Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းတွင် ကင်းပုန်းဝပ်ရန်လာသောစစ်ကောင်စီတပ်အား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

အဆိုပါ ဒရုန်းစစ်ဆင်ရေးကို Black Eagle Defence Force – MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)နှင့်အတူ မြင်းမူမြို့နယ် (ပကဖ)၊ လျှပ်တပြတ်စွန်ညို ​ပြောက်ကျားစစ်သည်တော်များအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

မုံရွာ - မန္တလေးလမ်းတွင် ကင်းပုန်းဝပ်ရန်လာသောစစ်ကောင်စီတပ်အား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်
မုံရွာ - မန္တလေးလမ်းတွင် ကင်းပုန်းဝပ်ရန်လာသောစစ်ကောင်စီတပ်အား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေး လမ်းမကြီးပေါ်တွင် ကင်းပုန်းဝပ်ရန်ထွက်လာသော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force -MMU သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့(ဒီဇင်ဘာ၂၉ ရက်) ညနေ ၃နာရီအချိန်မှ ၃နာရီခွဲခန့်အထိ မုံရွာ – မန္တလေး လမ်းမကြီးပေါ်ရှိရေပိုးစားရွာနှင့် နတ်ရေကန်ကျေးရွာကြား ကင်းပုန်းဝပ်ထွက်လာသော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် သုံးကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force -MMU သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ ဒရုန်းချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု အထက်ပါ တာဝန်ခံက ဆိုသည်။

“သူတို့လာတာက ၁၀ယောက်ကျော်လောက်ရှိမယ်။ သေဆုံးဒဏ်ရာရ အရေအတွက်ကို ဆက်စုံစမ်းနေပါတယ်။”ဟု Black Eagle Defence Force -MMU သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ ဒရုန်းစစ်ဆင်ရေးကို Black Eagle Defence Force – MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)နှင့်အတူ မြင်းမူမြို့နယ် (ပကဖ)၊ လျှပ်တပြတ်စွန်ညို ​ပြောက်ကျားစစ်သည်တော်များအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဒီဇင်ဘာ၂၆ ရက် ည ၉ နာရီ ၄၅မိနစ်ခန့်ကလည်း မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် လူမှုကူညီရေးအသင်းကားဖြင့် စစ်ကိုင်းဘက်မှ မုံရွာမြို့ဘက်သို့ထွက်ခွာလာသော စစ်ကောင်စီတပ်များကို ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြား၌ ညီနောင်မဟာမိတ်အဖွဲ့များက ရှေ့ထွက်ပြောင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း PKDF-MMU အဖွဲ့က ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

အဆိုပါ အမျိုးသမီး လေးဦးအား PDFများကို ထောက်ပံ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားသည့် ဓာတ်ပုံများကို စစ်ကောင်စီ၏ ဝါဒဖြန့် Fifty Two Telegram Channelက ဖော်ပြထားသည်။

သတင်း

စစ်ကိုင်းမြို့နယ်တွင် ဒီဇင်ဘာ ၂၁ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းက ဆားတောင်တိုက်နယ်ရှိ ကျေးရွာ ငါးရွာကို မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်ပေါင်း ၈၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် ယမန်နေ့နံနက်ပိုင်းကလည်း စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာ၊ သုံးလင့်ရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့သည်။

သတင်း

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဒီဇင်ဘာ ၅ရက်တွင် မန္တလေးမြို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။