Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုမှာ လူမဆန် သောလုပ်ရပ်ဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီပြော

ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)ဌာနချုပ်ကို စစ်ကောင်စီတပ်က ယမန်နေ့ ညနေတွင် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)ဌာနချုပ်ကို စစ်ကောင်စီတပ်က ယမန်နေ့ ညနေတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် ပေါက်ကွဲသည့်နေရာအား တွေ့ရစဉ်)
(ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)ဌာနချုပ်ကို စစ်ကောင်စီတပ်က ယမန်နေ့ ညနေတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် ပေါက်ကွဲသည့်နေရာအား တွေ့ရစဉ်)

▪️ ချင်းလူမျိုးများအနေဖြင့် စစ်ကောင်စီ၏ ဖိနှိပ်တိုက်ခိုက်မှုများကို တွန်းလှန်ခုခံသွားမည်ဟု အသိပေး

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုမှာ လူမဆန် သောလုပ်ရပ်ဖြစ်ပြီး တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားနှင့် လိုလားချက် များကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုကာ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေမရှာလိုသော စစ်ကောင်စီ၏ သဘောထားအမှန်ကို အတိအလင်း ဖော်ပြချက်ဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ၁၀ရက်) ညနေ ၄ နာရီခွဲတွင် ချင်းအမျိုးသားတပ်ဦးဌာနချုပ်တည်ရှိရာ Camp Victoria စခန်းကို စစ်ကောင်စီက တိုက်လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဥ်အပေါ် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ -ICNCCက ပြစ်တင်ရှုတ်ချရာ၌ အထက်ပါအတိုင်းဖော်ပြထားသည်။

(ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)ဌာနချုပ်ကို စစ်ကောင်စီတပ်က ယမန်နေ့ ညနေတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် ပေါက်ကွဲသည့်နေရာအား တွေ့ရစဉ်)
(ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)ဌာနချုပ်ကို စစ်ကောင်စီတပ်က ယမန်နေ့ ညနေတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် ပေါက်ကွဲသည့်နေရာအား တွေ့ရစဉ်)

“တိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတပ်ဦးတပ် ဖွဲ့ဝင် ငါးဦးကျဆုံးခဲ့ရသည်။ ကြဲချသော ဗုံးများအနက်တစ်လုံးသည် အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း သိရှိရသည်။ စစ်ကောင်စီ၏ ဤလုပ်ရပ်အား မိမိတို့ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီအနေဖြင့် ပြင်းထန်စွာ ရှုံ့ချသည်” ဟု ICNCCက ထုတ်ပြန်သည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုသည် လူမဆန်သောလုပ်ရပ်ဖြစ်သည်သာမက၊ နိုင်ငံတော် အာဏာကို စစ်တပ်က မတရားလုယူပြီးနောက်ပိုင်းဖြစ်ပေါ်လာသော ချင်းလူမျိုးများအပါအဝင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားနှင့် လိုလားချက်များကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုကာ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေ မရှာလိုသော စစ်ကောင်စီ၏ သဘောထားအမှန်ကို အတိအလင်း ဖော်ပြချက် လည်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ်များကြောင့် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုသည့် ချင်းလူမျိုးများ၏ နာကြည်းမှုနှင့် သန္နိဋ္ဌာန်ကို ပိုမိုအားသစ်လောင်းပေးရာရောက်ပြီး ချင်းလူမျိုးများအနေဖြင့် စစ်ကောင်စီ၏ ဖိနှိပ်တိုက်ခိုက်မှုများကို ဆက်၍ တွန်းလှန်ခုခံသွားမည်သာဖြစ်သည်ဟု အသိပေးထားသည်။

ချင်းပြည်သူလူထုကိုလည်း ICNCCက အောက်ပါအတိုင်း တိုက်တွန်းထားသည်။

“ယခုအချိန်သည် မိမိတို့ချင်းလူမျိုးတို့၏သမိုင်း ၌ အလွန်အရေးကြီးသည့်အချိန်ကာလဖြစ်ရာ မိမိတို့ချင်းပြည်သူများနှင့် ချင်းတော်လှန်ရေးအင် အားစုအသီးသီး အနေဖြင့် စည်းလုံးညီညွတ်စွာ အချင်းချင်း လက်တွဲမဖြုတ်စတမ်း ဘုံရည်မှန်းချက်ပန်းတိုင်ရောက်ရှိသည်အထိ ရရာနည်းလမ်းမျိုးစုံဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားကြရန်အလေးအနက် တိုက်တွန်း နိုးဆော် အပ်ပါသည်” ဟု ထုတ်ပြန်ထားသည်။

ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)ဌာနချုပ်ကို စစ်ကောင်စီတပ်က ယမန်နေ့ ညနေတွင် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တံတားဦး​လေတပ်မှYAL-130 တိုက်​လေယာဥ် ငါးစီးသည် အ​ရှေ့​မြောက်အရပ်သို့ အ​ယောင်ပြပျံသန်းပြီးမှ ချင်းပြည်နယ်ကိုသွား​ရောက်ဗုံးကြဲခဲ့ခြင်းဟု တပ်တွင်းသတင်းရင်းမြစ်အချို့က မီဓီယာအချို့ထံ အသိပေးထားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်၏တိုက်လေယာဉ်များ ထပ်မံလာရောက်တိုက်ခိုက်နိုင်သည်ဟု သတင်းများလည်း ရရှိထားကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်မည်ဟုယမန်နှစ်က သတင်းလွှင့်ပြီးနောက်ယနေ့ညနေပိုင်းတွင်လေကြောင်းကတိုက်ခိုက်နေခြင်းဖြစ်သည်။

သတင်း

ဇန်နဝါရီ ၇ရက် နံနက် ၁၀နာရီ ၁၀မိနစ်ခန့်တွင် စစ်ကော်စီတပ်က တိုက်လေယာဉ် နှစ်စီးဖြင့် ဒေဘိုးနိုဒေသအတွင်း ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်က ဂျက်လေယာဉ်အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပေ။