Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းနယ်ရှိ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၍ နေအိမ် ၁၀၀ခန့်ပြာကျ

စစ်ကိုင်းမြို့နယ်တွင် ဒီဇင်ဘာ ၂၁ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းက ဆားတောင်တိုက်နယ်ရှိ ကျေးရွာ ငါးရွာကို မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်ပေါင်း ၈၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။

(မြင်းဆည်ရွာနှင့် သုံးလင့်ရွာမှ မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များအား‌ တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မြင်းဆည်ရွာနှင့် သုံးလင့်ရွာမှ မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များအား‌ တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ မြင်းဆည်ရွာနှင့် သုံးလင့်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ နှစ်ရွာပေါင်း နေအိမ် ၁၀၀ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၈ ရက်)က စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာနှင့် သုံးလင့်ကျေးရွာအားစစ်ကောင်စီ၏ တပ်မ(၃၃)က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့၍ နှစ်ရွာပေါင်း နေအိမ် ၁၀၀ခန့်မီးလောင်ပျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“နေ့လယ်ကတည်းက ဝင်ရှို့တာ။ ညအထိမီးမငြိမ်းဘူး။ မြစ်တစ်ဖက်ကမ်းကတောင် မြင်ရတယ်”ဟု နယ်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် လက်နက်ကြီးများ၊ ဒရုန်းများဖြင့်ပါ အကြောင်းမဲ့ပစ်ခတ်ခဲ့ပြီး သရက်ခြံအတွင်း ရပ်ထားသော စစ်ရှောင်ပြည်သူများ၏ ပစ္စည်းများတင်ထားသည့် ထော်လာဂျီ လေးစီးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

(မြင်းဆည်ရွာနှင့် သုံးလင့်ရွာမှ မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များအား‌ တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မြင်းဆည်ရွာနှင့် သုံးလင့်ရွာမှ မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များအား‌ တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

စစ်ကိုင်းမြို့နယ်တွင် ဒီဇင်ဘာ ၂၁ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းက ဆားတောင်တိုက်နယ်ရှိ ကျေးရွာ ငါးရွာကို မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်ပေါင်း ၈၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။

You May Also Like

သတင်း

အဆိုပါ အမျိုးသမီး လေးဦးအား PDFများကို ထောက်ပံ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားသည့် ဓာတ်ပုံများကို စစ်ကောင်စီ၏ ဝါဒဖြန့် Fifty Two Telegram Channelက ဖော်ပြထားသည်။

သတင်း

အဆိုပါ ဒရုန်းစစ်ဆင်ရေးကို Black Eagle Defence Force - MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)နှင့်အတူ မြင်းမူမြို့နယ် (ပကဖ)၊ လျှပ်တပြတ်စွန်ညို ​ပြောက်ကျားစစ်သည်တော်များအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်သည် ယမန်နေ့နံနက်ပိုင်းကလည်း စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာ၊ သုံးလင့်ရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့သည်။

သတင်း

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဒီဇင်ဘာ ၅ရက်တွင် မန္တလေးမြို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။