Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုနယ် ရွာသာရွာမှကင်းလှည့်ထွက်လာသော စစ်အုပ်စုကို PDF နှစ်ဖွဲ့ တိုက်ခိုက်

အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားပြီးနောက် ကျည်မလုံလောက်မှု၊ စစ်ကောင်စီတပ်၏ အင်အားအများအပြားဖြင့် ဝိုင်းပစ်ခတ်မှုကြောင့် သေဆုံးစစ်ကောင်စီတပ်သားများထံမှ လက်နက်ကောက်ယူနိုင်ခဲ့ခြင်း မရှိကြောင်း Black Wolf PDF အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် Black Wolf PDF ရဲဘော်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Black Wolf PDF
စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် Black Wolf PDF ရဲဘော်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Black Wolf PDF

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ရွာသာကျေးရွာမှ ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား အလစ်ဝင်တိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း Black Wolf PDF အဖွဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့(ဇန်နဝါရီ ၇ရက်) မွန်းလွဲ ၂ နာရီခွဲခန့်က ရွာသာကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများ ကင်းလှည့်ထွက်လာကြောင်း သတင်းရ၍ ရွှေဘိုမြို့တိုက်နယ် (၅) ပကဖနှင့် ပူးပေါင်းကာ အလစ်အငိုက် အနီးကပ်တိုက်ခိုက်ခဲ့ကြောင်း Black Wolf PDF အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးသည်ဟု ဆိုသည်။ စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement
Public Service Announcement

အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားပြီးနောက် ကျည်မလုံလောက်မှု၊ စစ်ကောင်စီတပ်၏ အင်အားအများအပြားဖြင့် ဝိုင်းပစ်ခတ်မှုကြောင့် သေဆုံးစစ်ကောင်စီတပ်သားများထံမှ လက်နက်ကောက်ယူနိုင်ခဲ့ခြင်း မရှိကြောင်း Black Wolf PDF အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့ဘက်က ၁၃ဦးပါတယ်။ ကျန်တဲ့စစ်သားတွေက သေတဲ့စစ်သားတွေဆွဲပြီး တရစပ်ပစ်သွားတယ်။”ဟု အထက်ပါ တာဝန်ခံက ပြောသည်။

သို့သော် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Black Wolf PDF က အသိပေးသည်။

ရွှေဘိုမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်ကလည်း ပလိုင်းကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူများအား လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့နှင့် PDFများက နှစ်ကြိမ် တိုက်ခိုက်ခဲ့သေးသည်။

You May Also Like

သတင်း

"ရဲ ၃ ယောက်ကျဆုံးပြီး G3 လက်နက် ၂ လက်ရယူနိုင်ခဲ့ပြီး စခန်းအားမီးရှို့နိုင်ခဲ့ပါတယ်"ဟု ရန်ကုန်စစ်ဒေသခွဲမှ တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကောင်စီအား ဆက်လက်တိုက်ခိုက်ရန် ရန်ပုံငွေလိုအပ်နေ၍ ပါဝင်ကူ​ညီပေးကြရန် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

သတင်း

ဇန်နဝါရီလ ၅ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအဖွဲ့မှ စစ်ကြောင်းမှုးအပါအဝင် ရှစ်ဦး၊ ဇန်နဝါရီ ၆ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်ကနှစ်ဦး၊ စုစုပေါင်း ဆယ်ဦးသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

သတင်း

စစ်ဆင်ရေးနှင့်ပတ်သက်၍ စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထို့အပြင် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။