Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီတပ် ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ဇန်နဝါရီ ၇ရက် နံနက် ၁၀နာရီ ၁၀မိနစ်ခန့်တွင် စစ်ကော်စီတပ်က တိုက်လေယာဉ် နှစ်စီးဖြင့် ဒေဘိုးနိုဒေသအတွင်း ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

(စစ်ကောင်စီတပ်က မူတြော်ခရိုင် အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း စစ်တိုက်လေယာဥ်ဖြင့် ဗုံးများလာရောက်ကြဲချပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - KNU-Mutraw News)
(စစ်ကောင်စီတပ်က မူတြော်ခရိုင် အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း စစ်တိုက်လေယာဥ်ဖြင့် ဗုံးများလာရောက်ကြဲချပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - KNU-Mutraw News)

တိုက်လေယာဉ်များဖြင့် ဗုံးအလုံး ၂၀ကျော်ကြဲချ တိုက်ခိုက်၊ ဒေသခံတစ်ဦး ဒဏ်ရာရပြီး အဆောက်အဦးပျက်စီးမှုရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေသို့ စစ်ကောင်စီတပ်က ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅) က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၇ရက် နံနက် ၁၀နာရီ ၁၀မိနစ်ခန့်တွင် စစ်ကော်စီတပ်က တိုက်လေယာဉ် နှစ်စီးဖြင့် ဒေဘိုးနိုဒေသအတွင်း ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

(စစ်ကောင်စီတပ်က မူတြော်ခရိုင် အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း စစ်တိုက်လေယာဥ်ဖြင့် ဗုံးများလာရောက်ကြဲချပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - KNU-Mutraw News)
(စစ်ကောင်စီတပ်က မူတြော်ခရိုင် အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း စစ်တိုက်လေယာဥ်ဖြင့် ဗုံးများလာရောက်ကြဲချပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – KNU-Mutraw News)

ထို့သို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ရွာသားတစ်ဦးဒဏ်ရာရရှိပြီး၊ အဆောက်အဦး တစ်လုံးနှင့် မော်တော်ယာဉ် တစ်စီးပျက်စီးခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ထုတ်ပြန်သည်။

ယနေ့ နံနက် ၈နာရီခန့်မှ ၉နာရီအကြားတွင်လည်း စစ်ကောင်စီတပ်သည် တိုက်လေယာဉ် ခုနစ်စီးဖြင့် ဗုံး ၂၀လုံး လာရောက်ကြဲချခဲ့ရာ ဒေသခံများ၏ လုပ်ငန်းခွင်များအတွင်း ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ လေကြောင်းမှ တိုက်ခိုက်မှုနှင့် စစ်ဆင်ရေးများပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများအတွက် အခက်အခဲများနှင့် ကြုံတွေ့ရင်ဆိုင်နေရသည့်အပြင် စိုးရိမ်ကြောက်လှန့်မှုများဖြစ်ပွားနေရသည်ဟု KNUတပ်မဟာ(၅)က ထုတ်ပြန်သည်။

You May Also Like

သတင်း

ယမန်နေ့၌ပင် မြစ်ကြီးနားဘက်မှ ချီဖွေဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို KIA တပ်မဟာ(၅) တပ်ရင်း(၃)နယ်မြေတွင် KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်က ဒေသခံများ နေထိုင်ရာရွာနှင့်လုပ်ငန်းခွင်များသို့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလပ်ခဲ့ရာ လက်နက်ကြီးပစ်ခတ်မှု နှစ်ထောင်ကျော်၊ လေကြောင်းမှ တိုက်ခိုက်မှု ၃၅ကြိမ်အတွင်း ဗုံးသီး ၁၈၀လုံးကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

အထက်ပါ မိုင်းပေါက်ကွဲမှုဖြစ်စဥ်မှ ဒဏ်ရာအပြင်းအ ထန်ရရှိသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် များ၏ နောက်ဆက်တွဲအခြေအနေကို ထပ်မံအတည်ပြု စုံစမ်းလျက်ရှိကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်ထားသည်။

သတင်း

KNU၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့ဝင် ၉ဦးကျဆုံးခဲ့ပြီး ၂၇ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။