Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လူထုကိုမျက်နှာမူပြီး အသုံးသတ်တိုက်ပွဲဆင်နွှဲကြရမည့် တော်လှန်ရေးဖြစ်ကြောင်း KNPP ဥက္ကဋ္ဌပြော

KNPP ဥက္ကဋ္ဌ ခူဦးရယ်၏ ၂၀၂၃ နှုတ်ခွန်းဆက် သ၀ဏ်လွှာ၌ အထပ်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။

(KNPP ​၏ ရဲဘော်များအားအပတ်စဉ်(၇၄) သင်တန်းဆင်းပွဲ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - KNPP)
(KNPP ​၏ ရဲဘော်များအားအပတ်စဉ်(၇၄) သင်တန်းဆင်းပွဲ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - KNPP)

▪️ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ပုံဖော်နိုင်ရေး ပန်းတိုင်အရောက် အတူလျှောက်လှမ်းကြရန် တိုက်တွန်း

ကရင်နီပြည်သူများနှင့် နိုင်ငံတဝှမ်းလုံးရှိ ပြည်သူ များအတွက် ထုထည်ကြီးမားနေသည့် ကဏ္ဍ အသီးသီး မှလိုအပ်ချက်များအတွက်သော်လည်းကောင်း စစ်မှန်သည့်ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်နိုင်ရေးအတွက်သော်လည်းကောင်း နိုင်ငံတဝှမ်းလုံးမှ ခေါင်းဆောင်များနှင့် အတူ နိုင်ငံတကာ ခေါင်းဆောင်များ အဖွဲ့အစည်းများနှင့် နေ့ညမပြတ် ပေါင်းစပ်ညှိနှိုင်းကာ လူထု တစ်ရပ်လုံးကို မျက်နှာမူလျက် ကျောချင်းကပ် ရင်ချင်းအပ်ပြီး အသုံးသတ်တိုက်ပွဲ ဆင်နွှဲကြရမည့် တော်လှန်ရေးကြီး ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။

KNPP ဥက္ကဋ္ဌ ခူဦးရယ်၏ ၂၀၂၃ နှုတ်ခွန်းဆက် သ၀ဏ်လွှာ၌ အထပ်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။

ယခု ကာလတွင် ရက်စက်ကြမ်းကြုတ်သည့် စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို ရဲရဲဝံ့ဝံ့ တွန်းလှန်ကာ အနာဂတ်ကို ပုံဖော်ကြမည့် လူငယ်များနှင့် လူထုတစ်ရပ်လုံးက အသက်သွေးချွေး ပေးဆပ်ရင်း အရှိန်အဟုန်မြင့်များစွာ ပါဝင်ဆင်နွဲလာကြသည့် ဤလူထုတော်လှန်ရေးသည် လာမည့် အဆက်ဆက်သော တိုင်းပြည်အနာဂတ်သစ်၏ ပြယုဂ်ပင်ဖြစ်ကြောင်း KNPP ဥက္ကဋ္ဌက ဆိုသည်။

ထို့အပြင် ထူးခြားသည့် သမိုင်းဝင် လူထုတော်လှန်ရေးကြီးတွင် နည်းလမ်းပေါင်းစုံမှ ပါဝင်စွန့်လွှတ်အနစ်နာခံပေးဆပ်ခဲ့ကြသည့် ပြည်သူ၊ လူငယ်မောင်မယ်၊ ရဲဘော်ရဲဘက်များအားလု့းကို အထူးလေးစား ဂုဏ်ယူရင်း ဦးညွှတ်အလေးပြုကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ကြမ်းတမ်းခက်ထန်သော တော်လှန်ရေးခရီးတွင် ရင်ဆိုင်ကျော်ဖြတ်ရသည့် ဆင်းရဲဒုက္ခပေါင်းများစွာတို့အပေါ် မလျော့သည့် ဇွဲ၊ လုံ့လ နှင့်အန်တုရင်း အဆုံးမရှိသော မနက်ဖြန်နေ့ရက်များ လှပသာယာစေရေးအတွက် အတူပါဝင်ယှဉ်တွဲပုံဖော်ကြသည့်အတွက်လည်း လေးစားဂုဏ်ယူအသိအမှတ်ပြုကြောင်း ဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။

၂၀၂၃ နှစ်သစ်နှင့်အတူ သမိုင်းတလျှောက်တွင် အထူးခြားဆုံးသော စည်းလုံးညီညွတ်မှု၊ မတူကွဲပြား မှုများ၏ စုစည်းမှုအောက်မှ အားနည်းချက်များကို ဆင်ခြင်သုံးသပ်ပြုပြင် ထိန်းကျောင်းရင်း အားသာ ချက်များဖြင့် အတူတကွ ပေါင်းစပ်ရင်း ခွန်အားသစ်လောင်းလျက် မိမိတို့ လိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပီပြင်စွာ အမြန်ဆုံး ပုံဖော်နိုင်ရေးအတွက် ပန်းတိုင်အရောက် အတူတကွ ဆက်လက်လျှောက်လှမ်းကြပါစို့ဟုလည်း ခူဦးရယ်က ပြောကြားသည်။

KNPP ဥက္ကဋ္ဌ အနေဖြင့် နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဆိုး၏ အကြမ်းဖက် ညှင်းပန်းနှိပ်စက်မှုများစွာအောက်တွင် အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်နစ်နာသေကြေပျက်စီးဆုံးရှုံးခဲ့ရသော ကရင်နီပြည်မှ ရဲဘော်ရဲဘက်များ လူငယ်မောင်မယ်များ လူထုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းပူဆွေး ကြေကွဲသော နှလုံးသားနှင့်အတူ ခိုင်မာသော သံန္နိဌာန်တို့ဖြင့် ရပ်တည်၍ မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးကြမ်းကို ယနေ့အထိတိုင် ဆက်လက် လျှောက်လှမ်းလျက်ရှိကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

ယာယီသမ္မက နှစ်သစ်ကူးနိုင်ငံတော်အခြေပြမိန်ခွန်းကို ယနေ့ (ဇန်နဝါရီ ၁ရက်)နံနက်တွင် ပြောကြားခဲ့ရာတွင် အထက်ပါအတိုင်းတိုက်တွန်းခဲ့ခြင်းဖြစ်သည်။

သတင်း

နိုင်ငံတော်ပုန်ကန်မှုနှင့် ပြည်သူလူထုအပေါ် အခြားသော ပြစ်မှုပေါင်းများစွာကို ကျူးလွန်ထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများသည်သာလျှင် အပြစ်ရှိသူများဖြစ်ပြီး ပြည်သူ့တရားစီရင်မှုကို မလွဲမသွေခံယူရမည့်သူများ ဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

တော်လှန်ရေး အရှိန်မြှင့်မည့် အခြေအနေတွင် စစ်ကောင်စီတပ်ဘက်ကလည်း လှည့်ကွက်များအသုံးပြု တုန့်ပြန်လာနိုင်မှု အခြေအနေကိုလည်းဦးနေဘုန်းလတ်ကသတိပေးသည်။

သတင်း

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီက ကရင်ပြည်နယ်အတွင်းစစ်ဆင်ရေး နည်းလမ်း မျိုးစုံဖြင့် အရပ်သားပြည်သူတို့ကို ပစ်မှတ်ထားထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် စစ်ဘေးဒဏ်ကျရောက်ခဲ့ခြင်း တို့ကြောင့် တော်လှန်ရုန်းကန်နေရခြင်း ထိခိုက်နစ်နာခြင်းတို့အပေါ် လေးနက်စွာ စာနာခံစားရကြောင်းလည်း NLDက ဆိုသည်။