Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်မြို့ပေါ်ရှိ စစ်အုပ်စုတပ်စွဲရာနေရာများကို တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ယမန်နေ့(ဇန်နဝါရီလ ၁ ရက်) ည ၁၁နာရီခွဲခန့်က ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်ချရာ စုပေါင်းရုံး၊ မီးသတ်ရုံးနှင့် ရဲစခန်းများကို မဟာမိတ်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်ဆင်ရေးတစ်ခုတွင်တွေ့ရသည့် SBTF ရဲဘော်တစ်ဦးအား တွေ့ရစဥ်)
(စစ်ဆင်ရေးတစ်ခုတွင်တွေ့ရသည့် SBTF ရဲဘော်တစ်ဦးအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ဒေသတွင်းမဟာမိတ်အဖွဲ့များပူးပေါင်းကာ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Salingyi Border Task Force – SBTF အဖွဲ့တာဝန်ခံ ရဲဘော်တံခွန်က ပြောသည်။

ယမန်နေ့(ဇန်နဝါရီလ ၁ ရက်) ည ၁၁နာရီခွဲခန့်က ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်ချရာ စုပေါင်းရုံး၊ မီးသတ်ရုံးနှင့် ရဲစခန်းများကို မဟာမိတ်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မဟာမိတ်အဖွဲ့များက ပွိုင့်နေရာအသီးသီးခွဲကာ တာဝေးပစ် လက်နက်ကြီး (၆၀)မမ၊ (၈၀)မမ၊ (၁၂၀)မမ များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့အပြင် ရဲစခန်းပေါ်သို့ လက်နက်ကြီး ကျရောက်သဖြင့် စစ်ကောင်စီတပ်များ တပ်ဖြန့်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း SBTF အဖွဲ့တာဝန်ခံ ရဲဘော်တံခွန်က ပြောသည်။

လက်နက်ငယ်ဖြင့်ပစ်ခတ်သော စစ်ကောင်စီတပ်ထံက မီးပွင့်များမြင်တွေ့ရသဖြင့် မောင်းပြန်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း၊ စစ်ကောင်စီဘက်က အထိခိုက်ကျဆုံးများနိုင်ပြီး အရေတွက်အတိအကျ မသိရသေးဟု အထက်ပါတာဝန်ခံက ဆိုသည်။

“ကျွန်တော်တို့တပ်ဖွဲ့များအနေနဲ့ တာဝေးပစ်လက်နက်ကြီးကို ပစ်မှတ်ထိရောက်နိုင်အောင် တစ်ချက်ချင်း ပစ်ခတ်ခဲ့တာကြောင့်ရယ် တက်လာတဲ့စခတွေကို လက်နက်ငယ်နဲ့အပြန်အလှန် ပစ်ခတ်ခဲ့တာကြောင့် အချိန် ၁နာရီကျော်တော့ ကြာတယ်ဗျ။ စ…(စစ်ကောင်စိတပ်သား)တွေဘက်က ထိခိုက်မှုအများဆုံးနေရာကတော့ ရဲစခန်းပါဗျ။ ရဲစခန်းဘက်က်ို ထုတော့ ပေါက်ကွဲသံနဲ့အတူ သွပ်သံတွေပါကြားရတယ်။ ပြီးတော့ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ်ပစ်ခတ်ပြီး လက်နက်ငယ်သမားတွေ ရှေ့ကိုတက်လာပြီး ပစ်တယ်။ ကျနော်တို့လည်း ငှားလာတဲ့ လက်နက်အစစ်နဲ့ပဲ ပြန်ပစ်ခဲ့ရတယ်ဗျ။”ဟု SBTF အဖွဲ့တာဝန်ခံ ရဲဘော်တံခွန်က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Salingyi Border Task Force – SBTF၊ Eagle Defense Force၊ FBGA၊ တဇောက်ကမ်းဘဂျမ်းမဟာမိတ်တပ်ဖွဲ့များနှင့် အခြားသောဒေသကာကွယ်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

“တော်လှန်ရေး၁နှစ်ကျော်ကာလမှာ လက်နက်အစစ်မရှိသော်လည်း လက်လုပ်တွေ အငှားလက်နက်အစစ်လေးနဲ့ပဲ ပွဲပေါင်း များစွာ တိုက်ခိုက်ခဲ့ကြရတာဖြစ်လို့လက်နက်စစ် ရအောင်ကြိုးစားရင်း ဆက်လက်တိုက်ပွဲနေပါအုံးမယ်။”ဟု SBTFတာဝန်ခံ ရဲဘော်တံခွန်က ဖြည့်စွက် ပြောကြားသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ညကလည်း နယ်ချင်းဆက်နေသော ဆားလင်းကြီးမြို့ပေါ်တွင်လည်း စစ်အုပ်စုတပ်စွဲရာနေရာများအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

You May Also Like

သတင်း

အဲဒီစာရင်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့အထိဖြစ်တယ်လို့သိရပါတယ်။

သတင်း

ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၁နာရီခန့်က ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာ၊ ပျူစောထီးစခန်းသို့ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူအမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်ပြီး အတိအကျမသိသေးဘဲ ရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။