Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နမခမှ ထွက်လာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာတစ်ဦးသေ

မဟာမိတ်တပ်ဖွဲ့များသည် ရှိသည့်လက်နက်ဖြင့် စစ်ကောင်စီတပ်အား တိုက်ခိုက်သွားမည်ဟု Chindwins Brothers အဖွဲ့က အသိပေးထားသည်။

ထိုမိုင်းကွင်းအား လွန်ခဲ့သောတစ်လကျော်ကတည်းက ပြင်ဆင်ထားခဲ့စဥ်၊ ဓာတ်ပုံ-Chindwins Brothers
ထိုမိုင်းကွင်းအား လွန်ခဲ့သောတစ်လကျော်ကတည်းက ပြင်ဆင်ထားခဲ့စဥ်၊ ဓာတ်ပုံ-Chindwins Brothers

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်မြို့သို့ထွက်ခွာလာသော စစ်ကောင်စီတပ်အား မုံရွာ – ဘုတလင် လမ်းမကြီးပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးကြောင်း Chindwins Brothers အဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၃၀ ရက်) မွန်းလွဲ ၁၂ နာရီခွဲခန့်က မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ အင်အား ၆၃ဦးဖြင့် ဘုတလင်မြို့သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်သားများအား ဘုတလင်မြို့အနီး မြို့၏တောင်ဘက် (၁)မိုင်ခန့်အကွာ သားရိုးကုန်းရွာအရှေ့ဘက်အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်ရရှိသွားသည်ဟု ဒေသသတင်းအမြစ်အရ သိရကြောင်း Chindwins Brothers အဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

သေဆုံးသွားသော စစ်သားကို ဘုတလင်သုဿန်၌ နေ့ချင်းသင်္ဂြိုလ်ခဲ့သည်ဟု ဆိုသည်။

ထိုမိုင်းကွင်းအား လွန်ခဲ့သောတစ်လကျော်ကတည်းက ပြင်ဆင်ထားခဲ့စဥ်၊ ဓာတ်ပုံ-Chindwins Brothers
ထိုမိုင်းကွင်းအား လွန်ခဲ့သောတစ်လကျော်ကတည်းက ပြင်ဆင်ထားခဲ့စဥ်၊ ဓာတ်ပုံ-Chindwins Brothers

အဆိုပါ မိုင်းကွင်းသည် လွန်ခဲ့သောတစ်လကျော်ကတည်းက မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ မိုင်းအလုံး ၂၀ ဖြင့် ဆင်ထားခဲ့သော်လည်း ရက်ကြာမြင့်မှုကြောင့် မိုင်းကြိုးများပြတ်နေသဖြင့် မိုင်းအားလုံး မကွဲခဲ့ရခြင်းဖြစ်ကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ဆင်ရေးအား ဗိုလ်တိုက်မောင်းပြောက်ကျားတပ်ဖွဲ့၊ တပင်ရွှေထီးဆံရှည် ပြောက်ကျားတပ်ဖွဲ့၊ Anonymous Heros ပြောက်ကျားတပ်ဖွဲ့နှင့် ဒေသခံ ပကဖ ဦးဆောင်ကာ ချိုမိုင်မိုင်(ယင်းမာပင်-ကနီ)နှင့် Chindwins Brothers မဟာမိတ်အဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

မဟာမိတ်တပ်ဖွဲ့များသည် ရှိသည့်လက်နက်ဖြင့် စစ်ကောင်စီတပ်အား တိုက်ခိုက်သွားမည်ဟု Chindwins Brothers အဖွဲ့က အသိပေးထားသည်။

You May Also Like

သတင်း

ပခန်းကြီးစခန်းတိုက်ခိုက်မှုတွင် ရဲမေတစ်ဦးနေရာတွင် သေဆုံးပြီး ထိခိုက်မှုများအား ဆက်လက်စုံစမ်းနေကြောင်း ရေစကြို(ပကဖ)က ထပ်မံအသိပေးသည်။

သတင်း

စစ်ကောင်စီသည် ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် မြို့ကြီးများ၌ နှစ်သစ်ကူးပွဲကျင်းပရန် စီစဉ်နေပြီး နှစ်သစ်ကူးညတွင် ညမထွက်ရအမိန့် သတ်မှတ်ချက်များ ခေတ္တပယ်ဖျက်ကြောင်း ကြေညာထားသည်။

သတင်း

တပ်မဟာ ၂ နယ်မြေထဲမှာ စစ်အုပ်စု ကိုအကျိုးဖြစ်ထွန်းစေမယ့် လုပ်ရပ်နဲ့အကျိုးစီးပွားမှန်သမျှကို ဆန့်ကျင် ကြဖို့လိုတယ်လို့လည်း ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ယင်းတွေကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ အိမ်ပေါင်း ၄၂ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။