Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးအတွေ့အကြုံရှိ ကရင်ခေါင်းဆောင်များ ဦးဆောင်မှုကြောင့် လက်ရှိအခက်အခဲများ ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း NLD သဝဏ်လွှာပို့

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီက ကရင်ပြည်နယ်အတွင်းစစ်ဆင်ရေး နည်းလမ်း မျိုးစုံဖြင့် အရပ်သားပြည်သူတို့ကို ပစ်မှတ်ထားထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် စစ်ဘေးဒဏ်ကျရောက်ခဲ့ခြင်း တို့ကြောင့် တော်လှန်ရုန်းကန်နေရခြင်း ထိခိုက်နစ်နာခြင်းတို့အပေါ် လေးနက်စွာ စာနာခံစားရကြောင်းလည်း NLDက ဆိုသည်။

(ဒူးပလာယာခရိုင် ၀င်း​ရေးမြို့နယ် ကျုံခ၀န်​ကျေးရွာ ကရင်နှစ်သစ်ကူးကွင်းတွင် စု​ပေါင်းကျင်းပသည့် ကရင်နှစ်၂၇၆၂ ခုနှစ် (၈၅)နှစ်​မြောက် ကရင်အမျိုးသားနှစ်သစ်ကူး​နေ့အခမ်းအနား မြင်ကွင်းများ၊ ဓာတ်ပုံ - KIC)
(ဒူးပလာယာခရိုင် ၀င်း​ရေးမြို့နယ် ကျုံခ၀န်​ကျေးရွာ ကရင်နှစ်သစ်ကူးကွင်းတွင် စု​ပေါင်းကျင်းပသည့် ကရင်နှစ်၂၇၆၂ ခုနှစ် (၈၅)နှစ်​မြောက် ကရင်အမျိုးသားနှစ်သစ်ကူး​နေ့အခမ်းအနား မြင်ကွင်းများ၊ ဓာတ်ပုံ - KIC)

နှစ်ပေါင်းများစွာ တော်လှန်ရေးအတွေ့အကြုံပြည့်ဝသည့် ကရင်အမျိုးသားခေါင်းဆောင်များ၏ ဦး ဆောင်မှု၊အမျှော်အမြင်ရှိမှု၊ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် လက်ရှိကြုံတွေ့ရင်ဆိုင်နေရ သည့် အခက် အခဲ အတားအဆီးများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်လိမ့်မည်ဟု အလေးအနက် ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ယနေ့ ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ သဝဏ်လွှာပေးပို့သည်။

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီက ကရင်ပြည်နယ်အတွင်းစစ်ဆင်ရေး နည်းလမ်း မျိုးစုံဖြင့် အရပ်သားပြည်သူတို့ကို ပစ်မှတ်ထားထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် စစ်ဘေးဒဏ်ကျရောက်ခဲ့ခြင်း တို့ကြောင့် တော်လှန်ရုန်းကန်နေရခြင်း ထိခိုက်နစ်နာခြင်းတို့အပေါ် လေးနက်စွာ စာနာခံစားရကြောင်းလည်း NLDက ဆိုသည်။

၂၀၂၁ ဇန်နဝါရီ ၁၄ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပေးပို့ခဲ့သည့် ကရင်အမျိုးသားနှစ်ကူးသဝဏ်လွှာတွင် ပါရှိသည့် “မိမိတို့ပြည်နယ်အတွက် ပညာနှင့်ယှဉ်တွဲသော သတ္တိရှိခြင်း၊ မိမိတို့မျိုးဆက်သစ်များအတွက်မေတ္တာနှင့် ယှဉ်တွဲသော ရဲရင့်ခြင်းသည် မွန်မြတ်သောစိတ်ဓါတ်၊ ထားအပ်သည့်ခံယူချက်၊မြင့်မြတ်သည့်တာဝန်များဖြစ်သည်ဟု ရှုမြင်လျက် ပိုမိုငြိမ်းချမ်း၊ပိုမိုတိုးတက်၊ပိုမိုကောင်းမွန် သောနှစ်သစ်ကိုလက်တွဲပူးပေါင်းဖေါ်ဆောင်ကြရန်လည်း အလေးအနက်ထားဖိတ်ခေါ်လိုပါသည်”ဆိုသည့်အချက်ကို တန်ဖိုးထား၊ အလေးထား၊ ခံယူ လျက်ရှိကြောင်း NLD၏ သဝဏ်လွှာ၌ ဖော်ပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း ကရင်အမျိုးသားခေါင်းဆောင်များ အပါအဝင် ကရင် တမျိုးသားလုံးနှင့် ထာဝရချစ်ကြည်ရင်းနှီးစွာလက်တွဲ၍ နွေးထွေးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးမှုများ စဉ်ဆက်မပျက်ဆောင်ရွက်လျှက်ရှိနေမည် ဖြစ်ပြီး အနာဂါတ် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ဖြစ်ထွန်းပေါ်ပေါက်လာရေးကို တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် ဟန်ချက်ညီညီ ပူးပေါင်းအကောင်အထည်ဖေါ်သွားကြမည်ဟု NLDက သဝဏ်လွှာပေးပို့သည်။

You May Also Like

သတင်း

ဒီဇင်ဘာ ၂၀ရက်က ကျရောက်ခဲ့သည့် ၂၇၁၄ ခုနှစ် တအာင်းနှစ်သစ်ကူးနေ့ကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

သတင်း

NDAA ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုအပြီး ၈ရက်အကြာတွင် အထက်လွှတ်တော်က ထပ်မံအတည်ပြုခဲ့သဖြင့် သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးမည့်အဆင့်သာ ကျန်ရှိသည်။

သတင်း

လာမည့် ဒီဇင်ဘာလ(၂၂)ရက်တွင် ကျရောက်မည့် ကရင်သက္ကရာဇ် (၂၇၆၂)ခုနှစ် ကရင်နှစ်သစ်ကူးနေ့တွင်ပေးပို့သော ကော်သူးလေတပ်မတော်စစ်ဦးစီးချုပ်၏ သဝဏ်လွှာမိန်းခွန့်တွင် စစ်ဦးစီးချုပ် စောနယ်ဒါးမြက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

ဦးစိန်ကျော်မိုး တို့ ဇနီးမောင်နှံဟာ ကျောင်းဆရာ ၊ဆရာမတွေဖြစ်ခဲ့တဲ့အတွက် အောင်ပန်းဝေ ဘော်ဒါ ဆောင်ကို နွားထိုးကြီးမြို့နယ် အမှတ် ၇ ရပ်ကွက်မှာဖွင့်ထားတာပါ။