Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စုလက်ချက်ကြောင့်အရပ်သားပြည်သူ ၂,၇၀၀ နီးပါးသေဆုံးခဲ့ရ

အဲဒီစာရင်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့အထိဖြစ်တယ်လို့သိရပါတယ်။

စစ်အုပ်စုလက်ချက်ကြောင့်အရပ်သားပြည်သူ ၂,၇၀၀ နီးပါးသေဆုံးခဲ့ရ
စစ်အုပ်စုလက်ချက်ကြောင့်အရပ်သားပြည်သူ ၂,၇၀၀ နီးပါးသေဆုံးခဲ့ရ

စစ်တပ်အာဏာသိမ်းချိန်ကစပြီး ၂၃ လတာအတွင်း ပြည်သူ ၁၆,၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး စစ်အုပ်စုနဲ့ လက်ပါးစေတွေလက်ချက်ကြောင့် သေဆုံးခဲ့ရသူဟာ ၂,၆၈၈ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကဒီနေ့မှာစာရင်းထုတ်ပြန်ပါတယ်။

အဲဒီစာရင်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့အထိဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူ ၁၆,၇၄၀ ဦးထဲမှာ ပြန်လည်လွတ်မြောက်လာသူတွေရှိပေမယ့် ၁၃,၂၁၇ ဦးဟာ ထိန်းသိမ်းခံရဆဲဖြစ်ပါတယ်။

အဲဒီလို ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးဦးရေဟာ ၂၀ ရာခိုင်နှုန်းပါဝင်ခဲ့ပြီး ၃,၄၅၅ ဦးရှိတယ်လို့ သိရပါတယ်။

အသက်မပြည့်သေးတဲ့ ကလေး စုစုပေါင်း ၄၈၂ ဦးဖမ်းခံခဲ့ရပါတယ်။

စစ်ကောင်စီနဲ့ လက်ပါးစေတွေနဲ့ လက်ချက်ကြောင့်သေဆုံးသူဦးရေဟာ ၂,၆၈၈ ဦးထိရှိခဲ့တယ်လို့လည်းသိရပါတယ်။

ဖမ်းဆီးခံရသူ ၊သတ်ဖြတ်ခံရသူ ဦးရေအများဆုံးဟာ ရန်ကုန်တိုင်းကဖြစ်တာကိုလည်း AAPP ရဲ့စာရင်းမှာတွေ့ရပါတယ်။

Facebook

You May Also Like

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်းဖြစ်ပွားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကာ လေးဦးဒဏ်ရာရသွားကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်း(Ka' Sar Doh Federal Column) က ပြောသည်။

သတင်း

ယမန်နေ့(ဇန်နဝါရီလ ၁ ရက်) ည ၁၁နာရီခွဲခန့်က ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်ချရာ စုပေါင်းရုံး၊ မီးသတ်ရုံးနှင့် ရဲစခန်းများကို မဟာမိတ်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်သည် လာမည့်ဇန်နဝါရီလ ၄ ရက်နေ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်တွင် ချီတက် အလေးပြုခံမည်ဖြစ်ပြီး နေပြည်တော် အပါအဝင် အမြန်လမ်းတစ် လျှောက် လုံခြုံရေးအများအပြား ချထားကြောင်းလည်းမျက်မြင်တွေ့ရှိသူများက ​ပြောသည်။

သတင်း

ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၁နာရီခန့်က ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာ၊ ပျူစောထီးစခန်းသို့ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။