Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ်တွင် ပျူအသွင်ယူနေသူကကင်းတာဝန်ကျချိန်လက်နက်ယူဆောင်ကာပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံအပ်နှံ

လက်နက်အပ်ခဲ့သည့် မောင်မင်းမင်းစိုးအပါ အဝင်မိသားစုဝင်များကို ဘေးကင်းလုံးခြုံစွာ စောင့်ရှောက်ကူညီပေးထားကြောင်းလည်း အသိပေးသည်။

ရွှေဘိုမြို့နယ်တွင် ပျူအသွင်ယူနေသူကကင်းတာဝန်ကျချိန်လက်နက်ယူဆောင်ကာပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံအပ်နှံ
ရွှေဘိုမြို့နယ်တွင် ပျူအသွင်ယူနေသူကကင်းတာဝန်ကျချိန်လက်နက်ယူဆောင်ကာပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံအပ်နှံ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၌ ပျူစောထီးအသွင်ယူဆောင်နေသူတစ်ဦးက စစ်ကောင်စီတပ်နှင့် ပျူစောထီးများနှင့်အတူ ကင်းတာဝန်ကျချိန်တွင် လက်နက်ယူဆောင်ကာ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း C&T SHWE BOက ယနေ့(ဇန်နဝါရီ ၁၁ ရက်) ထုတ်ပြန်သည်။

ရွှေဘိုခရိုင် ရွှေဘိုမြိုနယ် သီလုံးကျေးရွာ၌ စစ်အုပ်စုက ကျေးရွာနေ ပြည်သူများကို အနိုင်ကျင့်နေသောကြောင့် ယခုလက်နက်လာရောက်အပ်နှံခဲ့သည့် မောင်မင်းမင်းစိုး၏မိသားစုဝင် ခုနစ်ဦးအားဦးစွာ ကယ်ထုတ်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် စစ်ကောင်စီ၊ပျူစောထီးများနှင့် တာဝန်ကျချိန်တွင် ကာကွယ်ရေးအဖွဲ့နှင့် ချိတ်ဆက်ပြီး လက်နက်ယူ‌ဆောင်ကာ ပ.လ.ဖ ဒုတာဝန်ခံ၊ C&T SHWE BO.အဖွဲ့ထံသို့ လက်နက်အပ်ခဲ့ကြောင်း ဖော်ပြသည်။ ၎င်းသည် ပျူစောထီးအသွင်းယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ သတင်းပေးနေဟု ဆိုသည်။

“အတွင်းသတင်းယူပြီး တော်လှန်ရေးအင်အားစုဆီသို့ သတင်းပေးပို့နေထိုင်နေတာ။လုံခြုံမှုမရှိတော့တာကြောင့် တော်လှန်ရေးအင်အားစုကို အသိပေးလာတဲ့အတွက် မိသားစုဝင် ခုနစ်ဦးအား အရင်ကယ်ထုတ်ခဲ့တယ်”ဟု C&T SHWE BO က ပြောသည်။

လက်နက်အပ်ခဲ့သည့် မောင်မင်းမင်းစိုးအပါ အဝင်မိသားစုဝင်များကို ဘေးကင်းလုံးခြုံစွာ စောင့်ရှောက်ကူညီပေးထားကြောင်းလည်း အသိပေးသည်။

You May Also Like

သတင်း

တပ်သား မျိုးသက်ပိုင်သည် မင်းတပ်အခြေစိုက် အခြေစိုက် ခလရ(၂၇၄)တပ်မှ ထွက်ပြေးလာပြီး ၂၀၂၂ ဒီဇင်ဘာ ၁၅ရက်တွင် မင်းတပ် CDFထံ လက်နက်နှင့်အတူ အလင်းဝင်လာခြင်းဖြစ်သည်။

သတင်း

မြင်းခြံမြို့နယ်တွင် ယခင်လပိုင်းအတွင်းကလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထံ PDF အဖွဲ့က ယူနီဖောင်းဖြင့် သွားရောက်ပြီး လက်နက်များသိမ်းဆည်းခဲ့သေးသည်။

သတင်း

ယမန်နေ့(ဒီဇင်ဘာ၂၆ ရက်) နံနက် ၁၁နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ရွာသာကျေးရွာရှိ ပျူစောထီးများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ၁၀ဦးထက် မနည်း ပြင်းထန်ဒဏ်ရာရရှိကြောင်း SBFA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ်က အစိုးရ၏တစ်နှစ်စီမံချက် (စစ်အာဏာရှင် ဖြုတ်ချရေးဘက်ပေါင်းစုံမှ ထိုးစစ်ဆင်မည့်စီမံချက်)အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းပြခဲ့သည်ဟု ဆိုသည်။