Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော ခေါင်းဆောင်များကို နိုင်ငံရေး‌လောကမှ ဖယ်ထုတ်ရန် စစ်အုပ်စုလုပ်ဆောင်နေဟု အီးယူထုတ်ပြန်

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး ပျက်ယွင်းမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်းဖော်ပြပြီး အထက်ပါနိုင်ငံ့ခေါင်းဆောင်များအပေါ် တရားစွဲ၊ ထောင်ဒဏ်ချမှတ်ခြင်းများကို နိုင်ငံရေးလှုံ့ဆော်မှုသက်သက်ဖြင့် တရားစီရင်ခြင်းဖြစ်သည်ဟု ကနဦးကတည်းက သတ်မှတ်ထားသည်။

ဥရောပပါလီမန်၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ပုံဟောင်း)
ဥရောပပါလီမန်၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ပုံဟောင်း)

သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်အုပ်စုက ထောင်ဒဏ်ထပ်မံချမှတ်ခြင်းမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော ခေါင်းဆောင်များကို နိုင်ငံရေး‌လောကမှ ဖယ်ထုတ်ရန် လုပ်ဆောင်သည့် ပြတ်သားသော ကြိုးပမ်းမှုဖြစ်ကြောင်း ဥရောပသမဂ္ဂက ယနေ့ (ဒီဇင်ဘာ ၃၀ ရက်) ထုတ်ပြန်သည်။

ယင်းသို့ ထောင်ဒဏ်ချမှတ်မှုများသည် မြန်မာနိုင်ငံတွင်း ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို သဏ္ဍန်ထင်ဟပ်နေသည်ဟု ဥရောပသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ဖော်ပြသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး ပျက်ယွင်းမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်းဖော်ပြပြီး အထက်ပါနိုင်ငံ့ခေါင်းဆောင်များအပေါ် တရားစွဲ၊ ထောင်ဒဏ်ချမှတ်ခြင်းများကို နိုင်ငံရေးလှုံ့ဆော်မှုသက်သက်ဖြင့် တရားစီရင်ခြင်းဖြစ်သည်ဟု ကနဦးကတည်းက သတ်မှတ်ထားသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာ ၆ ရက်၊ ၂၀၂၂ ဇန်နဝါရီ ၁၁ ရက် ၊ ဧပြီ ၂၇ ရက်၊ စက်တင်ဘာ ၂၉ ရက် နေ့များတွင် ထုတ်ဖော်ပြောခဲ့ပြီးဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ အမျိုးသားညီညွတ်ရေးအစိုးရ ၊ အရပ်ဖက်လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သူများအားလုံးပါဝင်သည့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုမှသာလျှင် တိုင်းပြည်တွင် ကြုံတွေ့နေရသည့် နက်ရှိုင်းသော အကျပ်အတည်းမှ လွတ်မြောက်နိုင်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ထူထောင်နိုင်မည်ဟု ဥရောပသမဂ္ဂက ယုံကြည်ထားသည်။

အဆိုပါ သဘောထားရပ်တည်ချက်မှာ ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။

ဥရောပသမဂ္ဂသည် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အများအပြားအတွက် အလွန်စိုးရိမ်လျက်ရှိပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် အရေးတကြီး တောင်းဆိုချက်ကို ယနေ့ ထပ်လောင်းပြောကြားသည်။

စစ်အာဏာသိမ်းမှု၏ ဒုတိယမြောက် နှစ်ပတ်လည် နီးကပ်လာသည်နှင့်အမျှ စစ်ကောင်စီ၏ လုပ်ရပ်များသည် လူ့ဂုဏ်သိက္ခာနှင့် ပြည်သူများ၏ ဆန္ဒကို လုံး၀ အသိအမှတ်ပြု လေးစားမှုမရှိကြောင်း ဆက်လက်ပြသနေကြောင်း အီးယူက ဆက်လက်ဖော်ပြသည်။

You May Also Like

သတင်း

နိုင်ငံတော်ပုန်ကန်မှုနှင့် ပြည်သူလူထုအပေါ် အခြားသော ပြစ်မှုပေါင်းများစွာကို ကျူးလွန်ထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများသည်သာလျှင် အပြစ်ရှိသူများဖြစ်ပြီး ပြည်သူ့တရားစီရင်မှုကို မလွဲမသွေခံယူရမည့်သူများ ဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

အလယ်ရှိုကျေးရွာအတွင်း ဖမ်းဆီးခံရသူ ၂၀ထက်မနည်း ရှိပြီး စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများက ဖမ်းဆီးခံထားရသူများအနက် ရှစ်ဦးထက်မနည်း အစုလိုက်သတ်ဖြတ်ထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

သတင်း

ဝေဒီကျေးရွာတွင် မင်္ဂလာဆောင်နှစ်ခုရှိပြီး ရွာအရှေ့ပိုင်းရှိ မင်္ဂလာဆောင်၌ ယနေ့နံနက် ၈နာရီက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဒီဇင်ဘာ ၅ရက်တွင် မန္တလေးမြို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။