Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မီတာခကြွေးကျန်မဆောင်ရင် ရာသက်ပန်မီးသုံးစွဲခွင့်ပိတ်မယ်လို့ မန္တလေး EPC ခြိမ်းခြောက်

ဒီနှစ်ဆန်ပိုင်းမှာ ထုတ်ပြန်လာတဲ့ MESC ရဲ့ ထုတ်ပြန်ချက်မှာ မီတာခ ကြွေးကျန် ရဖို့အတွက် တရားစွဲဆိုတာတွေကို စတင်မယ်လို့ ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။

မီတာခကြွေးကျန်မဆောင်ရင် ရာသက်ပန်မီးသုံးစွဲခွင့်ပိတ်မယ်လို့ မန္တလေး EPC ခြိမ်းခြောက်
မီတာခကြွေးကျန်မဆောင်ရင် ရာသက်ပန်မီးသုံးစွဲခွင့်ပိတ်မယ်လို့ မန္တလေး EPC ခြိမ်းခြောက်

မန္တလေးမြို့မှာ လျှပ်စစ်မီတာကြွေးကျန်တွေကို မဆောင်ရင် ရာသက်ပန်မီးသုံးစွဲခွင့် ပိတ်ပင်ပြီး တရားစွဲမယ်လို့ စစ်ကောင်စီလက်အောက်ခံ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESD) က ထုတ်ပြန်လာပါတယ်။

ဒီနှစ်ဆန်ပိုင်းမှာ ထုတ်ပြန်လာတဲ့ MESC ရဲ့ ထုတ်ပြန်ချက်မှာ မီတာခ ကြွေးကျန် ရဖို့အတွက် တရားစွဲဆိုတာတွေကို စတင်မယ်လို့ ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။

ဒါအပြင် မီတာခကြွေးကျန် မဆောင်ရင် လျှပ်စစ်မီးသုံးစွဲခွင့်ကို ရာသက်ပန်ပိတ်ပင်မယ်လို့လည်း ဆိုထားပါတယ်။

မန္တလေးမှာ မီတာမဆောင်တဲ့ အိမ်တွေကို စစ်ကောင်စီတပ် လုံခြုံရေးအစောင့်အရှောက်နဲ့ မီးလိုက်ဖြတ်တာတွေ ရှိခဲ့ပါတယ်။

ပုသိမ်ကြီးမြို့နယ် သမ္မတော ကျေးရွာအုပ်စုထဲက ရွာ ၄ ရွာထက်နည်း မီတာမဆောင်လို့ဆိုပြီး မီးဖြတ်ထားတာဟာ ၆ လခန့်ရှိပါပြီ။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ အခွန်မရဖို့အတွက် အာဏာဖီဆန်တဲ့အနေနဲ့ လူထုဟာ မီတာမဆောင်ဘဲ ဆန့်ကျင်ခဲ့ကြတာပါ။

စစ်ကောင်စီဘက်ကလည်းမီတာမဆောင်တဲ့အိမ်တွေကို မီးဖြတ်ပြီး ပြန်လည်တုံ့ပြန်တာတွေရှိခဲ့ပါတယ်။

You May Also Like

သတင်း

စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု PAFDက အသိပေးသည်။

သတင်း

ပစ်ခတ်ခံရတဲ့အကြောင်းအရင်းကိုမသိရသေးပါဘူး။ ပြီးခဲ့တဲ့ ကာလတွေအတွင်းမန္တလေးမှာ ကျောက်သမားအချို့ သတ်ဖြတ်ခံရတာရှိသလို ကျောက်ဝိုင်းမှာလည်းပေါက်ကွဲတာတွေရှိခဲ့ပါတယ်။

သတင်း

ဖမ်းမိသူ ၁၆ ဦးထဲမှာ မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်ထဲက ကျောင်းထိုင်ဆရာတော် ၁ ပါးကိုပါ လူဝတ်လဲပြီး စစ်ကောင်စီက ဖမ်းဆီးထားတာတွေ့ရပါတယ်။

သတင်း

အခင်းဖြစ်တဲ့ဆိုင်ဟာ ပြည်ကြီးတံခွန်မြို့နယ် ၊ဇ ရပ်ကွက် ၊ ၁၃၃ လမ်း၊ ၆၀ ( D ) လမ်းနဲ့ ၆၀ (E) လမ်းကြားမှာရှိတဲ့ Bar Mega စားသောက်ဆိုင်ဖြစ်ပါတယ်။