်ငံတကာကိုပြသနိုင်ဖို့ တစိုက်မတ်မတ် လုံးပမ်းခဲ့ပါတယ်။

စစ်ကောင်စီက ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ ပြီးခဲ့တဲ့ သီတင်းကျွတ်ဈေးရောင်းပွဲတော်
စစ်ကောင်စီက ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ ပြီးခဲ့တဲ့ သီတင်းကျွတ်ဈေးရောင်းပွဲတော်

လာမယ့် နှစ်သစ်ကူးည ရန်ကုန် မှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပဖို့ဆိုပြီး စစ်ကောင်စီ က ညမထွက်ရအမိန့် ကို ဒီဇင်ဘာလ ၃၁ ရက် တစ်ရက်တာပယ်ဖျက်တယ်လို့ ကြေညာလာပါတယ်။

ရန်ကုန်မြို့ ၊ပြည်သူ့ရင်ပြင်မှာ နှစ်သစ်ကူးပွဲတော် ကို မီးရှုးမီးပန်းတွေ ဖောက်တာ ၊စတိတ်ရှိုး ပွဲတွေ နဲ့ စည်ကားအောင်ကျင်းပမယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

ဒါကြောင့် ညမထွက်ရအမိန့်ကို ဒီဇင်ဘာလ ၃၁ ရက် ည ၁၂ နာရီ မှ နောက်နေ့ ဇန်နဝါရီ ၁ ရက်မနက် ၄ နာရီအထိ ခေတ္တပယ်ဖျက်ပေးမယ်လို့ စစ်ကောင်စီကြေညာထားတာပါ။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း ပုံမှန်လည်ပတ်နေသယောင် နိုင်ငံတကာကိုပြသနိုင်ဖို့ တစိုက်မတ်မတ် လုံးပမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ကာလတွေမှာ ဈေးပွဲတော်ကို ရန်ကုန်ပြည်သူ့ရင်ပြင်မှာ ကျင်းပပေမယ့် မစည်ကားခဲ့ပါဘူး။

You May Also Like

သတင်း

အဆိုပါ အမျိုးသမီး လေးဦးအား PDFများကို ထောက်ပံ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားသည့် ဓာတ်ပုံများကို စစ်ကောင်စီ၏ ဝါဒဖြန့် Fifty Two Telegram Channelက ဖော်ပြထားသည်။

သတင်း

အဆိုပါ ဒရုန်းစစ်ဆင်ရေးကို Black Eagle Defence Force - MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)နှင့်အတူ မြင်းမူမြို့နယ် (ပကဖ)၊ လျှပ်တပြတ်စွန်ညို ​ပြောက်ကျားစစ်သည်တော်များအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

စစ်ကိုင်းမြို့နယ်တွင် ဒီဇင်ဘာ ၂၁ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းက ဆားတောင်တိုက်နယ်ရှိ ကျေးရွာ ငါးရွာကို မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်ပေါင်း ၈၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် ယမန်နေ့နံနက်ပိုင်းကလည်း စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာ၊ သုံးလင့်ရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့သည်။