Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနယ် အလယ်ရှိုရွာအား စစ်အုပ်စုဝင်ရောက်ပစ်ခတ်၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

အလယ်ရှိုကျေးရွာအတွင်း ဖမ်းဆီးခံရသူ ၂၀ထက်မနည်း ရှိပြီး စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများက ဖမ်းဆီးခံထားရသူများအနက် ရှစ်ဦးထက်မနည်း အစုလိုက်သတ်ဖြတ်ထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

(စစ်အုပ်စုတပ်စွဲရာ အလယ်ရှိုကျေးရွာစာသင်ကျောင်းအား တွေ့ရစဥ်)
(စစ်အုပ်စုတပ်စွဲရာ အလယ်ရှိုကျေးရွာစာသင်ကျောင်းအား တွေ့ရစဥ်)

▪️ပြည်သူများလည်း သတ်ဖြတ်ခံထားရကြောင်း သတင်းများထွက်ပေါ်၊ စစ်အုပ်စုတပ်စွဲရာနေရာကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာအား စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်၍ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရသည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အလယ်ရှိုကျေးရွာအား ဒီဇင်ဘာ၂၈ရက် နံနက် ၅ နာရီခွဲခန့်က ရွှေဘိုလေ့ကျင့်ရေး-၈မှ စစ်ကောင်စီတပ်များက ရွှေဘို -မြစ်ကြီးနားလမ်းအတိုင်း ဝင်ရောက်လာပြီး လက်နက်ငယ်များဖြင့် အဆက်မပြတ် ရမ်းသမ်းပစ်ခတ်ဝင်ရောက်လာကြောင်း ၊ ဖမ်းဆီးခံရသူပြည်သူအများအပြားရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

အလယ်ရှိုကျေးရွာအတွင်း ဖမ်းဆီးခံရသူ ၂၀ထက်မနည်း ရှိပြီး စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများက ဖမ်းဆီးခံထားရသူများအနက် ရှစ်ဦးထက်မနည်း အစုလိုက်သတ်ဖြတ်ထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ဖမ်းဆီးခံရသူ၂၀ထက်မနည်း ရှိနေပြီး အသတ်ခံရသူမည်မျှ ရှိနေကြောင်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ အနည်းဆုံး ရှစ်ဦး ကနဦး သတင်းရရှိကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဆိုသည်။

ခင်ဦးမြို့နယ် အလယ်ရှိုကျေးရွာစာသင်ကျောင်းအတွင်း ဝင်ရောက်တပ်စွဲနေသော စစ်ကောင်စီတပ်သားများကို ယမန်နေ့(ဒီဇင်ဘာလ ၂၉ ရက်)မွန်းလွဲ၂နာရီခန့်တွင် NLGRF အဖွဲ့နှင့် နယ်မြေခံအဖွဲ့များပူးပေါင်း၍ ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့ကြောင်း NLGRFက အသိပေးသည်။

စစ်ကောင်စီတပ်သားများ အထိအခိုက်ရှိနိုင် သော်လည်း အတိအကျ မသိရသေးကြောင်း၊ အဆိုပါ စစ်အုပ်စုသည် အလယ်ရှိုကျေးရွာမှ ဒေသခံ ပြည်သူ ၁၄ဦးအား သတ်ဖြတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေကြောင်းNLGRFက ဆိုသည်။

အလယ်ရှိုကျေးရွာဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ယမန်နေ့ ညပိုင်းတွင် ဇီးကုန်းသကြားစက်မှ စစ်သားနှင့်ပျူ အင်အား ၇၀ ခန့်နှင့် ရွှေဘိုလေ့ကျင့်ရေး(၈)မှ စစ်သားများအား ၁၂ဘီးကား နှစ်စီးဖြင့် အင်အားဖြည့်တင်းထားကြောင်း NLGRFကဆိုသည်။

အနီးဝန်းကျင် ကျေးရွာ ငါးရွာခန့်က ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

အလယ်ရှိုကျေးရွာမှ ဒေသခံပြည်သူလေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ရိက္ခာနှင့်အဝတ်အထည်အပါအဝင် အခက်အခဲများရှိနေကာ အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

You May Also Like

သတင်း

နိုင်ငံတော်ပုန်ကန်မှုနှင့် ပြည်သူလူထုအပေါ် အခြားသော ပြစ်မှုပေါင်းများစွာကို ကျူးလွန်ထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများသည်သာလျှင် အပြစ်ရှိသူများဖြစ်ပြီး ပြည်သူ့တရားစီရင်မှုကို မလွဲမသွေခံယူရမည့်သူများ ဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး ပျက်ယွင်းမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်းဖော်ပြပြီး အထက်ပါနိုင်ငံ့ခေါင်းဆောင်များအပေါ် တရားစွဲ၊ ထောင်ဒဏ်ချမှတ်ခြင်းများကို နိုင်ငံရေးလှုံ့ဆော်မှုသက်သက်ဖြင့် တရားစီရင်ခြင်းဖြစ်သည်ဟု ကနဦးကတည်းက သတ်မှတ်ထားသည်။

သတင်း

ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာရှိ အကျဥ်းထောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က မှော်ပုံကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

နိုင်ငံတကာ

အစောပိုင်းမှာတော့ ယူကရိန်း သမ္မတရဲ့ အကြံပေး ပုဂ္ဂိုလ် မစ်ခေလို ပိုလ်ဒိုယက်ခ်က ရုရှား ပစ်ခတ်တဲ့ ဒုံးကျည် စုစုပေါင်း ၁၂၀ ကျော်လောက်ထိ ရှိနိုင်ပြီး အများစုက ယူကရိန်း အရပ်ဖက် ပစ်မှတ်တွေကို ဦးတည်ခဲ့တာလို့ စွပ်စွဲ ပြောဆိုခဲ့ပါသေးတယ်။