Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ခရိုင်ရှိ ထောမူပလယ်မဲ တပ်စခန်းအား KNUတပ်မဟာ(၅) ခြုံခိုတိုက်ခိုက်၊ စစ်ကောင်စီတပ် သုံးဦးသေ

ယင်းနေ့ နံနက်အစောပိုင်းကလည်း မြေနီကုန်းနှင့် ကူးဆိပ်အကြားရှိ အကြမ်းဖက်စစ်ကောင်စီတပ်အား တစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် လူသောမြို့နယ်ရှိ ထော်မူပလယ်မဲ စစ်ကောင်စီတပ်စခန်းအား ဒီဇင်ဘာ ၂၁ရက် နံနက်က ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်ဏီတပ်မှ သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၁ရက်က တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ် တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ရာ နံနက် ၉နာရီခွဲတွင်လည်း ထော်မူပလယ်မဲ့ စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၂၁ရက် နံနက် ၁၀နာရီကျော်အချိန်တွင် လူနာပြန်လည်ပို့ဆောင်နေ့သည့် စစ်ကောင်စီ တပ်အား ဒွယ်လိုးမြို့နယ်အတွင်းရှိ ထီးဂေလေါ်နှင့် မြေနီကုန်းအကြား၌ ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးအခြေအနေ မသိရသေးကြောင်း ဖော်ပြသည်။

ယင်းနေ့ နံနက်အစောပိုင်းကလည်း မြေနီကုန်းနှင့် ကူးဆိပ်အကြားရှိ အကြမ်းဖက်စစ်ကောင်စီတပ်အား တစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မွန်းလွဲပိုင်း၌ ဘူးသိုမြို့နယ်ရှိ ကောကာ့ထာ့ဒေသတွင် စစ်ကောင်စီတပ်ကို တပ်မဟာ(၅)က ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း KNLAတပ်မဟာ(၅)ရဲဘော်များ ထိခိုက်ကျဆုံးမှုမရှိဟု အသိပေးထားသည်။

တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်စခန်းနှင့် စစ်ကြောင်းများကို KNUတပ်မဟာ(၅) တပ်ဖွဲ့ဝင်များက ပြောက်ကျားနည်းဖြင့် တိုက်ခိုက်မှုများနေ့စဉ်လုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

You May Also Like

သတင်း

ပလမြို့မှ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှာ ပုလောမြို့နယ် မြိတ်ခရိုင်တပ်ရင်း (၁ )လက်အာက်မှ တပ်ဖွဲ့ဖြစ်​ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁) တာဝန်ရှိသူကပြောသည်။

သတင်း

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်နိုင်ဖွယ်ရှိပြီး အဖွဲ့သားများ အားလုံး ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း FLA အဖွဲ့က ဆိုသည်။

သတင်း

တိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်အချို့ရှိပြီးစစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေဆဲဟု ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

သတင်း

ဒီဇင်ဘာ ၂၂ရက်တွင် ကျရောက်မည့် ကရင့်နှစ်သစ်ကူးနေ့ သို့ သဝဏ်လွှာပေးပို့ရာ၌ အထပ်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။