Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်နှင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူ့စစ်သားကောင်းဖြစ်ကြောင်းပြသရန် ခလရ(၂၇၄) CDM တပ်သားပြော

တပ်သား မျိုးသက်ပိုင်သည် မင်းတပ်အခြေစိုက် အခြေစိုက် ခလရ(၂၇၄)တပ်မှ ထွက်ပြေးလာပြီး ၂၀၂၂ ဒီဇင်ဘာ ၁၅ရက်တွင် မင်းတပ် CDFထံ လက်နက်နှင့်အတူ အလင်းဝင်လာခြင်းဖြစ်သည်။

လက်နက်နှင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူ့စစ်သားကောင်းဖြစ်ကြောင်းပြသရန် ခလရ(၂၇၄) CDM တပ်သားပြော
လက်နက်နှင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူ့စစ်သားကောင်းဖြစ်ကြောင်းပြသရန် ခလရ(၂၇၄) CDM တပ်သားပြော

စစ်အာဏာရှင်လက်အောက်၌ တာဝန်ထမ်းဆောင်နေကြသည့် ရဲဘော်၊ရဲဘက်များအားလုံး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူ့စစ်သားကောင်းဖြစ်ကြောင်းပြသရန် ခလရ (၂၇၄)တပ်မှ မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ထံ အလင်းဝင်ခဲ့သည့် တပ်သားမျိုးသက်ပိုင်က ပြောကြားသည်။

တပ်သား မျိုးသက်ပိုင်သည် မင်းတပ်အခြေစိုက် အခြေစိုက် ခလရ(၂၇၄)တပ်မှ ထွက်ပြေးလာပြီး ၂၀၂၂ ဒီဇင်ဘာ ၁၅ရက်တွင် မင်းတပ် CDFထံ လက်နက်နှင့်အတူ အလင်းဝင်လာခြင်းဖြစ်သည်။

ပြည်သူရင်ခွင်ခိုလှုံခဲ့သောကြောင့် CDF မင်းတပ်ထံမှလည်း ငွေကျပ် သိန်း ၅၀ရရှိခဲ့ပြီး ဒီဇင်ဘာ ၃၁ရက်တွင်လည်း ပြည်သူ့သားကောင်းအဖွဲ့က ချီးမြှင့်ငွေ ကျပ် ၁၅သိန်းရရှိခဲ့ကြောင်း တပ်သား မျိုးသက်ပိုင်က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်အာဏာရှင်လက်အောက် တာဝန်ထမ်းဆောင်နေကြသည့် ရဲဘော်၊ ရဲဘက်များ အမြန်ဆုံး လက်နက်နှင့် ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ၎င်းက ဆိုသည်။

“ပြည်သူ့ကာကွယ်သော ပြည်သူ့စစ်သားကောင်းဖြစ်ကြောင်း အလုပ်နဲ့ သက်သေပြဖို့ အချိန်တန်ပြီ ။ ပြည်သူလူထုအပေါ်ကို လက်နက်အားကိုး အနိုင်ကျင့်နေတဲ့ စစ်အာဏာရှင်လူတစုရဲ့ လက်အောက်တွင် အမြန်ဆုံး ရုန်းထွက်နိုင်ကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု တပ်သား မျိုးသက်ပိုင်းက ပြောသည်။

စစ်ကောင်စီတပ်သည် လက်နက်ရှိတွင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလျက်ရှိပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟု ဒေသခံများက သတိပေးထားသည်။

You May Also Like

သတင်း

မိုင်းထိပြီးနောက် စစ်ကောင်စီတပ်သည် PRA မကွေးနှင့်မသက်ဆိုင်သည့် လူငယ်နှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း၊ မိုင်းထိရာအနီးရှိ မြေလတ်ကျေးရွာကိုလည်း စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း PRA-Magway သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

သတင်း

မြင်းမူမြို့နယ်တွင် မြို့ပေါ်၌လည်းကောင်း၊ မုံရွာ - လမ်းပိုင်း၌လည်းကောင်း စစ်ကောင်စီတပ်အား ဒေသတွင်းPDFများက မကြာခဏ တိုက်ခိုက်နေသည်။

သတင်း

မြင်းခြံမြို့နယ်တွင် ယခင်လပိုင်းအတွင်းကလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထံ PDF အဖွဲ့က ယူနီဖောင်းဖြင့် သွားရောက်ပြီး လက်နက်များသိမ်းဆည်းခဲ့သေးသည်။

သတင်း

ဒီဇင်ဘာလ ၂၅ ရက်မှတော့ သိပ္ပံလမ်းပေါ်မှာရှိတဲ့ နန်းတော် ပုဂ္ဂလိကဆေးရုံမှာ လူနာဟန်ဆောင်ပြီး အရပ်ဝတ်နဲ့ လူ ၂ ဦးက လာဖမ်းသွားတာလို့သိရပါတယ်။ဒီဇင်ဘာလ ၂၅ ရက်မှတော့ သိပ္ပံလမ်းပေါ်မှာရှိတဲ့ နန်းတော် ပုဂ္ဂလိကဆေးရုံမှာ လူနာဟန်ဆောင်ပြီး အရပ်ဝတ်နဲ့ လူ ၂ ဦးက လာဖမ်းသွားတာလို့သိရပါတယ်။