Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှု CNA ရဲဘော် ငါးဦးကျဆုံး၊ ဒဏ်ရာရသူ ၁၀ဦးခန့်ရှိ

ယခုလေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့်ပတ် သက်ပြီး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဓာတ်ပုံ - The Chin Journal၊ CJ
ဓာတ်ပုံ - The Chin Journal၊ CJ

▪️စစ်ကောင်စီ မိုက်ရိုင်းလေလေ စစ်ရေးအရှိန် ပိုမြှင့်လေလေဖြစ်မည်ဟု ချင်းတပ်ဖွဲ့တာဝန်ရှိသူပြော

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ဌာနချုပ်အား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ CNA၏ အမျိုးသမီးရဲဘော် နှစ်ဦးအပါအဝင် ရဲဘော် ငါးဦးကျဆုံးခဲ့ကြောင်း ချင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

CNF ဌာနချုပ်နှင့် ချင်းတပ်ပေါင်းစု ချင်းပြည် ကာကွယ်ရေးပူးပေါင်းကော်မတီ(CJDC)ဌာနချုပ် တည်ရှိရာ ချင်းပြည်နယ် ထန်တလန်မြို့နယ်ကို စစ်ကောင်စီက ဇန်နဝါရီ ၁၀ရက် ညနေပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“CNA ရဲဘော် ၅ဦး ကျတယ်။ ရဲမေ ၂ဦး ပါတာပေါ့။ ထိခိုက်ဒဏ်ရာကတော့ ဆယ်ဂဏန်းရှိတယ် ပြောတယ်။ နေအိမ်တွေပျက်စီးကုန်တယ်”ဟု ချင်းတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် မြေပြင်တိုက်ပွဲများ၌ အထိနာ၍ လေကြောင်းမှ တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“စစ်ကောင်စီက မြေပြင်မှာ အင်အားချင်းမယှဉ်နိုင်လို့ လေကြောင်းကို အားကိုးနေတာလို့ပဲ ပြောချင်တယ်။ ကျနော်တို့ ချင်းလူမျိုးတွေ အတွက် ဘယ်တော့မှ မေ့ပစ်မသွားမယ့် ဖြစ်ရပ်။ ဒါကြောင့် သူက မိုက်ရိုင်းလေလေ ကျနော်တို့ကတော့ စစ်ရေး အရှိန်ပိုမြှင့်လေလေပဲဖြစ်မှာပါ”ဟု ချင်းတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုလေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့်ပတ် သက်ပြီး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်၏တိုက်လေယာဉ်များ ထပ်မံလာရောက်တိုက်ခိုက်နိုင်သည်ဟု သတင်းများလည်း ရရှိထားကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်မည်ဟုယမန်နှစ်က သတင်းလွှင့်ပြီးနောက်ယနေ့ညနေပိုင်းတွင်လေကြောင်းကတိုက်ခိုက်နေခြင်းဖြစ်သည်။

သတင်း

ချင်းပြည်ကာကွယ်ရန်အတွက် ချင်းလူမျိုးတိုင်းတွင် တာဝန်ရှိသည့်အလျောက် မိမိတို့ ပခုံးပေါ် ကျရောက်လာသည့် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာ ထမ်းရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇန်ဝါရီ ၁ ရက်နှင့် ယနေ့ ဇန်နဝါရီလ(၂)ရက်အချိန်ထိ လေယာဉ်ဖြင့် (၇)ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲသည် ပိုမိုပြင်းထန်လျက်ရှိကာ ထိခိုက်ကျဆုံးသတင်းများအား အတည်ပြုဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။