Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်တွင် စစ်ကားဖြတ်သန်းရန် ကင်းပုန်းလာဝပ်သည့် စစ်အုပ်စုမိုင်းထိ

စစ်ဆင်ရေးနှင့်ပတ်သက်၍ စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထို့အပြင် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မြိုင်တွင် စစ်ကားဖြတ်သန်းရန် ကင်းပုန်းလာဝပ်သည့် စစ်အုပ်စုမိုင်းထိ
မြိုင်တွင် စစ်ကားဖြတ်သန်းရန် ကင်းပုန်းလာဝပ်သည့် စစ်အုပ်စုမိုင်းထိ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီးကျေးရွာနှင့် ရဲစခန်းကြား ယာဥ်တန်း ဖြတ်သန်းရန် ကြိုတင်ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ဖွဲ့အား မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦး သေဆုံးကြောင်း စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၆ ရက်) နံနက် ၁၀နာရီခန့်က မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ ပျူစောထီးစခန်းနှင့် ကိုင်းတောမနယ်‌မြေရဲစခန်းကြား စစ်ကောင်စီ ယာဉ်တန်းဖြတ်သန်းရန်အတွက် ကင်းပုန်းဝပ်ရန် ခြေလျင်ထွက်လာသော ၁၀ဦးခန့်ပါ စစ်ကောင်စီတပ်၏ ရှေ့‌ပြေးအဖွဲ့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

အဆိုပါ အဖွဲ့အား ရှေ့ထွက်မိုင်း၊ ရှေ့ထွက်‌ပြောင်းတိုက် (၁၈)လုံးကို မိုင်းပွိုင့် (၉)နေရာခွဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးပွဲချင်းပြီး သေဆုံးပြီး ကျန်စစ်ကောင်စီတ​ပ်သားများ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသ​ည်။

စစ်ဆင်ရေးနှင့်ပတ်သက်၍ စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထို့အပြင် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)၏ တပ်ခွဲ(၄) စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် တပ်ခွဲ(၁)၊မုန်တိုင်းတပ်ဖွဲ့၊ အပြုံးမပျက်တဲ့ဂတုံးတပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဇန်နဝါရီ ၅ ရက် ညနေကလည်း မြိုင်(ပကဖ)အဖွဲ့များသည် ‌မြိုင်မြို့အဝင် မြောက်ဘက်နှင့် အနောက်ဘက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များအား လက်နက်ကြီးလက်နက်ငယ်များဖြင့် တပြိုင်နက် တိုက်ခို​က်ခဲ့ရာ စစ်သားနှင့်ရဲ ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိသွားပြီး ခုနစ်ဦးအနက် နှစ်ဦးသေဆုံးကြောင်း မြိုင်(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

You May Also Like

သတင်း

အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားပြီးနောက် ကျည်မလုံလောက်မှု၊ စစ်ကောင်စီတပ်၏ အင်အားအများအပြားဖြင့် ဝိုင်းပစ်ခတ်မှုကြောင့် သေဆုံးစစ်ကောင်စီတပ်သားများထံမှ လက်နက်ကောက်ယူနိုင်ခဲ့ခြင်း မရှိကြောင်း Black Wolf PDF အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

အဲဒီစာရင်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့အထိဖြစ်တယ်လို့သိရပါတယ်။

သတင်း

ယမန်နေ့(ဇန်နဝါရီလ ၁ ရက်) ည ၁၁နာရီခွဲခန့်က ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်ချရာ စုပေါင်းရုံး၊ မီးသတ်ရုံးနှင့် ရဲစခန်းများကို မဟာမိတ်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၁နာရီခန့်က ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာ၊ ပျူစောထီးစခန်းသို့ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။